Friday, July 12, 2019

တိုင်းနှင့်ပြည်နယ်လေးခုတွင် မီးဖွားပြီးမိခင်သေဆုံးမှုနှုန်း စိုးရိမ်ဖွယ်မြင့်တက်နေဟု ကုလဌာနေညှိနှိုင်းရေးမှူးပြော

တိုင်းနှင့်ပြည်နယ်လေး ခုတွင် ကလေးမီးဖွားပြီးမိခင်သေ ဆုံးမှုနှုန်းစိုးရိမ်ဖွယ်မြင့်မားနေ ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူး နှင့် လူသားချင်းစာနာထောက် ထားမှုဆိုင်ရာညှိနှိုင်းရေးမှူး မစ္စ တာခနုသ်အာစဘီက ထုတ်ဖော် ပြောကြားသည်။ ဇူလိုင် ၁၁ ရက်က နေပြည် တော်တွင် ပြုလုပ်သည့်ကမ္ဘာ့လူ ဦးရေနေ့ အခမ်းအနားမိန့်ခွန်း၌ ကလေးမွေးဖွားပြီး မိခင်သေဆုံး မှုနှုန်းမြင့်မားသည့် တိုင်းနှင့် ပြည်နယ်အချို့ကို ပြောကြားရာ တွင် ချင်းပြည်နယ်၊ ဧရာဝတီ တိုင်း၊ မကွေးတိုင်းနှင့် ပဲခူးတိုင်း တို့ကို မစ္စတာခနုသ်အာစဘီက ဥပမာပေးပြောကြားသည်။



ချင်းပြည်နယ်၌ ကလေး ဦးရေတစ်သိန်းတွင် မိခင်သေနှုန်း ၃၅၇ ကြိမ်၊ ဧရာဝတီတိုင်းဒေသ ကြီးတွင် ၃၅၄ ကြိမ်၊ မကွေးတိုင်း ဒေသကြီးတွင် ၃၄၄ ကြိမ်၊ ပဲခူး တိုင်းဒေသကြီးတွင် ၃၁၆ ကြိမ်နှင့် ရခိုင်ပြည်နယ်တွင် ၃၁၄ ကြိမ်ရှိ ကြောင်း ၎င်းကပြောသည်။

ကျေးလက်နှင့်မြို့ပြကြား မိခင်သေဆုံးမှုနှုန်းကွာဟမှုလည်း မြင့်မားနေကာမြို့ပြတွင် ကလေး ဦးရေတစ်သိန်းအရှင်မွေးဖွားမှု၌ မိခင်သေဆုံးမှု ၁၉၃ ကြိမ်ရှိကာ ကျေးလက်တွင် သေဆုံးမှုအကြိမ် ၃၁၀ ရှိကြောင်းလည်း ၎င်းကမိန့် ခွန်းတွင် ထည့်သွင်းပြောကြား သည်။

‘‘မြန်မာနိုင်ငံအနေနဲ့ ၂၀၃၀ ပြည့်နှစ်မှာ မိခင်သေဆုံးနှုန်းအရှင် မွေးတစ်သိန်းမှာ ၇၀ အောက် လျော့နည်းရေးဆိုတဲ့ကမ္ဘာလုံး ဆိုင်ရာ SDG ရည်မှန်းချက်ပြည့်မီ ရေးအတွက် စုပေါင်းကြိုးပမ်းအား ထုတ်ကြဖို့ အားပေးတိုက်တွန်းလို ပါတယ်’’ ဟုလည်း မစ္စတာခနုသ် အာစဘီက ပြောသည်။

သို့သော် ၁၉၉၀ ကစ၍ ၂၄ နှစ်အတွင်း မိခင်သေဆုံးမှုနှုန်း ညွှန်းကိန်းအချို့တွင် အောင်မြင် တိုးတက်မှုရှိသည်ကိုမူ သတိပြု မိကြောင်းလည်း ၎င်းကထည့် သွင်းပြောကြားသည်။

၂၀၁၅-၁၆ တွင်ကောက်ယူ သော မြန်မာနိုင်ငံလူမှုဘ၀နှင့် ကျန်းမာရေးဆိုင်ရာအခြေခံအ ချက်အလက်စစ်တမ်းအရ အရှင် မွေးသည့်ကလေးတစ်သိန်းတွင် မိခင်သေဆုံးမှု ၁၇၈ ဦးအထိကျ ဆင်းသော်လည်း ကိုယ်ဝန်ဆောင် မိခင်သေဆုံးမှုနှုန်း မြင့်မားနေဆဲ ဖြစ်သည်ဟု ဒုသမ္မတဦးမြင့်ဆွေ က ယမန်နေ့အခမ်းအနား မိန့်ခွန်း တွင်ပြောကြားသည်။

‘‘မြန်မာနိုင်ငံအနေနဲ့ ICDP စတင်ကတည်းက ပါဝင်လက် မှတ်ရေးထိုးခဲ့တာကြောင့် ICDP ရဲ့ လုပ်ငန်းလမ်းညွှန်ချက်တွေကို အလေးထားအကောင်အထည် ဖော်ဆောင်ရွက်ခဲ့ပါတယ်။ကျန်း မာရေးနဲ့အားကစားဝန်ကြီးဌာန အနေနဲ့ ဖွံ့ဖြိုးမှုပန်းတိုင်များကို ပြည့်မီအောင် ဦးတည်ချက်ထား ဆောင်ရွက်လျက်ရှိရာမှာ မိခင် သေဆုံးမှုလျော့ကျရေးကိုလည်း အဓိကထားပြီး အလေးပေး ဆောင်ရွက်လျက်ရှိပါတယ်’’ ဟု ဒုသမ္မတကပြောသည်။

ယခုနှစ် ကမ္ဘာ့လူဦးရေနေ့ ဆောင်ပုဒ်မှာ ‘ကတိက၀တ်များ ကို အရှိန်အဟုန်မြှင့်ဖြည့်ဆည်း လို့ ၂၅ နှစ်မြောက် ICDP ကို ဂုဏ်ပြုစို့’ ဟူ၍ဖြစ်သည်။

လူဦးရေနှင့် ဖွံ့ဖြိုးတိုးတက် မှုဆိုင်ရာနိုင်ငံတကာညီလာခံ (ICDP)တွင် ၂၅ နှစ်ကြာပါဝင် လက်တွဲနေသည့် မြန်မာနိုင်ငံအ နေဖြင့် မြန်မာနိုင်ငံတွင်းရှိ မျိုး ဆက်ပွားကျန်းမာရေးအစီအစဉ် များ အကောင်အထည်ဖော်မှုကို ထပ်မံအရှိန်အဟုန်မြှင့်တင်နိုင် ရန် လိင်ပိုင်းဆိုင်ရာ၊ မျိုးဆက် ပွားကျန်းမာရေးနှင့် ရပိုင်ခွင့်များ အတွက် အမျိုးသားမူဝါဒကို မကြာမီအတည်ပြုလိမ့်မည်ဟု ယုံကြည်ကြောင်း မြန်မာနိုင်ငံ ဆိုင်ရာကုလသမဂ္ဂဌာနေညှိနှိုင်း ရေးမှူးက ပြောကြားသည်။ မြန်မာနိုင်ငံဒေသအချို့တွင် မီးဖွားစဉ်မိခင်သေဆုံးမှုနှုန်းမြင့် မားခြင်းသည် ကိုယ်ဝန်ဆောင် မိခင်များ နေထိုင်ရာဒေသနှင့် ဆေးရုံ၊ ဆေးခန်းအလှမ်းဝေးမှု ကြောင့်လည်း ပါဝင်ကြောင်း ချင်းပြည်နယ်ဒေသခံအချို့က ပြောသည်။

No comments:

Post a Comment