Tuesday, May 14, 2019

သီရိလင်္က࿿ာတွင် ဘာသာရေး အဓိကရုဏ်းများကြောင့် Facebook အပါအဝင် လူမှုမီဒီယာများကို ပိတ်ပင်

တနဂင်္နွေနေ့ အီစတာပွဲတော် အသေခံ ဗုံးခွဲတိုက်ခိုက်မှုများ၏ ဆိုးရွားသော နောက်ဆုံး အကျိုးဆက်အဖြစ် သီရိလင်္က࿿ာနိုင်ငံ မြို့ပေါင်းများစွာတွင် မွတ်စလင် ဆန့်ကျင်ရေး အဓိကရုဏ်းများ ဖြစ်ပွားခဲ့ပြီးနောက် သီရိလင်္က࿿ာနိုင်ငံသည် Facebook ၊ Whats App နှင့် အခြားလူမှုမီဒီယာ ပလက်ဖောင်းများကို မေ ၁၃ ရက်တွင် ပိတ်ပင်လိုက်ကြောင်း သိရသည်။ ဂျီဟတ်ဝါဒီ အသေခံ ဗုံးခွဲသမားများက ဧပြီ ၂၁ ရက်တွင် လူပေါင်း ၂၅၈ ဦးကို သေဆုံးစေခဲ့သည့် တိုက်ခိုက်မှုများကို ဟိုတယ် သုံးခုနှင့် ခရစ်ယာန် ဘုရားကျောင်း သုံးခုတို့၌ ပြုလုပ်ခဲ့ပြီးနောက် ခရစ်ယာန်အဖွဲ့များက မွတ်စလင်များ ပိုင်ဆိုင်သော ဆိုင်များကို တိုက်ခိုက်ခဲ့ရာ သီရိလင်္က࿿ာတွင် ဘာသာရေး တင်းမာမှုများ ဆက်လက် ဖြစ်ပေါ်နေသည့် လက္ခဏာတစ်ရပ်ကို ပြသနေသည်။



IS တို့က ゞင်းတို့၏ လက်ချက်ဟု ပြောကြားထားသော ဗုံးခွဲ တိုက်ခိုက်မှုများပြီးနောက် သီရိလင်္က࿿ာတွင် အရေးပေါ် အခြေအနေတစ်ရပ်ကို ကြေညာထားပြီး လုံခြုံရေး တပ်ဖွဲ့ဝင်များအား မသင်္က࿿ာသူများကို ကာလရှည်စွာ ဖမ်းဆီး ထိန်းသိမ်းထားနိုင်သည့် အမိန့်အာဏာ ပေးအပ်ထားသည်။


မွတ်စလင် ဈေးဆိုင်ပိုင်ရှင် တစ်ဦးက Facebook တွင် တင်သည့် ပို့စ်တစ်ခုအား ဒေါသထွက်ကြသော လူအုပ်ကြီးသည် မေ ၁၂ ရက်တွင် နိုင်ငံ အနောက်မြောက်ပိုင်း ချီလောမြို့ရှိ ဈေးဆိုင်များကို ပစ်မှတ် ထားခဲ့ကြသည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များက သေနတ်များ မိုးပေါ်ထောင် ဖောက်ကာ လူစုခွဲခဲ့သော်လည်း အကြမ်းဖက်မှုများသည် အနီးအနား မြို့များဆီသို့ ပျံ့နှံ့သွားခဲ့ပြီး ယင်းမြို့များတွင်လည်း မွတ်စလင်တို့၏ လုပ်ငန်းများ တိုက်ခိုက်ခံခဲ့ရသည်။

မော်တော်ဆိုင်ကယ်ဂိုဏ်း တစ်ခုသည် ကူလီယာပီတီယာမြို့ရှိ ဆိုင်များကို တိုက်ခိုက်ခဲ့ပြီး ゞင်းတို့ထဲမှ လေးဦးကို ဖမ်းဆီး ထိန်းသိမ်းခဲ့သည်ဟု သက်ဆိုင်ရာ အာဏာပိုင်များက ပြောကြားခဲ့သည်။ သို့သော် ဒါဇင်နှင့်ချီသော လူများသည် ရဲစခန်းကို ဝင်ရောက်စီးနင်းကာ ထိုသူများကို အတင်းအကျပ် လွှတ်ခိုင်းခဲ့သည်ဟု ဆိုသည်။

ညမထွက်ရအမိန့် ထုတ်ပြန်ထားသော်လည်း ဗလီတစ်ခု ဖျက်ဆီးခံခဲ့ရသည်ဟု ဒေသခံများက ပြောကြားခဲ့သည်။

ချီလောမြို့နှင့် အနီးအနား ဒေသတွင် ထုတ်ပြန်ထားသည့် ကာဖျူးမိန့်ကို မေ ၁၃ ရက်တွင် လျှော့ပေါ့ ပေးခဲ့သော်လည်း  အကြမ်းဖက်မှုများ ထပ်မံ မဖြစ်ပေါ်အောင် တားဆီးသည့်အနေဖြင့် လူမှုမီဒီယာများကို ပိတ်ပင်လိုက်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

“သိပ်ပြီး ရယ်မနေနဲ့။ တစ်နေ့ မင်းငိုရလိမ့်မယ်” ဟု မွတ်စလင်ဆိုင်ပိုင်ရှင် တစ်ဦးက Facebook တွင် ပို့စ်တင်ခဲ့ရာ ဒေသခံ ခရစ်ယာန်တစ်ဦးက တိုက်ခိုက်မှုတစ်ခု ပြုလုပ်တော့မည့် သတိပေးချက် တစ်ရပ်ဖြစ်သည်ဟု ယူဆခဲ့ခြင်း ဖြစ်သည်။

ဒေါသထွက်နေသော လူအုပ်ကြီးသည် ပို့စ်တင်ခဲ့သူ၏ ဆိုင်ကို ဖျက်ဆီးခဲ့ပြီးနောက် အနီးရှိ ဗလီတစ်ခုကိုလည်း တိုက်ခိုက် ဖျက်ဆီးခဲ့သောကြောင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက သေနတ်များ မိုးပေါ်ထောင် ဖောက်ကာ လူစုခွဲခဲ့ရခြင်း ဖြစ်သည်။ ယင်းနောက် ကာဖျူးမိန့် ကို မေ ၁၂ ရက် မွန်းလွဲပိုင်းမှနေ၍ မေ ၁၃ ရက် အရုဏ်တက်ချိန်အထိ ထုတ်ပြန်ခဲ့သည်။

ကိုလံဘိုမြို့ မြောက်ဘက်တွင် ရှိသော နီဂွန်ဘိုမြို့တွင် ခရစ်ယာန်နှင့် မွတ်စလင်တို့အကြား ပဋိပက္ခများ ဖြစ်ပေါ်ခဲ့ပြီး ယင်းမြို့သည် အသေခံ ဗုံးခွဲသမားများက ပစ်မှတ်ထားရာ နေရာတစ်ခုလည်း ဖြစ်သည်။

အင်တာနက် ဝန်ဆောင်မှု ထောက်ပံ့သူများက ゞင်းတို့အား တယ်လီဖုန်း ဆက်သွယ်ရေး ထိန်းချုပ်ကြီးကြပ်သူများက Facebook ၊ Whats App ၊ Instagram နှင့် အခြားလူမှု မီဒီယာ ပလက်ဖောင်းများကို ပိတ်ဆို့ထားရန် ညွှန်ကြားခဲ့သည်ဟု ပြောကြားခဲ့သည်။

ယခုအခါ မြန်မာနိုင်ငံ၌ လူမှုမီဒီယာများ (အထူးသဖြင့် Facebook ပေါ်တွင် ဗုဒ္ဓဘာသာကို ပုတ်ခတ်စော်ကားသည့် ပို့စ်များ များပြား၍ လာနေခြင်းနှင့် ပတ်သက်၍လည်း အများက စိုးရိမ်နေကြပြီး အချို့က Facebook  ကို ပိတ်ပင်ရန် တောင်းဆိုမှုများ ရှိနေကြောင်း သိရသည်။

No comments:

Post a Comment