Tuesday, May 14, 2019

ပါတီငယ် ၁၁ ပါတီက ထိုင်းစစ်အစိုးရဘက်တော်သားပါတီနဲ့ ဝန်ကြီးချုပ်ကိုထောက်ခံတယ်လို့ ကြေညာ

ထိုင်းရွေးကောက်ပွဲကော်မရှင်ရဲ့ ဝေဖန်ခံနေရတဲ့ပါတီမဲအချိုးကျစနစ်ကြောင့် အောက်လွှတ်တော်မှာ အမတ်နေရာတစ်နေရာစီ အနိုင်ရခဲ့တဲ့နိုင်ငံရေးပါတီငယ် ၁၁ ပါတီက သူတို့ပါတီတွေဟာ ထိုင်းစစ်အစိုးရဝန်ကြီးချုပ် ပရာရွတ် ချန်အိုချာကိုပဲ ဝန်ကြီးချုပ်အနေနဲ့ဆက်ပြီးထောက်ခံသလို ပလန်ပရာချာရတ်(PPRP)ပါတီကိုလည်း သူတိ့ညွှန့်ပေါင်းပါတီအဖွဲ့ရဲ့ ခေါင်းဆောင်အဖြစ်လည်း သတ်မှတ်တယ်လို့ တနင်္လာနေ့မှာ ကြေညာခဲ့ပါတယ်။

PPRPခေါင်းဆောင် ဥတမာ ဆာဗာနယွန်နဲ့ ဆွန်တီရက် ဆွန်တီဂျာရာဝေါင်တို့ကလည်း ပါတီတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုအခမ်းအနားကိုတက်ရောက်ပြီး ပါတီတွေ စုပေါင်းလက်မှတ်ရေးထိုးထားတဲ့ စာရွက်စာတမ်းတွေကို ရယူခဲ့ပါတယ်။

PPRPကိုထောက်ခံပေမဲ့လည်း အမှီအခိုကင်းကင်းနဲ့နေမယ်ဆိုတာနဲ့ အစိုးသစ်ကို စစ်ဆေးကြည့်ရှုသွားမယ်လို့ အဲဒီပါတီတွေကပြောပါတယ်။

ညွှန့်ပေါင်းအဖွဲ့နဲ့ပူးပေါင်းတဲ့အတွက် ပါတီတွေကိုကျေးဇူးတင်တယ်လို့ ဥတမာကပြောပါတယ်။

အစိုးရဖွဲ့နိုင်ချေများနေတဲ့PPRPပါတီက ဝေဖန်စာနဲ့အကြံပြုစာတွေအားလုံးကိုလက်ခံသွားမယ်လို့လည်း ကတိပြုခဲ့ပါတယ်။

ပါတီတွေရဲ့ထောက်ခံမှုတွေရှိနေပေမဲ့ PPRPဟာ တရားဝင်အစိုးရဖွဲ့ဖို့ အမတ်နေရာ ၁၀၀ ကျော်လိုနပါတယ်။

ကျန်နေတဲ့အမတ်နေရာတွေက ပါတီအလတ်စာဒီမိုကရတ်တွေနဲ့ ဘူဂျာအစ်ထိုင်းပါတီတွေဖြစ်ပါတယ်။

ကျန်တဲ့အမတ်နေရာတွေအတွက် ညှိနှိုင်းဆွေးနွေးမှုတွေလုပ်နေတယ်လို့လည်း ဥတမာကပြောပါတယ်။

အဲဒီ ၁၁ ပါတီ အမတ်နေရာတွေရတဲ့ဖြစ်ရပ်ကလည်း အငြင်းအခုံတွေဖြစ်နေပါတယ်။

ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေအရ ထောက်ခံမဲ ၇၁၀၀၀ ရတဲ့ပါတီကပဲ အမတ်တစ်နေရာရမှာဖြစ်ပြီး အဲဒီပါတီတွေက မဲ ၇၁၀၀၀ မရခဲ့ပါဘူး။

သူတို့ကို အမတ်နေရာပေးလိုက်ရတဲ့ပါတီကြီးတွေက အဲဒီဖြစ်ရပ်အတွက် ထိုင်းဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ တရားရုံးကို လျှောက်တင်သွားမယ်လို့ ပြောနေပါတယ်။

ဒါ့ကြောင့် အဲဒီပါတီငယ်တွေက အမတ် အယောက် ၅၀၀ ရှိမယ့်အောက်လွှတ်တော်မှာနေရာရမလားဆိုတာ မသေချာပါဘူး။

အထက်လွှတ်တော်အမတ် အယောက် ၂၅၀ ကိုတော့ ထိုင်းစစ်အစိုးရက နယ်ပယ်စုံကကျွမ်းကျင်သူတွေကို ရွေးချယ်ထားပါတယ်။

လက်ရှိမှာ PPRPက အမတ်နေရာ ၂၅၀ ကျော်ရထားလို့ အစိုးရဖွဲ့နိုင်ဖို့ ပိုသေချာနေပါတယ်။

No comments:

Post a Comment