Tuesday, May 14, 2019

ရွှေဘိုထောင်မှ Live လွှင့်သူအပါအဝင် အကျဉ်းသားသုံးဦးနှင့် ဖုန်းခိုးသွင်းသည့် ဝန်ထမ်းတို့ကို ထောင်ဒဏ်ခြောက်လစီချမှတ်

ရွှေဘိုအကျဉ်း ထောင်အတွင်း ဆူပူမှုဖြစ်စဉ်ကို ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်တွင် Live လွှင့်တင်ခဲ့သူအပါအ၀င် အ ကျဉ်းသားသုံးဦးနှင့် ဖုန်းခိုးသွင်း သည့် အကျဉ်းထောင်ဝန်ထမ်း တစ်ဦးတို့ကို  မေလ ၁၃ ရက်က ထောင်ဒဏ်ခြောက်လစီ ချမှတ် ခဲ့ကြောင်း အကျဉ်းဦးစီးဌာနမှ  တာဝန်ရှိသူတစ်ဦးကပြောသည်၊၊ ‘‘တရားရုံးကို ဦးတိုက် လျှောက်တဲ့အတွက် အမိန့်ချ လိုက်တာ’’ဟု ၄င်းက 7Day Daily သတင်းစာအား ယမန်နေ့ ညနေတွင် ပြောသည်။
ရွှေဘိုမြို့မရဲစခန်းတွင် အ ကျဉ်းထောင် အက်ဥပဒေပုဒ်မ ၄၂ ဖြင့်အကျဉ်းသားသုံးဦးနှင့် ထောင်ဝန်ထမ်းတို့ကို အမှုဖွင့် ထားခြင်းဖြစ်ပြီး တရားရုံးဦး တိုက်လျှောက်ကာ ယင်းပုဒ်မ၏ အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ် ခြောက်လစီ ချမှတ်လိုက်ခြင်း ဖြစ်ကြောင်း အထက်ပါပုဂ္ဂိုလ်က ပြောသည်၊၊ ထို့အပြင် ရွှေဘိုမြို့နယ်တ ရားရုံးတွင် ပြစ်ဒဏ်ချမှတ်ခြင်း ဖြစ်သည်ဟု ရှေ့နေတစ်ဦးက ပြောသည်။ အကျဉ်းသားသုံးဦးကို အ ခြားပုဒ်မများဖြင့် အမှုထပ်ဖွင့်ရန် ရှိသေးသော်လည်း ထောင်ဝန် ထမ်းမှာမူ မပါဝင်တော့ကြောင်း  အကျဉ်းဦးစီးမှ တာဝန်ရှိသူကဆို သည်။

No comments:

Post a Comment