Tuesday, May 14, 2019

ရန်ကုန်လွှတ်တော်ကော်မတီက သုံးနှစ်အတွင်း အမှု ၂၅၀ ကျော် ဖြေရှင်းပေးခဲ့

ရန်ကုန်တိုင်းလွှတ်တော် တရားစီရင်ရေးဥပဒေစိုးမိုးရေးနဲ့ တိုင်ကြားစာလက်ခံရေးကော်မတီက တိုင်ကြားမှုပေါင်း၂၅၀ကျော်ကို ဖြေရှင်းဆောင်ရွက်ပေးခဲ့တယ်လို့သတင်းရရှိပါတယ်။ ကော်မတီစတင်ဖွဲ့စည်းခဲ့ချိန်ကစလို့ လက်ရှိအချိန်ထိ သုံးနှစ်နီးပါးအတွင်းမှာ ဖြေရှင်းခဲ့တာဖြစ်တယ်လို့ ကော်မတီအဖွဲ့ဝင် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်းကပြောပါတယ်။ အမှုအများစုကတော့ တရားရုံး၊ဥပဒေရုံးတွေနဲ့ဆိုင်တဲ့ အမှုတွေဖြစ်တယ်လို့သိရပါတယ်။
တိုင်ကြားမှုတွေက လွှတ်တော်ဥက္ကဌဆီကနေ တစ်ဆင့်ရတာရှိသလို ကော်မတီကိုတိုက်ရိုက်ရောက်တာတွေလည်းရှိတယ်လို့သိရပါတယ်။ တစ်ချို့အမှုတွေက တရားရုံး၊ ဥပဒေရုံးတွေကို ကွင်းဆင်းပြီးစိစစ်ရတာတွေရှိပြီး တစ်ချို့ကိုတော့ ရုံးမှာပဲညှိနှိုင်းဖြေရှင်းပေးရတယ်လို့လည်း ဦးကျော်ကျော်ထွန်းကပြောပါတယ်။ ကော်မတီရဲ့ တွေ့ရှိချက်အစီရင်ခံစာတွေကိုတော့ လွှတ်တော်ဥက္ကဌကနေတစ်ဆင့် အစိုးရထံပေးပို့တာဖြစ်ပါတယ်။

No comments:

Post a Comment