Friday, July 12, 2019

"စင်င်္ကာပူမှ ပြည်နှင်ဒဏ်ပေးလိုက်သည့် ရခိုင်(စင်္ကာပူ)အသင်းမှ လူများကို ဖမ်းဆီး"

စင်္ကာပူနိုင်ငံမှ ပြည်နှင်ဒဏ်ပေးလိုက်သော ရခိုင်(စင်္ကာပူ)အသင်းဥက္ကဋ္ဌ ဦးဟိန်းဇော်သည် ဇူလိုင်လ ၁၁ ရက်နေ့ နေ့လည် (၂း၃၀)နာရီတွင် မြန်မာအမျိုးသားလေကြောင်း ခရီးစဉ်အမှတ် UB 004 ဖြင့် စင်္ကာပူချန်ဂီလေဆိပ်မှ ရန်ကုန်လေဆိပ်သို့ ရောက်ရှိလာရာ သတင်းတပ်ဖွဲ့က စစ်ဆေးရန် ထိန်းသိမ်းလိုက်ကြောင်းသိရသည်။ ည(၁၀း၅၅)နာရီတွင် ရခိုင်(စင်္ကာပူ)အသင်းမှ ဦးအောင်မြတ်ကျော်နှင့် ဦးထွန်းအေး တို့သည် စင်္ကာပူနိုင်ငံမှ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိလာရာ သတင်းတပ်ဖွဲ့က ထိန်းသိမ်းလိုက်သည်။


အလားတူ ဇူလိုင်လ ၁၁ ရက်နေ့တွင်ပင် ရခိုင်(စင်္ကာပူ)အသင်းမှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲကျော်ထက်အား စမ်းချောင်းမြို့နယ် ကျွန်းတော(တောင်)ရပ်ကွက်၊ မအူပင်လမ်းနေအိမ်မှ သတင်းတပ်ဖွဲ့က စစ်ဆေးရန် ထိန်းသိမ်းလိုက်သည်။

သတင်းအရ ဇူလိုင်လ ၁၁ ရက် ညနေ (၆း၄၅)နာရီတွင် လယ်ဝေးမြို့နယ် ပလွေး အမြန်လမ်းမရဲစခန်းမှ တပ်ဖွဲ့ဝင် (၄)ဦးသည် ရန်ကုန်-မန္တလေး အမြန်လမ်း ၂၀၁ မိုင်တိုးဂိတ်တွင် AA အဖွဲ့မှ ငွေတုကိစ္စနှင့်ပတ်သက်သည့် ယာဉ်အမှတ် GG/8695 အား ပိတ်ဆို့ဖမ်းဆီးရာ ကားပေါ်တွင် ကျား(၂)ဦးနှင့် မ(၁)ဦးအား ဖမ်းဆီးရမိသဖြင့် သတင်းတပ်ဖွဲ့သို့ လွှဲပြောင်းပေးအပ်လိုက်ကြောင်းသိရသည်။

No comments:

Post a Comment