Friday, July 12, 2019

ဂျပန်-တောင်ကိုရီးယားကုန်သွယ်ရေးအငြင်းပွားမှုက ကမ္ဘာ့နည်းပညာဈေးကွက်ကို ခြိမ်းခြောက်လာ

ဂျပန်နှင့် သံတမန်ရေးအငြင်းပွားမှုကြောင့် တောင်ကိုရီးယား၏ နည်းပညာ ကုန်ပစ္စည်းထုတ်လုပ်မှုဈေးကွက်ကို ခြိမ်းခြောက်လာနေပြီး ကမ္ဘာ့နည်းပညာဈေးကွက်တွင် ကမောက်ကမဖြစ်မှုများနှင့် စားသုံးသူများအတွက် ဈေးနှုန်းမြင့်တက်မှုများ ဖြစ်လာနိုင်ကြောင်း လေ့လာသုံးသပ်သူများက သတိပေးခဲ့သည်။ေ တာင်ကိုရီးယား၏ ကမ္ဘာ့ရှေ့ဆောင် ချစ်ပ်ထုတ်လုပ်ရေးနှင့် စမတ်ဖုန်းထုတ်လုပ်ရေး လုပ်ငန်းတို့အတွက် အသက်သွေးကြောဖြစ်သော ဓာတုပစ္စည်းသုံးမျိုး တင်ပို့မှုကို ကန့်ကွက်သွားမည်ဖြစ်ကြောင်း ဂျပန်က ပြီးခဲ့သည့် သီတင်းပတ်တွင် ကြေညာခဲ့သည်။ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်၏ အတင်းအကျပ် စေခိုင်းမှုဆိုင်ရာ အငြင်းပွားမှုနှင့် ပတ်သက်ပြီး လက်တုံ့ပြန်သည့်အနေနှင့် ဂျပန်က တောင်ကိုရီးယားကို ကုန်သွယ်ရေး ခြိမ်းခြောက်မှု ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။


တောင်ကိုရီးယားနှင့် ဂျပန်တို့အကြား ထိုအငြင်းပွားနေမှုသည် မကြာခင်ကာလအတွင်း ပြီးဆုံးဖွယ်မရှိသေးကြောင်း လေ့လာသုံးသပ်သူများက ခန့်မှန်းခဲ့သည်။ “ဒီအခြေအနေ ဆက်ဖြစ်နေမယ်ဆိုရင် ထုတ်လုပ်မှုတွေ ကျဆင်းလာနိုင်ပြီး မှတ်ဉာဏ်ချစ်ပ်ပြားဈေးတွေ မြင့်တက်လာနိုင်ပါတယ်” ဟု တိုင်ပေအခြေစိုက်ဈေးကွက် သုတေသနလုပ်ငန်း TrendForce မှ အကြီးတန်းသုသေတနဒါရိုက်တာ အဗရေဝူးက ပြောကြားခဲ့သည်။

တောင်ကိုရီးယားသည် ကုန်ပစ္စည်း လက်ကျန်များရှိထားသော်လည်း သုံးလအတွင်း ပစ္စည်းပြတ်လတ်သွားနိုင်ကြောင်း ゞင်းက ပြောကြားခဲ့သည်။ တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်းက ထိုအခြေအနေကို မကြုံစဖူးအရေးပေါ်အခြေအနေဟု သတ်မှတ်ခဲ့ပြီး စီးပွားရေးခေါင်းဆောင်များအား အကျပ်အတည်းအတွက် အစွမ်းကုန်ပြင်ဆင်ထားရန် ပြောကြားခဲ့သည်။

တောင်ကိုရီးယားကုမ္ပဏီများ အခက်အခဲကျော်လွှားရေးအတွက် ထပ်ဆောင်းဘတ်ဂျက် ဒေါ်လာသန်း ၂၅၀ ကို အစိုးရက တောင်းဆိုခဲ့သည်။ ယခုအချိန်အထိ ဂျပန်က စေ့စပ်ညှိနှိုင်းရန် ငြင်းဆန်ထားသည့်အတွက် Samsung Electronics နှင့် SK Hynix တို့အတွက် အလားအလာဆိုးရွားနေသည်။ ထိုကုမ္ပဏီနှစ်ခုသည် Apple ၊ Huawei နှင့် Amazon တို့ကို ကုန်ပစ္စည်းများ ပေးသွင်းနေသည့် လုပ်ငန်းကြီးများဖြစ်သည်။ ထို့ပြင် ထိုကုမ္ပဏီနှစ်ခု၏ ချစ်ပ်ထုတ်လုပ်မှုသည် ကမ္ဘာ့ချစ်ပ်ဈေးကွက်၏ သုံးပုံနှစ်ပုံနီးပါးရှိကြောင်း ဆိုးလ်အခြေစိုက် Hana Institute of Finance က ပြောကြားခဲ့သည်။

တောင်ကိုရီးယားသည် ကမ္ဘာ့ချစ်ပ်ထုတ်လုပ်မှုတွင် ရှေ့ဆောင်ဖြစ်ပြီး ဂျပန်က ချစ်ပ်ထုတ်လုပ်ရေးအတွက် အဓိကပစ္စည်းများ ထုတ်လုပ်သည့် ဦးဆောင်နိုင်ငံဖြစ်ကြောင်း ကိုရီးယားတစ်ပိုင်းလျှပ်စစ်ကူး ပစ္စည်းထုတ်လုပ်ရေးအသင်း ဒုဥက္ကဋ္ဌဌ အမ်ကီဟွန်းက ပြောကြားခဲ့သည်။ တစ်ပိုင်းလျှပ်ကူးပစ္စည်း ထုတ်လုပ်ရေးလုပ်ငန်းတွင် လိုအပ်သော ဓာတုပစ္စည်းပမာဏကြောင့် ဂျပန်ကိုကျော်၍ လိုအပ်သော ပစ္စည်းပမာဏကို ချစ်ပ်ထုတ်လုပ်ရေးကုမ္ပဏီများက ရှာ၍ရ နိုင်ဖွယ်မရှိကြောင်း IHS Markit မှ တစ်ပိုင်း လျှပ်ကူးသုသေတန အမှုဆောင်ဒါရိုက်တာ လန်ရယ်လီနစ်က ပြောကြားခဲ့သည်။

ဓာတုပစ္စည်းသုံးမျိုးနှင့် ထုတ်လုပ်မှုနည်းပညာများအား လွှဲပြောင်းမှုကို ဂျပန်က ကန့်သတ်ခဲ့သောကြောင့် ပို့ကုန်တင်ပို့သူများသည် တောင်ကိုရီးယားသို့ တင်ပို့မည့် ပစ္စည်းများအတွက် ခွင့်ပြုချက် လျှောက်ထားရန် လိုအပ်မည်ဖြစ်သည်။ထိုလုပ်ငန်းစဉ်က ရက် ၉၀ အထိ ကြာမြင့်နိုင်သည်။

ဂျပန်က ပိတ်ပင်ခဲ့သော ဓာတုပစ္စည်းများအနက် နှစ်မျိုးသည် ဟိုက်ဒရိုဂျင်ဖလူ အိုရိုက်ဂက်စ်နှင့် ဖိုတိုရီဆစ်တို့ ပါဝင်ပြီး ထိုပစ္စည်းနှစ်မျိုးသည် မှတ်ဉာဏ်ချပ်စ်ပြားများ ထုတ်လုပ်ရာတွင် မရှိမဖြစ်ပစ္စည်း ဖြစ်သည်။ ထို့ပြင် စမတ်ဖုန်းမျက်နှာပြင်များနှင့် ရုပ်သံမျက်နှာပြင်များအတွက် အသုံးပြုရသည့် ဖလူအိုရီနိတ်တက်ပိုလီအီမိုက် ဓာတုပစ္စည်းကိုလည်း ဂျပန်က တောင်ကိုရီးယားသို့ တင်ပို့ခွင့် ပိတ်ပင်ခဲ့သည်။   

No comments:

Post a Comment