Tuesday, May 14, 2019

တောင်ကြီးမြို့ရှိ အစိုးရဝန်ထမ်းအိမ်ရာ တစ်ခုမှ နေ့စဉ် အမှိုက်မီးရှို့နေမှုကြောင့် ပတ်ဝန်းကျင် နေသူများ အခက်အခဲ ဖြစ်နေရ

တောင်ကြီးမြို့၊ သစ်တောရပ် ကွက်၊ အရှေ့မြို့ပတ်လမ်း၊ ပြည် နယ်ဝန်ကြီးချုပ် နေအိမ်အနီးရှိ အစိုးရဌာနဆိုင်ရာ ဝန်ထမ်းအိမ်ရာ တစ်ခုမှ နေ့စဉ် အမှိုက်မီးရှို့နေမှု ကြောင့် ပတ်ဝန်းကျင်ဒေသခံပြည်သူ များ မီးခိုးငွေ့ကို နေ့စဉ် ရှူရှိုက် နေ ရပြီး အခက်အခဲများ ဖြစ်ပေါ်နေ သည့်အတွက် တာဝန်ရှိသော ဌာန ဆိုင်ရာများအနေဖြင့် အမြန်ဆုံး လာ ရောက် ဖြေရှင်းပေးစေလိုသည်ဟု တောင်ကြီးမြို့နေ ဒေသခံပြည်သူ တစ်ဦးဖြစ်သူ မပေါက်က ကမ္ဘောဇ တိုင်းသို့ ပြောကြားခဲ့သည်။

''မီးရှို့တဲ့အတွက် ပတ်ဝန်းကျင် ပြည်သူလူထုအတွက်လည်း စိတ် အနှောင့်အယှက်ဖြစ်ရသလို မီးဘေး အန္တရာယ် လည်း ကြောက်ရတယ်။ လေထုအတွက်လည်း မကောင်းဘူး။ မီးခိုးတွေက လေထုထဲကို ပြန့်သွားတယ်။ အဲဒီပတ်ဝန်းကျင်မှာဆိုရင် သက်ကြီးရွယ်အိုတွေ များတယ်။ မီးခိုးငွေ့တွေကို ရှူနေရတာက အန္တ ရာယ်များတယ်ဆိုတာ သက်ဆိုင် ရာဌာနကို သိစေချင်တယ်။ ထိထိ ရောက်ရောက်လည်း ဖြေရှင်း ပေး စေချင်ပါတယ်''ဟု ၎င်းက ပြောသည်။
ထို့အတူ သစ်တောရပ်ကွက်နေ အစိုးရဝန်ထမ်းတစ်ဦးမှလည်း ''ကျွန်မတို့အိမ်ဘေးနားမှာက ဝန်ထမ်းအိမ်ရာတွေပါ။ ဆည်မြောင်းဝန်ထမ်း အိမ်ရာ၊ ရဲဝန်ထမ်း အိမ်ရာတွေရှိပါ တယ်။ အဲဒီအိမ်ရာတွေကနေ သစ်ရွက်ခြောက်တွေကို မီးရှို့ကြတယ်။ အဲဒီမီးခိုးငွေ့တွေက အိမ်ဘက်ကို လာ တယ်။ သစ်ရွက်ခြောက်ကိုပဲရှို့တာ လား၊ အမှိုက်ကိုပဲ ရှို့တာလားတော့ မသိဘူး။ ကျွန်မတို့မှာ နေ့တိုင်းမီးခိုး ငွေ့တွေကို ရှူရှိုက်နေရတယ် တစ်ခါ တလေ အိမ်ထဲမှာျြေု တပ်ပြီး နေ ရတယ်။ မီးခိုးတွေက လေထဲကိုပြန့် သွားတော့ လေထုညစ်ညမ်းပြီး ကျန်းမာရေးပြဿနာတွေဖြစ်လာ မယ်။ စည်ပင်ကိုစာတင်ထားတယ်။သူတို့ကတော့ သွားပြောထားတယ် လို့ပြောတာပဲ။ ကျွန်မတို့ ပတ်ဝန်း ကျင်သာမက တစ်မြို့လုံးအနေနဲ့ အမှိုက်တွေကို မီးမရှို့ဖို့ သက်ဆိုင် ရာဌာနတွေအနေနဲ့ ထိထိရောက် ရောက် တားမြစ်ပေးစေချင်ပါတယ်''ဟု ၎င်း၏အမြင်ကို ပြောဆိုခဲ့သည်။
အဆိုပါဝန်ထမ်းအိမ်ရာဝင်း အတွင်း နေ့စဉ် နံနက် ၆ နာရီမှ ၈ နာရီအကြား အမှိုက်နှင့် သစ်ရွက် ခြောက်များကို မီးရှို့လေ့ရှိပြီး ရံဖန် ရံခါ ညနေပိုင်းအချိန်များတွင် လည်း မီးရှို့လေ့ရှိကာ ခြောက်သွေ့ ရာသီဖြစ်သော ဇန်နဝါရီလမှ မတ်လ အထိ ကာလအတွင်း အများဆုံးမီးရှို့ လေ့ရှိကြောင်း ဒေသခံပြည်သူများ ထံမှ သိရသည်။
ယင်းဝန်ထမ်းအိမ်ရာအနီးဝန်းကျင်တွင် စီးပွားဖြစ် ဂက်စ်အိုးများ သိုလှောင်သည့် အဆောက်အဦလည်း တည်ရှိနေသဖြင့် မလိုလားအပ်သည့် မီးဘေးအန္တရာယ် ဖြစ်ပေါ်လာမည်ကို ဒေသခံပြည်သူများမှ စိုးရိမ်နေကြ ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ရုံး စိုက်ရာဒေသဖြစ်သော တောင်ကြီး မြို့ပေါ်တွင် ရပ်ကွက် ၂၂ ခု ရှိသည့် အနက် သစ်တောရပ်ကွက်သည် အစိုးရရုံးဌာနနှင့် ဝန်ထမ်းအိမ်ရာများ အများဆုံး တည်ရှိနေသည့် ရပ်ကွက် တစ်ခုဖြစ်ပြီး အခြားမြို့ပေါ်ရပ်ကွက် များတွင်လည်း ဌာနဆိုင်ရာဝန်ထမ်း အိမ်ရာအချို့ရှိနေကြောင်း သိရသည်။

No comments:

Post a Comment