Friday, July 12, 2019

ကမ္ဘာ့ဝင်ငွေအကောင်းဆုံးထင်ရှားသူဖြစ်လာတဲ့ တေလာဆွစ်ဖ်

 ဖို့ဘ်မဂ္ဂဇင်း၏ ကမ္ဘာ့ဝင်ငွေအကောင်းဆုံးထင် ရှားကျော်ကြားသူများစာရင်းတွင် အဆိုတော်တေလာဆွစ်ဖ်က ထိပ်ဆုံးနေရာ၌ ရပ်တည်နေ သည်။ နာမည်ကြီး ME သီချင်းအ ဆိုတော်တေလာဆွစ်ဖ်သည် ၀င် ငွေဒေါ်လာ ၁၈၅ သန်းဖြင့် ယင်း စာရင်း၏နံပါတ်(၁)နေရာ၌ ရှိနေ ပြီး ၎င်း၏နောက်တွင် ကိုင်လီ ဂျန်နာ (ဒေါ်လာသန်း ၁၇၀)နှင့် ကန်ညေးဝက်စ်(ဒေါ်လာသန်း ၁၅၀) တို့ အဆင့်လိုက်ရပ်တည် နေသည်။ တေလာဆွစ်ဖ်၏ ၀င်ငွေအ များစုသည် ၎င်း၏ဂီတဖျော်ဖြေ ရေးခရီးစဉ်များမှ ရရှိခြင်းဖြစ်ပြီး ရုပ်သံအစီအစဉ်ကြယ်ပွင့်ကိုင် လီဂျန်နာသည် ၎င်း၏အလှပြင် ပစ္စည်းလုပ်ငန်းမှ ရရှိခြင်းဖြစ် သည်။ ဘောလုံးကြယ်ပွင့်မက်ဆီ သည် ယင်းစာရင်း၏စတုတ္ထနေရာ တွင် ဒေါ်လာ ၁၂၇ သန်းဖြင့် ရပ် တည်နေပြီး နံပါတ်(၅)နေရာ၌ အဆိုတော်အဒ်ရှီရန်က ဒေါ်လာ သန်း ၁၁၀ ဖြင့် ရှိနေသည်။

No comments:

Post a Comment