Tuesday, May 14, 2019

မလေးရှားက IS နှင့် ဆက်နွှယ်သော စစ်သွေးကြွ လေးဦးအား ဖမ်းဆီးပြီး ဖောက်ခွဲရေး ပစ္စည်းများကို သိမ်းဆည်း

ဖောက်ခွဲရေးပစ္စည်းများ လက်ဝယ် ထားရှိပြီး မွတ်စလင် မဟုတ်သည့် အခြားဝတ်ပြု နေရာများအား တိုက်ခိုက်ရန် စီစဉ်နေသည့် IS ဂျီဟတ်အဖွဲ့နှင့် ဆက်နွှယ်သည့် စစ်သွေးကြွ လေးဦးကို ဖမ်းဆီးခဲ့ကြောင်း မလေးရှား ရဲတပ်ဖွဲ့က မေ ၁၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ထိုအဖွဲ့အား ဦးဆောင်သည့် မလေးရှား တစ်ဦး၊ မြန်မာမှ ဘင်္ဂ࿿ါလီ မွတ်စလင် နှစ်ဦးနှင့် အင်ဒိုနီးရှား တစ်ဦး တို့ပါဝင်သည့် ထိုသံသယ ရှိသူများအား ပြီးခဲ့သော သီတင်းပတ်တွင် မြို့တော် ကွာလာလမ်ပူ တစ်ဝန်းနှင့် နိုင်ငံအရှေ့ပိုင်း တီရန်ဂါနူပြည်နယ်တို့၌ စီးနင်းမှုများအတွင်း ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။



IS အဖွဲ့ငယ်မှ ဖြစ်သည့် ထိုသံသယ ရှိခံရသူများသည် ထင်ရှားသည့် လူပုဂ္ဂိုလ် တစ်ဦးချင်းစီကို လုပ်ကြံ သတ်ဖြတ်ရန်နှင့် ဟိန္ဒူ၊ ခရစ်ယာန်နှင့် ဗုဒ္ဓဘာသာများ၏ ဝတ်ပြုနေရာများကို တိုက်ခိုက်ရန် စီစဉ်ထားခဲ့ကြောင်း မလေးရှားရဲချုပ် အဗ္ဗဒူဟာမက်ဘာဒေါက ပြောကြားခဲ့သည်။


ထင်ရှားသည့် ပုဂ္ဂိုလ်များသည် မည်သူမည်ဝါများ ဖြစ်ကြောင်းကိုမူ ゞင်းက အသေးစိတ် မပြောကြားခဲ့ပေ။ စီးနင်း ဖမ်းဆီးမှုအတွင်း ရဲတပ်ဖွဲ့သည် ဖောက်ခွဲရေးပစ္စည်း ခြောက်ခု၊ ပစ္စတို တစ်လက်နှင့် ကျည် ၁၅ တောင့်တို့အား သိမ်းဆည်း ရမိခဲ့ကြောင်း ရဲချုပ်က ပြောကြားခဲ့သည်။

ပြီးခဲ့သောနှစ်တွင် ကွာလာလမ်ပူ အပြင်ဘက်၌ အိန္ဒိယ ဟိန္ဒူဘုရားကျောင်း တစ်ခုတွင် ဖြစ်ပွားခဲ့သည့် အဓိကရုဏ်းများအတွင်း မွတ်စလင် မီးသတ်သမား တစ်ဦး အသတ်ခံခဲ့ရမှုအား လက်တုံ့ပြန်ရန်အတွက် တိုက်ခိုက်ရန် ထိုသံသယရှိသူများက စီစဉ်ထားခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။

ဖမ်းဆီးခံခဲ့ရသည့် ဘင်္ဂ࿿ါလီ မွတ်စလင် နှစ်ဦးအနက် တစ်ဦးက မြန်မာနိုင်ငံတွင် လုံခြုံရေး တပ်ဖွဲ့ဝင်များအား တိုက်ခိုက်ခဲ့သည့် ARSA အကြမ်းဖက်အဖွဲ့အား ထောက်ခံကြောင်း ဝန်ခံပြောကြားခဲ့သည်။ ARSA အကြမ်းဖက်အဖွဲ့သည် ကွာလာလမ်ပူရှိ မြန်မာ သံရုံးအား ပစ်မှတ်ထားရန်လည်း စီစဉ်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။

နောက်ထပ် ဘင်္ဂ࿿ါလီ မွတ်စလင်တစ်ဦး ဖြစ်သည့် အသက် ၂၅ နှစ်ရှိ အလုပ်ကြမ်းသမား တစ်ဦးက သူသည် IS အဖွဲ့နှင့် ဆက်နွှယ်သည့် စစ်သွေးကြွ တစ်ဦးဖြစ်ကြောင်း ဝန်ခံခဲ့သည်ဟု ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။

ဖျော်ဖြေရေး နေရာများအား တိုက်ခိုက်ရန် စီစဉ်ထားသည်ဟု သံသယ ရှိခံခဲ့ရသည့် ထိုအကြမ်းဖက်အဖွဲ့မှ အခြားအဖွဲ့ဝင် သုံးဦးကိုလည်း ရဲတပ်ဖွဲ့က လိုက်လံ ရှာဖွေနေသည်။

မလေးရှားသည် သဘောထား အလယ်အလတ် ရှိသော အစ္စလာမ္မစ် လမ်းစဉ်ကို ကျင့်သုံးသည်ဟု ရှုမြင်ခံခဲ့ရပြီး မကြာသေးမီ နှစ်များအတွင်း သိသာ ထင်ရှားသော အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ခြင်း မရှိပေ။

သို့သော် အရှေ့အလယ်ပိုင်း ဒေသတွင် IS ဂျီဟတ်အဖွဲ့က နယ်မြေ ထိန်းချုပ်မှုများအား ဆုံးရှုံးခဲ့ရပြီးနောက် မလေးရှားသို့ ဦးတည် ထွက်ခွာလာနေသည့် မလေးရှားနှင့် ဒေသတွင်းရှိ အခြားနိုင်ငံများမှ စစ်သွေးကြွများ၏ အန္တရာယ်ကို မလေးရှားလုံခြုံရေးများ က တပ်လှန့်ထားသည်။

No comments:

Post a Comment