Friday, July 12, 2019

ရေဘေးနှင့် မြေပြိုမှုကြောင့် ကချင်ပြည်နယ်တွင် လူသုံးဦးသေ၊ နှစ်ဦးပျောက်ဆုံး

လတ်တလောရင်ဆိုင် နေရသော ရေဘေးနှင့်မြေပြိုမှု ဘေးကြောင့် ကချင်ပြည်နယ်တွင် လူသုံးဦးသေဆုံးပြီး နှစ်ဦးပျောက် ဆုံးနေကာ ချင်းပြည်နယ်မြို့နယ် အချို့၌ မြေပြိုမှုဘေးကြုံတွေ့ နေသည်။ ကချင်ပြည်နယ် ခေါင်လန် ဖူးနှင့်ဆော့လော်မြို့တွင် တောင် ကျရေဆင်းခြင်းနှင့် မြေပြိုခြင်း ကြောင့် လူသေဆုံးမှုဇူလိုင် ၁၀ ရက်ညနေက ဖြစ်ပွားခဲ့သည်။ ဆော့လော်မြို့နယ် မန်ကျီဒေသ တွင် မိုးသည်းထန်စွာရွာသွန်းပြီး အမျိုးသားနှစ်ဦး တောင်ကျရေနှင့် မျောပါသေဆုံးခဲ့သည်။


ဆော့လော်မြို့နယ် အမျိုး သားလွှတ်တော်ကိုယ်စားလှယ် ဦးလာမာလေးက ‘‘အခုရက်ပိုင်း က မိုးတော်တော်များနေတယ်။ မိုးဆက်ရွာနေရင် ၂၀၁၆ ရေဘေး လို ဖြစ်မှာစိုးရတယ်’’ ဟု ပြော သည်။

၂၀၁၆ မိုးရာသီကာလက ဆော့လော်မြို့နယ် လန်ဆယ်ရွာ တွင် မိုးသည်းထန်စွာရွာသွန်းပြီး လန်ဆယ်ရွာတစ်ရွာလုံးဆိုးရွား သော ရေဘေးကြုံတွေ့ရဖူး သည်။

ဝေးလံခေါင်ဖျား ခေါင်လန် ဖူးမြို့နယ် ဂျာဝမ်ကျေးရွာတွင် မိုး သည်းထန်စွာရွာသွန်းပြီး မြေပြို ၍ မိသားစုဝင်လေးဦးရှိနေသော နေအိမ်တစ်လုံးပြိုကျခဲ့သည်။ ယင်းဖြစ်စဉ်တွင် တစ်ဦးသေဆုံး ပြီး နှစ်ဦးပျောက်ဆုံးနေသည်ဟု ကချင်ပြည်နယ်အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ပါတီ အလုပ်အမှု ဆောင်ဦးချန်းဂျော်ရ်ရမ်က ၎င်း၏ လူမှုကွန်ရက်တွင် ဖော်ပြထား သည်။ ဒေသအတွင်း နေရာအချို့ ၌ မြေပြိုမှုဖြစ်ပေါ်နေ၍ ကချင် ပြည်နယ်အစိုးရအနေဖြင့် လိုအပ် သည့်ကူညီမှုများပေးရန် ၎င်းက တောင်းဆိုသည်။

လတ်တလော၌ ကချင်ပြည် နယ်မြစ်ကြီးနား၊ ဗန်းမော်၊ ၀ိုင်း မော်၊ ဆော့လော်နှင့် ခေါင်လန်ဖူး မြို့နယ်တွင် ရေဘေးနှင့်မြေပြိုမှု ဘေးကြုံတွေ့နေပြီး ပျက်စီးဆုံး ရှုံးမှုစာရင်းကောက်ယူနေဆဲဖြစ် ကြောင်း ပြည်နယ်လူမှုရေးဝန်ကြီး ဦးနေ၀င်းက ပြောသည်။ တောင်တန်းဒေသဖြစ်သော ချင်းပြည်နယ် မတူပီမြို့တွင် လည်း မြေပြိုမှုဖြစ်ပေါ်ပြီး မိုး ဆက်လက်ရွာသွန်းပါက ဆိုးရွား သောမြေပြိုမှုဘေးကြုံတွေ့မည် ကို စိုးရိမ်နေကြောင်း ဒေသခံများ က ပြောသည်။ မတူပီမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စား လှယ်ဦးအောင်လျန်က မိုးဆက် လက်ရွာပါက ၎င်း၏မဲဆန္ဒနယ် နေရာအချို့တွင် မြေပြိုမှုဘေး အန္တရာယ်ရှိနေကြောင်းဆိုသည်။

No comments:

Post a Comment