Tuesday, May 14, 2019

လူဦးရေ ၂၇၀ ကျော်ထိန်းသိမ်းခဲ့သည့် ကျောက်တန်းရွာစစ်ဆေးမှု ပြီးဆုံးဟု တပ်မတော်ပြောကြား နှစ်ပတ်ကြာမြင့်ခဲ့သည့် စစ်ဆေးမှုတွင် AA ၀န်ခံသူ ခြောက်ဦးအပါအ၀င် ရှစ်ဦးကို အရေးယူရန်ဆောင်ရွက်နေဟုဆို

ရခိုင်လက်နက်ကိုင် အဖွဲ့ (AA) နှင့်ပတ်သက်၍ မ သင်္ကာဟုဆိုကာ လူဦးရေ ၂၇၅ ဦးကို ထိန်းသိမ်းစစ်ဆေးသည့်  ရသေ့တောင်မြို့နယ် ကျောက် တန်းရွာ စစ်ဆေးမှုယမန်နေ့ (မေ လ ၁၃ ရက်) တွင် ပြီးဆုံးကြောင်း တပ်မတော်သတင်းမှန်ပြန်ကြား ရေးအဖွဲ့အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကပြောသည်။ ဧပြီ ၃၀ ရက်ကစတင်သည့် နှစ်ပတ်ကြာ စစ်ဆေးမှုအတွင်း AA ဟု ၀န်ခံသူ ခြောက်ဦးရှိပြီး ၀န်ခံခြင်းမရှိသော်လည်း သံသ ယရှိသူ နှစ်ဦးရှိသည်ဟု တပ်မ တော်တာဝန်ရှိသူကအတည်ပြု သည်။



‘‘အဲဒီရှစ်ယောက်ထဲက ခြောက်ယောက်ကတော့ AA ဖြစ် ကြောင်း ကိုယ်တိုင်ဝန်ခံပြီးဖြစ်ပါ တယ်။ သူတို့ကို စစ်တွေမြို့မရဲ စခန်းမှာအပ်နှံပြီး အမှုဖွင့်ပြီး တရားဥပဒေအရ တရားစွဲနိုင်ဖို့   ဆက်လက်ဆောင်ရွက်လျက်ရှိပါ တယ်။ နှစ်ယောက်ကတော့ သံ သယဖြစ်ပါတယ်။ စစ်တွေမှာရှိ ပါတယ်။ ကျောက်တန်းမှာ ထိန်း သိမ်းထားတဲ့သူမရှိတော့ပါဘူး’’ ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။

အသက် (၁၅) နှစ်မှ (၅၀) အတွင်းရှိအမျိုးသား ၂၇၅ ဦးကို ထိန်းသိမ်းစစ်ဆေးသည့် စစ် ဆေးမှုဖြစ်စဉ်တွင် အပြစ်မရှိဟု စစ်ဆေးပြီးသူများကို မေလ ၃၊ ၆၊ ၈၊ ၁၁နှင့် ၁၃ ရက်တွင် အ သုတ်လိုက်ပြန်လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။

ကျောက်တန်းရွာသားတစ် ဦးက ‘‘ဒီနေ့ ၂၂ယောက်လွှတ် လိုက်ပါတယ်။ ကျန်တဲ့နှစ် ယောက်ကိုတော့သူတို့စစ်နေ  သေးတယ်။ ရွာထဲမှာတော့ ပုံမှန် အတိုင်းပဲရှိသေးတယ်။ ရွာသား တွေကအပြင်လည်းမထွက်ကြရ သေးဘူး။ စစ်သားလည်းရှိသေး တယ်’’ ဟု ပြောသည်။

ရခိုင်ပြည်နယ်အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးခင် မောင်လတ်ကလည်း ‘‘သူတို့  တွေအခုအထိရွာအပြင်ကိုထွက်  လို့မရသေးဘူး။ ရွာပြင်ကလူတွေ လည်း ရွာထဲကို ၀င်ခွင့်မရကြ သေးဘူး။ ရွာမှာတော့ စာရေး၊ သောက်ရေးတွေအခက်အခဲရှိ တယ်လို့ပြောတယ်။ ဆင်းရဲတဲ့သူ တွေဆို ပိုအခက်အခဲရှိတာပေါ့။    အလှူရှင်အဖွဲ့တွေလည်း ရွာထဲ  ကို လွယ်လွယ်နဲ့ဝင်ခွင့်မရကြ ဘူးလို့ပြောတယ်’’ ဟု ပြောသည်။

ကျောက်တန်းရွာတွင် လုံခြုံ ရေးတပ်ဖွဲ့ဝင်များ ဆက်လက်ရှိ နေဆဲဖြစ်ကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက အတည်ပြုသော် လည်း ရွာသို့ဝင်ခွင့်၊ထွက်ခွင့်မရ ဟု ပြောဆိုချက်မမှန်ကန်ဟု ပြောသည်။

‘‘ကျွန်တော်တို့ဆီက ကန့် သတ်ထားတာက ကျွန်တော်သိ ရသလောက်တစ်ခုပဲရှိပါတယ်။   အဲဒီအရင်တုန်းက ထိန်းသိမ်းထား တဲ့ရွာသူ၊ ရွာသားတွေအနေနဲ့ ဆက်စပ်သတင်းတွေအရ ပြန် လည်ဖော်ထုတ်လို့ရရင် ပြန်လည် စစ်ဆေးနိုင်အောင် ဝေးဝေးလံလံ မသွားခိုင်းတာတော့ရှိပါတယ်။  ကျန်တဲ့ရွာသားတွေကို ပိတ်ပင် တားဆီးတာမရှိပါဘူး’’ ဟု ဗိုလ် မှူးချုပ်ဇော်မင်းထွန်းက ပြော ကြားသည်။

ကျောက်တန်းရွာထိန်းသိမ်း စစ်ဆေးမှုဖြစ်စဉ်တွင် မေလ ၂  ရက်က ပစ်ခတ်မှုဖြစ်ပွားခြင်း ကြောင့် ထိန်းသိမ်းထားသူများ အနက် ခြောက်ဦး သေဆုံးပြီး ရှစ် ဦးဒဏ်ရာရရှိသည်။ ယင်းသို့ ပစ်ခတ်မှုဖြစ်ပွားရခြင်းသည် လူ အုပ်စုတစ်ခုကအော်ဟစ်ပြီးလုံခြုံ ရေးတပ်ဖွဲ့များထံမှ လက်နက်လု ရန် ကြိုးပမ်းခြင်းကြောင့်ဟု တပ် မတော်တာဝန်ရှိသူများကပြော ဆိုထားသည်။ ပစ်ခတ်မှုဖြစ်ပွားရ ခြင်းအကြောင်းရင်းမှန်ပေါ် ပေါက်ရေးအတွက်လည်း တပ်မ တော်အရာရှိတစ်ဦး ဦးစီးသည့် စုံစမ်းရေးအဖွဲ့နှင့် စစ်ဆေးနေ ကြောင်းပြောကြားသည်။ ကျောက်တန်းရွာတွင် ရွာ  သားများကို အချိန်ကြာမြင့်စွာ  ထိန်းသိမ်းစစ်ဆေးခြင်းသည် မ သင့်တော်ကြောင်း ရခိုင်လွှတ် တော်အမတ်အချို့က ပြည်နယ် လွှတ်တော်အစည်းအဝေး  ဆွေး နွေးပြီး သံသယရှိသူကို ထိန်းသိမ်း စစ်ဆေးပါက အခြေခံဥပဒေနှင့် အညီဆောင်ရွက်ရန်  တိုက်တွန်း သည်။

No comments:

Post a Comment