Tuesday, May 14, 2019

ဆော်ဒီရေနံတင်သင်္ဘောနှစ်စီး ပင်လယ်ကွေ့တွင် တိုက်ခိုက်ခံရပြီးနောက် ရေနံဈေးနှုန်းမြင့်တက်လာဟုဆို

ဆော်ဒီရေနံတင်သင်္ဘောနှစ်စီးတိုက်ခိုက်ခံရပြီးနောက် ရေနံဈေးနှုန်းမြင့်တက်လာကြောင်း နိုင်ငံတကာသတင်းများက ရေးသားကြသည်။ ယူအေအီးနိုင်ငံ ကမ်းလွန်ပင်လယ်ပြင်တွင် ဆော်ဒီအာရေဗျနိုင်ငံမှ ရေနံတင်သင်္ဘောနှစ်စီး တိုက်ခိုက်ဖျက်ဆီးခံရကြောင်း ဆော်ဒီနို်င်ငံမှ ကြေညာလိုက်ပြီးနောက်ပိုင်းတွင် ရေနံဈေးနှုန်းထိုသိုမြင့်တက်လာခြင်းဖြစ်သည်။



ရေနံစိမ်းတစ်စည်လျှင် ကန်ဒေါ်လာ ၇၁ ဒေါ်လာဖြစ်သွားခဲ့ပြီး ယင်းသည် ယခင်နောက်ဆုံးဈေးနှုန်းထက် ၃၈ ဆင့်(၀.၅ ရာခိုင်နှုန်း)တက်သွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ဆော်ဒီအာရေဗျနိုင်ငံမှ ရေနံတင်သင်္ဘောနှစ်စီးဖြစ်ကြသည့် Al-Marzoqahနှင့် Amjad တို့ယခုကဲ့သို့ တိုက်ခိုက်ဖျက်ဆီးခံရခြင်းသည် ကမ္ဘာ့ရေနံစိမ်းတင်ပို့မှု၏လုံခြုံရေးကိုလျော့ပါးစေရန် အားထုတ်ခြင်းဖြစ်ကြောင်း ဆော်ဒီအာရေဗျနိုင်ငံမှ ပြစ်တင်ပြောဆိုခဲ့သည်။ ဆော်ဒီအာရေဗျနှင့် ယူအေအီးနိုင်ငံတို့သည် ရေနံတင်ပို့သောနိုင်ငံများအဖွဲ့(OPEC)တွင် တတိယအကြီးမားဆုံးသော ရေနံထုတ်လုပ်တင်ပို့သည့်နိုင်ငံများဖြစ်ကြသည်။

ယခုဖြစ်ရပ်တွင် နိုင်ငံခြားသားပိုင် ကုန်သွယ်သင်္ဘော ၄ စီးကို ပစ်မှတ်ထား၍ တိုက်ခိုက်ဖျက်ဆီးခြင်းဖြစ်ပြီး၊ ဆော်ဒီရေနံတင်သင်္ဘောနှစ်စီးမှာမူ သိသာထင်ရှားစွာ ဖျက်ဆီးခံလိုက်ရခြင်းဖြစ်ကြောင်း ဆော်ဒီအာရေဗျနိုင်ငံ စွမ်းအင်ဝန်ကြီးကပြောသည်။ သို့ရာတွင် ထိုသို့တိုက်ခိုက်ဖျက်ဆီးခံရမှုကြောင့် ရေနံများပင်လယ်တွင်းသို့ ယိုဖိတ်ကျရောက်မှုမရှိခဲ့ကိုလည်း သူကပြောသည်။ လက်ရှိအချိန်မှာ ပင်လယ်ကွေ့ဒေသတွင် အမေရိကန်နှင့် အီရန်တို့ ဆက်ဆံရေးတင်းမာနေချိန်ဖြစ်သည်။

No comments:

Post a Comment