Tuesday, May 14, 2019

ဟံသာဝတီလေဆိပ်ကို ဂျပန်အကူအညီဖြင့် ဆောင်ရွက်ရန် ကြိုးပမ်း

ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ်တည်ဆောက်ရေးနှင့်ပတ်သက်ပြီး တင်ဒါအောင်မြင်ထားသည့်ကုမ္ပဏီနှင့် စာချုပ်ရပ်ဆိုင်းသွားခဲ့သော်လည်း ဂျပန်နိုင်ငံ၏အကူအညီဖြင့် ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် ကြိုးပမ်းနေကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးဝင်းခန့်ကပြောကြားသည်။ြ ပန်ကြားရေးဝန်ကြီးဌာနတွင် မေ၁၃ရက်ကကျင်းပသော အစိုးရ၏ တတိယနှစ်အတွင်းဆောင်ရွက်ချက်များနှင့်စပ်လျဉ်းသည့် သ တင်းစာရှင်းလင်းပွဲတွင် ၄င်းကပြောကြားခဲ့ခြင်းဖြစ်သည်။



''ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ်ကလည်း မရှိမဖြစ်လိုအပ်တဲ့လေယာဉ်ကွင်းဖြစ်တဲ့အတွက် ဂျပန်နိုင်ငံအကူ အညီနဲ့ ဆက်လက်ဆောင်ရွက်နိုင်ဖို့အတွက် အပြင်းအထန်ကြိုးပမ်းပြီးတော့မှ ညှိနှိုင်းဆောင်ရွက်လျက်ရှိပါတယ်''ဟု ဆိုသည်။

အဆိုပါဝန်ကြီးဌာနသည် ဟံသာဝတီလေဆိပ်ကို ဂျပန်ချေးငွေဖြင့်ဆက်လက်အကောင်အထည်ဖော်သွားရန် ကြိုးပမ်းနေခြင်းဖြစ်ပြီး ဂျပန်နိုင်ငံ မြေယာအခြေခံအဆောက်အဦ၊ ခရီးသွားလာရေးနှင့် သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနနှင့် ညှိနှိုင်း နေခြင်းဖြစ်ကြောင်း လက်ထောက်အမြဲတမ်းအတွင်းဝန် ဦးအောင်ရဲထွန်းက ပြောသည်။

''ဒီလေဆိပ်ကြီးကို အနာဂတ်မှာဖြစ်လာမယ့် လေယာဉ်ဝင်ထွက်မှုကို နိုင်နင်းစွာကိုင်တွယ်နိုင်ဖို့ပေါ့။ အဲဒီအတွက် လောလောဆယ်တော့ ညှိနှိုင်းမှုပဲရှိ ပါသေးတယ်''ဟု ၄င်းက ပြောကြားသည်။

ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ်တည်ဆောက်ရေးစီမံကိန်းကို အစိုးရ၊ ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်သည့် PPPစနစ်ဖြင့်ဆောင်ရွက်ရန် ၂၀၁၂ခုနှစ်ကတည်းက တင်ဒါခေါ်ယူခဲ့သည်။

တင်ဒါခေါ်ယူခဲ့ရာတွင် ဂျပန်ကုမ္ပဏီ JGC-Yangnam- Changi Airport International ကတင်ဒါအောင်မြင်ခဲ့ပြီး မူဘောင်သဘောတူညီချက် ထိုးနိုင်ခဲ့သော်လည်း ကုမ္ပဏီဘက်မှဆက်လက်ဆောင်ရွက်ခြင်းမရှိသကဲ့သို့ သဘောတူညီချက်ကို သက်တမ်းမတိုးခဲ့သည့်အ တွက်လည်း ပြီးခဲ့သည့်ဇန်နဝါရီတွင် သက်တမ်းကုန်ခဲ့သည်။

''ဟံသာဝတီလေဆိပ်က ကျွန်တော်တို့နိုင်ငံရဲ့ လေကြောင်းခရီးသွားလာမှုမှာ Major Gate Wayတစ်ခု။ အဲ တစ်ခုအဖြစ် ဆောက်ကိုဆောက်ဖို့လိုတယ်''ဟု ဦးအောင်ရဲထွန်းကပြောသည်။

အဓိကအားဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရော လဆိပ်တစ်ခုတည်းသာရှိနေပါက အနာဂတ်တွင် လေယာဉ်အဝင်အထွက်နှင့်ပတ်သက်ပြီး နိုင်နင်းစွာမဆောင်ရွက်နိုင်မည်ကို စိုးရိမ်သောကြောင့် ကြိုတင်ပြင်ဆင်နေခြင်းဖြစ်သည်။

တင်ဒါပြန်ခေါ်မည်သို့မဟုတ် အစိုးရကိုယ်တိုင်ဆောင်ရွက်မည်ဆိုသည်ကိုမူ လတ်တလောမဆုံးဖြတ်ရသေးပေ။

''လောလောဆယ်တော့ ဂျပန်နိုင်ငံရဲ့ချေးငွေနဲ့ ကျွန်တော်တို့ဆောင်ရွက်မှာပေါ့။ အဲဒီတော့ Facility Study လုပ်မယ်။ အဖြေရပြီဆိုရင် ကျွန်တော်တို့ပြောပါမယ်''ဟု ဦးအောင်ရဲထွန်းက ပြောသည်။

လက်ရှိတွင် ပထမဆုံးPPPဆောင်ရွက်မှုအနေဖြင့် ဟဲဟိုး၊ မော်လမြိုင်နှင့်ကော့သောင်းလေဆိပ်များကို အကောင်အ ထည်ဖော်ရန်တင်ဒါခေါ်ယူထားပြီး စာချုပ်ချုပ်ဆိုရန်အတွက် ညှိနှိုင်းသည့်အဆင့်သို့ရောက်ရှိနေပြီဖြစ်ကြောင်း အမြဲ တမ်းအတွင်းဝန်ကပြောသည်။

မူဆယ်လေဆိပ်ဖွံ့ဖြိုးရေးစီမံကိန်းအတွက်လည်း တင်ဒါခေါ်ယူထားရာ ကုမ္ပဏီ ၆ခု ကို ပဏာမရွေးချယ်ထားပြီးဖြစ်သည်။

မြန်မာနိုင်ငံတွင် အပြည်ပြည်ဆိုင်ရာလေဆိပ်များအဖြစ် ရန်ကုန်၊ မန္တလေးနှင့်နေပြည်တော်လေဆိပ်သုံးခုရှိနေပြီး ခရီး သည်ဝင်ရောက်မှုသည်လည်း တိုးတက်လျက်ရှိသည်။

၂၀၁၆ခုနှစ်က ခရီးသည်၉ဒသမ၂၆သန်းသာဝင်ရောက်ခဲ့ သော်လည်း ၂၀၁၈ခုနှစ်တွင်မူ ၁၀သန်းနီးပါးဝင်ရောက်လာကြောင်း အမြဲတမ်းအတွင်းဝန်က ဆိုသည်။

No comments:

Post a Comment