Tuesday, May 14, 2019

ရှမ်းနှင့် စစ်ကိုင်းတွင် မြို့နှစ်မြို့ အပူချိန်စံချိန်သစ်တင်

ရှမ်းပြည်နယ်နှင့် စစ် ကိုင်းတိုင်းဒေသကြီးတွင် မြို့နှစ် မြို့ အပူချိန်စံချိန်သစ်တင်ခဲ့ပြီး ဖန်နီမုန်တိုင်းအလွန် မြန်မာနိုင်ငံ ၌ ငါးရက်ဆက် စံချိန်သစ်တင် ခြင်းအဖြစ် မှတ်တမ်းဝင်ခဲ့သည်။  နမ့်စန်မြို့တွင် မေလ ၁၂ ရက်က ၃၈ ဒသမ ၁ ဒီဂရီစင်တီ ဂရိတ်၊ တမူးမြို့၌ ၃၈ ဒသမ ၁ ဒီဂရီစင်တီဂရိတ်အထိ အပူချိန် မြင့်ခဲ့ပြီး စံချိန်သစ်တင်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြား မှုဦးစီးဌာနက သတင်းထုတ်ပြန် သည်။



ဖန်နီဆိုင်ကလုန်းမုန်တိုင်း သည် မေလ ၄ ရက်နှင့် ၅ ရက် တွင် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် ကမ်းခြေသို့ ဝင်ရောက်စဉ် မြန်မာ နိုင်ငံ၌ မိုးရွာသွန်းပြီး အပူချိန်အ နည်းငယ်လျော့ကျခဲ့သည်။ ယင်း ကာလနောက်ပိုင်း အပူချိန်ပြန်လည်မြင့်တက်လာပြီး မေလ ၈ ရက်မှ ၁၂ ရက်အထိ အပူချိန် စံချိန်သစ်တင်ခဲ့သည်။ အဆိုပါငါးရက်အတွင်း  ၁၂ မြို့တွင် အပူချိန်စံချိန် သစ်တင်ခဲ့သည်။  မေလ ၁၅ ရက်ခန့်က စတင်ကာ မြန်မာနိုင်ငံတောင်ပိုင်းဒေ သသို့ အနောက်တောင်မုတ်သုံ လေဝင်ရောက်လာနိုင်ပြီး ဒေသ အချို့ မိုးရွာနိုင်၍ အပူချိန်လျော့ကျလာနိုင်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ခန့်မှန်းထားသည်။ အပူချိန်မြင့် မားနေသော မန္တလေးတိုင်းဒေသ ကြီးအပါအဝင် မြန်မာနိုင်ငံအ လယ်ပိုင်း ဒေသများ၌ ယမန်နေ့ (မေလ ၁၃ ရက်)က မိုးရွာခဲ့ပြီး အပူချိန်  အနည်းငယ်လျော့ကျခဲ့ သည်။

No comments:

Post a Comment