Friday, July 12, 2019

ရန်ကုန်တက္ကသိုလ်တွင် ကံ့ကော်ဥယျာဉ်ဖော်ဆောင်နေ

 ရန်ကုန်တက္ကသိုလ်ကို ကံ့ကော်တောပြန်ဖြစ်စေရန် ရန် ကုန်တက္ကသိုလ် အမရဆောင်နှင့် တက္ကသိုလ် ရိပ်သာလမ်းမအကြား ပရ၀ဏ်တွင် ကံ့ကော်ဥယျာဉ်တစ်ခုကို ဇွန်လနောက်ဆုံးပတ်က စတင်ဖော်ဆောင်နေသည်။ ရန်ကုန်တက္ကသိုလ် ၀င်း အ၀င် အဓိပတိလမ်းဘယ်ဘက် ခြမ်းရှိ တောင်ငူဆောင်နှင့် ရာမ ညဆောင်ရှေ့တွင် နဂိုရှိနေ သည့်ကံ့ကော်ပင်များကို ပြုပြင် နေသည့်အပြင် ရာမညဆောင် ရှေ့မြေကွက်လပ်၌ ကံ့ကော်ပင်များ ထပ်မံစိုက်ပျိုးခြင်း၊ သစ် သားခုံတန်းများ ပြုလုပ်ခြင်း၊ လျှောက်လမ်းအလှများ ဆောက် လုပ်ခြင်းတို့ပြုလုပ်နေသည်။



‘‘ရန်ကုန်တက္ကသိုလ်ကို ကံ့ ကော်မြေလို့ တစ်ချိန်ကလူသိ များခဲ့တော့ ကံ့ကော်တောအဖြစ် ပြန်လည် အသက်ဝင်စေဖို့ တက္က သိုလ်ပရ၀ဏ်မှာ ကံ့ကော်ပင်တွေ စိုက်နေတယ်’’ ဟု ရန်ကုန်တက္က သိုလ်ပါမောက္ခချုပ် ဒေါက်တာ ဖိုးကောင်းက ပြောကြားသည်။

ရာမညဆောင်ရှေ့တွင် ကံ့ ကော်ဥယျာဉ်ကို ဆည်မြောင်းဦး စီးဌာနနှင့် ပူးပေါင်းဖော်ဆောင်နေခြင်းဖြစ်သည်ဟု ရန်ကုန်တက္ကသိုလ် ဒုတိယပါမောက္ခချုပ်ဒေါက်တာဥမ္မာကျော်က ဆိုသည်။   ရန်ကုန်တက္ကသိုလ်ကို ၁၉၂၀ ပြည့်နှစ်က စတင်တည် ထောင်ခဲ့ပြီး ၂၀၂၀ တွင် နှစ် ၁၀၀ ပြည့်မည်ဖြစ်သည်။

ရာပြည့်အမီ ရန်ကုန်တက္ကသိုလ်အဆင့်မြှင့်တင်ရန် Master Plan နှစ်ခုဖြင့် ဆောင်ရွက်နေ သည်။ ရန်ကုန်တက္ကသိုလ်ရုပ် ပတ်ဝန်းကျင် အဆင့်မြှင့်တင်မှု အတွက် Hardware Master Plan (၂၀၁၈-၃၀)၊ ပညာရေး ဆိုင်ရာ အဆင့်မြှင့်တင်မှုအတွက် Software Master Plan (၂၀၁၈-၃၀) တို့ဖြင့် ဆောင်ရွက် နေပြီး Hardware Master Plan တွင် တက္ကသိုလ်အတွင်းကံ့ကော် ဥယျာဉ်ထည့်သွင်း ဆောက်လုပ် မည့်အစီအစဉ်လည်း ပါဝင်နေသည်။ ၁၉၈၈ ခုနှစ်နောက်ပိုင်း ကစကာ ရန်ကုန်တက္ကသိုလ်တွင်ဘွဲ့ကြိုသင်တန်းများ မဖွင့်လှစ်ဘဲ ဘွဲ့လွန်ပါရဂူ၊ မဟာဘွဲ့နှင့်ဒီပလို မာသင်တန်းများသာ ဖွင့်လှစ်ခဲ့ ရာမှ ၂၀၁၃ နောက်ပိုင်းမှစတင် ကာ ၀ိဇ္ဇာ၊ သိပ္ပံ ဘွဲ့ကြိုသင်တန်းများ  ပြန်လည်ဖွင့်လှစ်ခဲ့သည်။

No comments:

Post a Comment