Friday, July 12, 2019

လက်ရွေးစင် အမျိုးသမီး ဘောလုံးအသင်း ပြည်တွင်းခြေစမ်းပွဲနှစ်ပွဲ ယှဉ်ပြိုင်ရန် စီစဉ်

မြန်မာ့လက်ရွေးစင်အ မျိုးသမီးဘောလုံးအသင်းသည် တရုတ်ခြေစမ်းခရီးစဉ် မတိုင်မီ ပြည်တွင်းခြေစမ်းပွဲနှစ်ပွဲ ယှဉ် ပြိုင်ရန်စီစဉ်ထားကြောင်း ဘော လုံးအဖွဲ့ချုပ် တာဝန်ရှိသူတစ်ဦး က ပြောသည်။ အဆိုပါ ခြေစမ်းပွဲနှစ်ပွဲကို ဇူလိုင် ၁၃ ရက်နှင့် ၂၀ ရက်တွင် သုဝဏ္ဏလေ့ကျင့်ရေးကွင်း၌ ယှဉ် ပြိုင်မည်ဖြစ်ပြီး အမျိုးသားလူငယ် အသင်းများနှင့် ခြေစမ်းရန် စီစဉ် နေကြောင်း ၎င်းကပြောသည်။



‘‘အသင်းက တရုတ်မသွား ခင် ပုံစံလေးမပျက်အောင်လို့ ခြေ စမ်းပွဲထပ်ကစားဖို့ စီစဉ်တာပါ။ အမျိုးသမီးအသင်းတွေက လေ့ ကျင့်မှုနားထားတဲ့အတွက် အမျိုး သားလူငယ်အသင်းနဲ့ပဲ ခြေစမ်း ဖြစ်မှာပါ။ အသင်းတွေကတော့ ချိတ်ဆက်နေတုန်းပါ။ ဒီခြေစမ်းပွဲ နှစ်ပွဲကစားပြီးတာနဲ့ တရုတ်ကို ခေါ်သွားဖို့ ကစားသမားလည်း ရွေးချယ်သွားပါမယ်’’ဟု အဖွဲ့ ချုပ်တာဝန်ရှိသူက ဆိုသည်။

မြန်မာ့လက်ရွေးစင် အမျိုး သမီးအသင်းသည် ဇွန်လနောက် ဆုံးပတ်က မော်လမြိုင်နှင့် ထား ၀ယ်မြို့တွင် ပြည်တွင်းခြေစမ်းပွဲ လေးပွဲယှဉ်ပြိုင်ရာ နှစ်ပွဲနိုင်၊ တစ် ပွဲသရေ၊ တစ်ပွဲရှုံးရလဒ်ထွက်ပေါ်ခဲ့သည်။အာဆီယံပြိုင်ပွဲအကြိုပြင် ဆင်နေသည့် မြန်မာ့လက်ရွေးစင်  အမျိုးသမီးအသင်းသည် ဇူလိုင် ၂၅ ရက်တွင် တရုတ်နိုင်ငံသို့ ခြေစမ်းခရီးစဉ် သွားရောက်မည် ဖြစ်သည်။ ၂၀၁၉ အာဆီယံအမျိုးသမီး ချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲကို သြဂုတ် ၁၅ ရက်မှ ၂၇ ရက်အထိ ထိုင်းနိုင်ငံ၌ ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် အုပ်စု (ခ) တွင် ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှားအသင်းတို့နှင့် ကျ ရောက်နေသည်။ အုပ်စု(က)တွင် လက်ရှိချန်ပီယံထိုင်း၊မလေးရှား၊ဖိလစ်ပိုင်၊စင်ကာပူနှင့်တီမောအသင်းတို့ ပါဝင်သည်။

No comments:

Post a Comment