Friday, July 12, 2019

အာဆင်နယ်အသင်းခေါင်းဆောင် ကိုစီရယ်နီ ရာသီအကြိုခရီးစဉ်လိုက်ပါရန် ငြင်းဆို

အာဆင်နယ်အသင်း ခေါင်းဆောင် လောရင့်ကိုစီရယ်နီ သည် အသင်း၏ရာသီအကြိုအ မေရိကန်ခရီးစဉ်သို့ လိုက်ပါရန် ငြင်းဆိုခဲ့သည်ဟု ပရီးမီးယားလိဂ် အသင်းက ပြောသည်။ ပြင်သစ် နောက်တန်းအ လယ်လူ ကိုစီရယ်နီ (၃၃) နှစ် သည် အာဆင် နယ်နှင့်တစ်နှစ်စာ ချုပ် ကျန်ရှိသေးပြီး ပြင်သစ်လီဂူး ဝမ်းအသင်းများဖြစ်သော ဘော်ဒိုး နှင့် လိုင်ယွန်တို့က ၎င်းကိုခေါ်ယူ ရန် စိတ်ဝင်စားနေသည်။ ‘‘ကျွန်တော်တို့ရဲ့ ရာသီအ ကြိုအမေရိကန်ခရီးစဉ်မှာ လိုက် ပါဖို့ လောရင့်ကိုစီရယ်နီက ငြင်း ဆိုခဲ့ပါတယ်’’ ဟု အာဆင်နယ်က ထုတ်ပြန်ပြောကြားသည်။


မိမိတို့၏ ရှင်းလင်းသော ညွှန်ကြားချက်များကို ဆန့်ကျင် သည့် လောရင့်၏လုပ်ရပ်ကို အ လွန်စိတ်ပျက်ကြောင်းနှင့် ယင်း ကိစ္စ ဖြေရှင်းနိုင်မည်ဟု မျှော်လင့် ကြောင်း အသင်းကပြောကြား သည်။

၂၀၁၀ တွင် လိုရီးရန့်အသင်း မှ အာဆင်နယ်သို့ ရောက်လာသူ ကိုစီရယ်နီသည် အသင်းအတွက် ပွဲ ၃၅၀ ကျော်ကစားခဲ့သည်။ အာဆင်နယ်သည် အမေရိ ကန်ခရီးစဉ်အတွင်း အာဆင်နယ် ရှယ်ယာအများစုကို ပိုင်ဆိုင်သော စတန်ကရွန်ကီ ပိုင်ဆိုင်သည့် Colorado Rapids အသင်းနှင့် ကစားမည်ဖြစ်ကာ နောက်ပိုင်း တွင် နိုင်ငံတကာ ချန်ပီယံများ ဖလား၌ ဘိုင်ယန်မြူးနစ်၊ ဖီအို ရင်တီးနား၊ ရီးရဲလ်မက်ဒရစ်နှင့် ယှဉ်ပြိုင်မည်ဖြစ်သည်။

No comments:

Post a Comment