Tuesday, May 14, 2019

စစ်သွေးကြွတွေက သတ်ဖြတ်နေရတာကြောင့် ပါကစ္စတန် ဟာဇာရာမျိုးနွယ်စုတေတွ ကြောက်လန့်နေ

 ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း ကီတာမြို့က ရှီယိုက် ဟာဇာရာ လူနည်းစုတွေဟာ သူတို့ကို ဂိုဏ်းဂဏစွဲ စစ်သွေးကြွတွေက သတ်ဖြတ်မှုတွေ ကျူးလွန်နေတာကြောင့် စိုးရိမ်ကြောက်လန့်နေရပြီး အာဏာပိုင်တွေဟာလည်း အဲဒီ သတ်ဖြတ်မှုတွေကို ရပ်တန့်အောင် လုပ်နိုင်စွမ်းပုံ မရဘူးလို့ ပြောကြပါတယ်။



နှစ်များစွာကပဲ ဟာဇာရာမျိုးနွယ်စု ရာပေါင်းများစွာဟာ နှစ်ပိုင်းကွဲနေပြီး ゞင်းတို့ကို စစ်သွေးကြွတွေရဲ့ သတ်ဖြတ်မှုတွေက ကာကွယ်ဖို့ လုံခြုံရေးဂိတ်စခန်းများစွာနဲ့ လက်နက်ကိုင်အစောင့် ရာပေါင်းများစွာက
ဝိုင်း ရံ စောင့်ကြပ်မှုအောက် နေနေရတာ ဖြစ်ပေမယ့် ခုလို သတ်ဖြတ်မှုတွေ ဖြစ်ပွားနေတာပါ။

“ဒီနေရာက ထောင်လို ဖြစ်နေတယ်။”လို့ ဟာဇာရာ တက်ကြွလှုပ်ရှားသူ ဘော့စတန်က ဒေသရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ပြောပါတယ်။

“ဟာဇာရာတွေအနေနဲ့ စိတ်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်မှုတွေကိုလည်း ကြုံတွေ့နေရတာ ဖြစ်တယ်။”လို့ ゞင်းက ပြောပြီး သူတို့ကို မြို့ရဲ့ ကျန်အပိုင်းနဲ့ အဆက်ဖြတ်ထားတာပဲလို့လည်း ဆိုပါတယ်။

ကီတာမြို့မှာက ရှီယိုက်အသိုင်းအဝန်းက အင်အားကြီးကြီးမားမား ရှိနေတာ ဖြစ်ပါတယ်။ ဂိုဏ်းဂဏတိုက်ခိုက်မှုတွေ၊ အသေခံဗုံးခွဲမှုတွေနဲ့ ဓားပြတိုက်မှုတွေ အဖြစ်များတဲ့ ဘာလိုချီစတန်ပြည်နယ် ကီတာမြို့က ဟာဇာရာလူနည်းစုတွေရဲ့ ဘဝက ကျီးလန့်စာ စား ဘဝမျိုးမှာ နေထိုင်နေရတာလို့ ゞင်းက ပြောခဲ့ပါတယ်။

No comments:

Post a Comment