Tuesday, May 14, 2019

အဓမ္မပြုကျင့်မှုဖြင့် ဂျူလီယန်အက်ဆန်ကို အမှုပြန်ဖွင့်မည်ဟု ဆွီဒင်အစိုးရရှေ့နေ ပြော

ဆွီဒင်အစိုးရရှေ့နေက ဝီကီလိခ် တည်ထောင်သူ ဂျူလီယန် အက်ဆန် ပါဝင်ပတ်သက်နေတဲ့ အဓမ္မပြုကျင့်မှုကို ပြန်ပြီး အမှုဖွင့်မယ်လို့ မေလ ၁၃ ရက်မှာ ပြောလိုက်ပါတယ်။ ဒါဟာ အက်ဆန်ကို ဗြိတိန်ကနေ ရာဇဝတ်သားလွှဲပြောင်းရေး အစီအစဉ်နဲ့ ခေါ်ထုတ်ဖို့ အခင်းအကျင်းလည်း ဖြစ်ပါတယ်။
အက်ဆန်က လန်ဒန်မှာရှိတဲ့ အီကွေဒေါသံရုံးထဲမှာ ခိုလှုံခဲ့လို့ ၂၀၁၇ ခုနှစ်က တရားမစီရင်သေးဘဲ ရုပ်သိမ်းထားတဲ့ ကနဦး စုံစမ်းစစ်ဆေးမှုကို အစိုးရရှေ့နေတွေက ဆက်ပြီး စစ်ဆေးဆုံးဖြတ်သွားမယ်လို့ ဆွီဒင်အစိုးရရှေ့နေ အီဗာ မာရီ ပါဆွန်က ပြောပါတယ်။ အက်ဆန်ဟာ သံရုံးထဲမှာ ၇ နှစ်နေအပြီး အရင်လက ဗြိတိန်မှာ အဖမ်းခံခဲ့ရပါတယ်။ အမေရိကန်အစိုးရကလည်း လျှို့ဝှက်စာရွက်စာတမ်းတွေ အမြောက်အမြားကို လူသိရှင်ကြား ဖွင့်ချခဲ့တဲ့ အမှုတွေနဲ့ ပတ်သက်ပြီး ရာဇဝတ်သား လွှဲပြောင်းရေး အစီအစဉ်နဲ့ အမေရိကန်နိုင်ငံမှာ တရားစီရင်နိုင်ရေး အက်ဆန်ကို လွှဲယူဖို့ ကြိုးစားနေပါတယ်။

No comments:

Post a Comment