Friday, July 12, 2019

ဗြိတိန်ရေနံတင်သင်္ဘ࿿ောအား သိမ်းယူရန် ကြိုးပမ်းခဲ့ခြင်းမရှိဟု အီရန်ငြင်းဆို

ဟော်မုဇ်ရေလက်ကြားတွင် ဗြိတိန်ရေနံတင်သင်္ဘ࿿ောတစ်စင်းအား ဟန့်တားရန် အီရန်က ကြိုးပမ်းခဲ့ကြောင်း သတင်းများ ထွက်ပေါ်နေမှုကို အီရန်တော်လှန်ရေး အစောင့်တပ်က ဇူလိုင် ၁၁ ရက်တွင် ငြင်းဆန်ခဲ့ကြောင်း ထိုတပ်ဖွဲ့၏ Sepah သတင်းအေဂျင်စီက ထုတ်ပြန်ခဲ့သည်။ ပြီးခဲ့သော ၂၄ နာရီအတွင်း ဗြိတိန်သင်္ဘ࿿ောများအပါအဝင် မည်သည့်ပြည်ပသင်္ဘ࿿ောနှင့်မျှ ထိပ်တိုက်တွေ့မှုမရှိခဲ့ကြောင်း အီရန်တော်လှန်ရေးအစောင့်တပ်က ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ပင်လယ်ကွေ့ရေပြင်တွင် ဗြိတိန်ရေနံ တင်သင်္ဘ࿿ောတစ်စင်း၏ ဖြတ်သန်းမှုအား အီ ရန်ရေယာဉ်သုံးစင်းက ဟန့်တားရန်ကြိုးပမ်းခဲ့ပြီး ဗြိတိန်စစ်သင်္ဘ࿿ော HMS Montrose က ဝင်ရောက်ဟန့်တားခဲ့ရကြောင်း ဗြိတိန်က ထုတ်ပြန်ခဲ့သည်။ အီရန်တော်လှန်ရေး အစောင့်တပ်ကမူ ゞင်းတို့သည် ပြည်ပရေယာဉ်များအား သိမ်းယူရန် ညွှန်ကြားခံရလျှင် ချက်ချင်း၊ အလျင်အမြန်နှင့် ပြတ်ပြတ်သားသား လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။

စီအင်န်အင်န်သတင်းဌာနတွင် ဖော်ပြချက်အရ ဟော်မုဇ်ရေလက်ကြားအား ဖြတ်သန်းနေသည့် ဗြိတိန်ရေနံတင်သင်္ဘ࿿ောအား လမ်းကြောင်းပြောင်းရန်နှင့် တီဟီရန်အနီး ရေပြင်တွင် ရပ်နားရန် အီရန်က ညွှန်ကြားခဲ့ကြောင်း အမေရိကန်တာဝန်ရှိသူနှစ်ဦးကို ကိုးကား၍ ဖော်ပြခဲ့သည်။ ထိုရေနံတင်သင်္ဘ࿿ောအား စောင့်ကြပ်ခေါ်ဆောင်သွားသည့် ဗြိတိန် စစ်သင်္ဘ࿿ော HMS Montrose က အီရန် ရေယာဉ်များအား သေနတ်များဖြင့်ချိန်ရွယ်ခဲ့ပြီး  နောက်ကြောင်းပြန်လှည့်သွားစေရန် လုပ်ဆောင်နိုင်ခဲ့မှုကို အမေရိကန်လေယာဉ် တစ်စင်းက ရိုက်ကူးထားသည့်ဗီဒီယိုတစ်ခုကို စီအင်န်အင်န်က ထုတ်လွှင့်ခဲ့သည်။

စပိန်တောင်ဘက်စွန်းရှိ ဗြိတိန်၏ သေးငယ်သောပြည်ပနယ်နိမိတ်ဖြစ်သည့် ဂျီဘရော်တာကမ်းရိုးတန်းအလွန်၌ ဇူလိုင် ၄ ရက်တွင် ဗြိတိန်က အီရန်ရေနံတင်သင်္ဘ࿿ောတစ်စင်းအား ဖမ်းဆီးခဲ့ပြီးနောက် ယခုကဲ့သို့ဖြစ်စဉ်များ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ ရေနံစည်နှစ်သန်း တင်ဆောင်နိုင်စွမ်းရှိသော အီရန်ရေနံတင်သင်္ဘ࿿ော Grace 1  အား ဗြိတိန်မရိန်း တပ်ဖွဲ့ဝင်များ၏ ထောက်ကူမှုဖြင့် ဂျီဘရော်တာရဲတပ်ဖွဲ့နှင့်အကောက်ခွန်များက ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ ထိုဖမ်းဆီးမှုသည် တရားမဝင် ကြားဖြတ်ဟန့်တားမှုဖြစ်ကြောင်း အီရန်က ကန့်ကွက်ရှုတ်ချခဲ့သော်လည်း ထိုရေနံတင်သင်္ဘ࿿ောသည် ဥရောပသမဂ္ဂ၏ ပိတ်ဆို့အရေးယူထားသော ဆီးရီးယားထံ သွားရောက်မည်ဟု ယူဆရကြောင်း ဂျီဘရော်တာ တာဝန်ရှိသူများက ပြောကြားခဲ့ကြသည်။

ရူးနှမ်းသောလုပ်ရပ်ဖြစ်သည့် ထိုဖမ်းဆီးမှုကြောင့် နောက်ဆက်တွဲများကြုံရမည်ဖြစ်ကြောင်း အီရန်သမ္မတဟက်ဆန်ရိုဟာနီက ဇူလိုင် ၁၀ ရက်တွင် ဗြိတိန်ကို သတိပေးခဲ့ပြီးနောက် ဗြိတိန်ရေနံတင်သင်္ဘ࿿ော ဟန့်တားခံ ရသည်ဆိုသောဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဗြိတိန်၏ ဖမ်းဆီးမှုလုပ်ရပ်သည် ပင်လယ်ဓားပြတိုက်မှုဖြစ်ကြောင်း ပြောကြားလျက် အီရန်သည် မည်သည့်တုံ့ပြန်မှုမျှ မပြုဘဲ နေမည်မဟုတ်ကြောင်း အီရန်ဗိုလ်မှူးချုပ်  အမီယာဟာတာမီက သတိပေးခဲ့သည်။

အထင်ကရ ၂၀၁၅ ခုနှစ် အီရန်နျူကလီးယား သဘောတူညီချက်အား ကယ်တင်ရန်အတွက် ပြင်သစ်သမ္မတအီမန်နျူရယ်မက်ခရွန်၏ ထိပ်တန်းသံတမန်ရေးအကြံပေး အီမန်နျူရယ်ဘွန်နီက တီဟီရန်တွင် အီရန်သမ္မတ ဟက်ဆန်ရိုဟာနီနှင့် တွေ့ဆုံဆွေးနွေးနေစဉ် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အီရန်ကို ပိတ်ဆို့အရေးယူမှု တိုးမြှင့်သွားမည်ဟု Twitter တွင် ရေးသားခဲ့သည်။

No comments:

Post a Comment