Tuesday, May 14, 2019

ကုန်သွယ်ရေးကိစ္စများ ဆွေးနွေးရန်အတွက် ထရန့်နှင့် ရှီတို့ လာမည့်လတွင် တွေ့ဆုံနိုင်ဟု အိမ်ဖြူတော်က ပြောကြား

ကုန်သွယ်ရေးနှင့်ပတ်သက်ပြီး ကွဲလွဲမှုများကို ဆွေးနွေးရန်အတွက် အမေရိကန် သမ္မတဒေါ်နယ်ထရန့်နှင့် တရုတ်သမ္မတ ရှီကျင်ပင်းတို့သည် လာမည့်လတွင် ဂျီ-၂၀ ထိပ်သီးအစည်းအဝေး ဘေးဆွယ်အစည်းအဝေးတွင် တွေ့ဆုံနိုင်ဖွယ်ရှိဟု အိမ်ဖြူတော်  စီးပွားရေးအကြံပေး လာရီကက်လိုက ပြောကြားခဲ့သည်။ သို့သော်လည်း ဆွေးနွေးပွဲသစ်များ ထပ်မံကျင်းပရေးနှင့်ပတ်သက်ပြီး စီစဉ်ထားခြင်းမရှိဟု ゞင်းက ပြောကြားခဲ့သည်။

တရုတ်နှင့် အမေရိကန်တို့အကြား နှစ်ရက်ကြာအစည်းအဝေးသည် သဘောတူညီချက် တစ်စုံတစ်ရာမရရှိဘဲ မေ ၁၀ ရက်တွင် နိဂုံးချုပ်ခဲ့ပြီးနောက် ကုန်သွယ်ရေးစစ်ပွဲ ထပ်မံပြင်းထန်လာမည်ကို စိုးရိမ်မှုများ မြင့်တက်စေခဲ့သည်။ လနှင့်ချီကြာမြင့်ခဲ့သော ဆွေးနွေးမှုများတွင် တရုတ်ဘက်က ကနဦးတွင် ကတိပြုထားမှုများကို ပျက်ပြားခဲ့ပြီးနောက် အမေရိကန်က ဒေါ်လာဘီလျံ ၂၀ဝ တန်ဖိုးရှိသော တရုတ်သွင်းကုန်များကို စည်းကြပ်ခွန်တိုးမြှင့်ခဲ့သည်။ တရုတ်သွင်းကုန် အားလုံးကို စည်းကြပ်ခွန်ပြဋ္ဌဌာန်းမည်ဟု ဝါရှင်တန်က ခြိမ်းခြောက်ခဲ့ပြီးနောက် တရုတ်ကလည်း မေ ၁၃ တွင် မည်သည့်ပြင်ပဖိအားကိုမှ အလျှော့ပေးမည်မဟုတ်ကြောင်း ကြေညာခဲ့သည်။

အမေရိကန်ဘဏ္ဍဍာရေးဝန်ကြီး စတိဗ်အမ်နူချင်နှင့် အမေရိကန်ကုန်သွယ်ရေး ကိုယ်စားလှယ် ရောဘတ်လိုက်သီဇာတို့ကို ပေကျင်းက ဖိတ်ကြားထားသောကြောင့် အဆင့်မြင့်အဆင့် ဆွေးနွေးပွဲများ ကျင်းပနိုင်ခြေရှိကြောင်း စီးပွားရေးအကြံပေး ကက်လိုက ပြောကြားခဲ့သည်။ ဇွန်လနှောင်းပိုင်းတွင် ဂျပန်၌ ကျင်းပမည့် ဂျီ-၂၀ ထိပ်သီးတွင် ရှီနှင့် ထရန့်တို့ တွေ့ဆုံနိုင်ခြေရှိကြောင်း ゞင်းက ပြောကြားခဲ့သည်။ ဂျီ-၂၀ ထိပ်သီးကို အိုဆာကာတွင် ဇွန် ၂၈၊ ၂၉ ၌ ကျင်းပမည်ဖြစ်သည်။ စေ့စပ်ဆွေးနွေးရန် အချိန်ရှိဆဲဖြစ်ကြောင်း သို့သော်လည်း အချိန်ကို ပြောကြား ရန်ကက်လိုက ငြင်းဆန်ခဲ့ပြီး ထရန့်က စောင့်ဆိုင်းလိုသည့်အပေါ်တွင်မူတည်ကြောင်း ဆိုခဲ့သည်။ တရုတ်ကလည်း ဆွေးနွေးပွဲများအတွက် အမြဲတမ်းလမ်းဖွင့်ထားကြောင်း နိုင်ငံပိုင်မီဒီယာ People’s Daily က မေ ၁၃ အယ်ဒီတာ့အာဘော်တွင် ရေးသားခဲ့သည်။

စည်းကြပ်ခွန်များ မြှင့်တင်ခြင်းသည် ပြဿနာကို ဖြေရှင်းနိုင်မည်မဟုတ်ဟု တရုတ်က အကြိမ်ကြိမ်ပြောကြားထားကြောင်း၊ တရုတ်၏ အကျိုးစီးပွားများကို ကာကွယ်နိုင်စွမ်းရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကန်ရှုအန်က နေ့စဉ်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

စည်းကြပ်ခွန်မြှင့်တင်မှုများကို ထရန့်က ကာကွယ်ပြောကြားထားပြီး တရုတ်နှင့် ကုန်သွယ်ရေးသဘောတူညီချက် အပြီးသတ်နိုင်ရန် လုံးဝအလျင်လိုမည်မဟုတ်ဟု ပြောကြားထားသည်။

ကုန်သွယ်ရေးအငြင်းပွားမှုကို နှစ်ဖက်စလုံးမှ ခံစားရမည်ဖြစ်ကြောင်း လာရီကက်လိုက ပြောကြားခဲ့သည်။ တရုတ်ထံမှ တင်သွင်းသည့် မည်သည့်ကုန်ပစ္စည်းအတွက်မဆို အမေရိကန် စီးပွားရေးလုပ်ငန်းများက ပို၍ကုန်ကျမည်ဖြစ်ကြောင်း ကက်လိုက ဝန်ခံခဲ့သည်။ စည်းကြပ်ခွန်များကြောင့် တရုတ်စီးပွားရေးကို သက်ရောက်မည်ဖြစ်ပြီး စရိတ်ကြီးမြင့်မှုများကြောင့် တရုတ်ကုန်ပစ္စည်းများကို အမေရိကန်ဝယ်လိုအား ကျဆင်းမည်ဖြစ်ကြောင်း ကက်လိုက ပြောကြားခဲ့သည်။

No comments:

Post a Comment