Tuesday, May 14, 2019

မ​ကွေးမြို့တွင် အပူ​ရှောင်​စခန်း ​၄ ခု ဖွင့်လှစ်

ရာသီဥတု အပူဒဏ်​ကာကွယ်​နိုင်​ဖို့အတွက်​ မ​ကွေးမြို့မှာ ပထမဦးဆုံး အ​နေနဲ့ အပူ​ရှောင်​စခန်း ​လေးခု ဖွင့်လှစ်​​ပေးထားပါတယ်။ ​မ​ကွေးတိုင်းမှာ ရာသီဥတုက အရင်နှစ်တွေကထက်ပူပြင်းလာ​လို့ မ​ကွေးတိုင်း​ဒေသကြီး ​ဘေးအန္တရယ်​ဆိုင်​ရာ စီမံခန့်​ခွဲမှု ဦးစီးဌာနနဲ့ မြို့နယ်​အ​ထွေ​ထွေ အုပ်​ချုပ်​​ရေးဦးစီးဌာနရဲ့ အစီမံနဲ့ အပူ​ရှောင်​စခန်း ၄ ခုဖွင့်ဖို့ဆုံးဖြတ်​ခဲ့တာလို့ မ​ကွေးမြို့ ​အောင်​ချမ်းသာရပ်​ကွက်​ အုပ်​ချုပ်​​ရေးမှူး ဦးမြင့်​ဇော်​ကပြောပါတယ်။



သက်​ကြီးဘိုးဘွား​တွေ အပူဒဏ်​ကို ပြင်းပြင်းထန်​ထန်​ ခံစား​နေရတာကို ​သက်သာအောင် အရိပ်​အာဝါသ​ကောင်းတဲ့ ဘုန်​ကြီး​ကျောင်း​တွေကို ​ရွေးချယ်​ပြီး အပူရှောင်စခန်းတွေ ဖွင့်လှစ်​​ပေး တာလို့ မ​ကွေးတိုင်း​ ​ဘေးအန္တရာယ်​ဆိုင်​ရာ စီမံခန့်​ခွဲမှု ဦးစီးဌာန ဦးစီးမှူး ဦးမြင့်စိုးက ပြောပါတယ်။

“အပူ​ရှောင်​စခန်းတခုကို ရန်​ပုံ​ငွေ ကျပ် ခုနှစ်သိန်းခွဲနှုန်းနဲ့ ​ဆောက်​လုပ်​ဖို့ ခွင့်ပြုထားပြီးဖြစ်​တယ်​။ အရိပ်​​ကောင်းပြီး ကျယ်​ပြန့်​တဲ့ ဘုန်းကြီး​ကျောင်း​တွေကို​ရွေးချယ်​ထားပြီး အ​ဆောက်​ဦ ဆောက်​ဖို့လိုအပ်​တဲ့​နေရာ​တွေမှာ ထန်းလက်​မိုး ကွပ်​ပျစ်​ခင်း နှစ်​နေရာပြုလုပ်​​ ပေးထားပါတယ်​။ အပူ​ရှောင်​စခန်း​တွေအတွက်​ အ​ရေး​ပေါ် ကျန်းမာ​ရေး​​ စောင့်ရှောက်​မှု​ပေးနိုင်​ဖို့ အတွက်​ မိုဘိုင်း​ဆေးခန်း​တွေ ဖွင့်လှစ်​​ပေးဖို့ ကျန်းမာ​ရေးဌာနနဲ့ ညှိနှိုင်းထားပြီးဖြစ်​တယ်​။ အပူ​ရှောင်​စခန်းတခုကို လူဦး​ရေ ၁၅၀ ​လောက်​ နားခိုလို့ရပါတယ်​။ မနက်​ ၉ နာရီက​နေ ည​နေ ၄ နာရီထိဖွင့်လှစ်​ထားပြီး ဘိုးဘွား​တွေကို ​နေလည်​စာ​ကျွေး​မွေးပါတယ်​။ သွား​ရေးလာ​ရေး အဆင်​မ​ပြေသူ​တွေအတွက်​ အကြိုအပို့ လုပ်​​ပေးဖို စီစဉ်​ထားရှိပါတယ်​”လို့ ပြောပါတယ်​။

မ​ကွေးမြို့​ကျောင်းထိုင်​ဘုန်းကြီး​ကျောင်းတိုက်​၊ သာသနဗိမ္ဗာန်​​ကျောင်းတိုက်​၊ မဟာ ဓမ္မိကာရာမ​ကျောင်းတိုက်​၊ ရတနာသိဒ္ဓိ​ကျောင်းတိုက်​စတဲ့​လေး​နေရာမှာ အပူရှောင်စခန်းတွေ ဖွင့်လှစ်​​ပေးထားပါတယ်။ လတ်တလော​ ကျောင်းထိုင်​ဘုန်းကြီး​ကျောင်းတိုက် အပူ​ရှောင်​စခန်းမှာ ဒေသခံ ၇၅ ဦးလောက် လာ​ရောက်​ အပူ​ရှောင်​​နေကြပါတယ်​။ အပူသက်​သာ​စေရန်​ရည်​ရွယ်​ပြီး ဝါးစို​တွေနဲ့ ကွပ်​ပျစ်​​တွေထိုး​ပေးပြီး တပင်​တိုင်​​သောက်​​ရေအိုးစင်​​တွေလည်း ပြုလုပ်​​ပေးထားတာပါ၊ ​နောက်​ရက်​​တွေမှာ ကျန်းမာ​ရေး ဌာနက သူနာပြု ဆရာမ ၂ ဦးထားရှိ​ပေးဖို့ အစီအစဉ်ရှိပါတယ်​။

မ​ကွေးမြို့​အောင်​​မေတ္တာရပ်​ကွက်​မှ အပူ​ရှောင်​သူ ဦးပန်းစိန်​က “အိမ်​မှာ​နေတာနဲ့စာရင်​ အဘိုးအဘွား​တွေအတွက်​ ဒီစခန်းမှာ ​အေး​အေးချမ်းချမ်း​နေရပြီး အစား​သောက်​​တွေလည်း စီစဉ်​​ပေး​တော့ စိတ်​ချမ်းသာပါတယ်​။ ဒီလိုစခန်း​တွေမရှိရင်​ အပူရှိန်​ပြင်းပြီး အသက်​ဆုံးရှုံးနိုင်​တယ်​လို့”​ပြောပါတယ်​။

မ​ကွေးမြို့ ရန်​ကင်းရပ်​ကွက်​မှ ​ဒေါ်ဆန်းယဉ်​က “အိမ်မှာအပူရှိန်ပြင်းပြီး ​​အပူ​ရှောင်​စခန်းမှာ ​အေး​အေးချမ်းချမ်းနဲ့ ​နေမထိုး​အောင်​ အရိပ်​စ​တွေ ကာ​ပေးထားတယ်​။ ကွပ်​ပျစ်​​တွေထိုး​ပေးပြီး၊ ​သောက်​​ရေအိုး​တွေလည်း ​အေး​အေး​လေး​သောက်​ရ​အောင်​ စီစဉ်​​ပေးထားတဲ့အတွက်​ စီစဉ်​​ပေးတဲ့သူ​တွေကို ​ကျေးဇူးတင်​ပါတယ်​လို့”ဆိုပါတယ်​။

အလားတူ ပခုက္ကူမြို့ ပုထိုး​တော်​ကြီး ဘုန်းကြီး​ကျောင်းမှာလည်း အပူ​ရှောင်​တဲအလုံး ၂၀ တည်​​ဆောက်​​ပေးပါတယ်။

ချောက်​မြို့မှာ​တော့ မြို့နယ်​အ​ထွေ​ထွေအုပ်​ချုပ်​​ရေးဦးစီးဌာနနဲ့ ပရဟိတအဖွဲ့​တွေ ပူး​ပေါင်းပြီး အပူ​ရှောင်​စခန်းအခု ၂၀ ခန့်​တည်​​ဆောက်​ထားတယ်​လို့ မ​ကွေးတိုင်း​ ​ဘေးအန္တရာယ်​ဆိုင်​ရာ စီမံခန့်​ခွဲမှု ဦးစီးဌာနက သိရပါတယ်​။

ယခုနှစ်​ ​နွေရာသီမှာ မြန်​မာပြည်​အလယ်​ပိုင်း မ​ကွေးတိုင်း​ဒေသကြီးဟာ ယခင်​နှစ်​​တွေကထက်​ အပူချိန်​ စံချိန်​တင်​မြင့်မား​နေတာပါ။

No comments:

Post a Comment