Tuesday, May 14, 2019

ချယ်လ်ဆီးမှ ထွက်ခွာရန် သေချာဟု ဟာဇက်ပြောကြား

ရီးရဲလ်သို့ ပြောင်းရွှေ့ မည်ဟု သတင်းထွက်နေသော ဘယ်လ်ဂျီယံတိုက်စစ်မှူး ဟာ ဇက်က ချယ်လ်ဆီးအသင်းတာဝန် ရှိသူများအား ၎င်း၏အနာဂတ် ဆုံးဖြတ်ချက်ကို ပြောကြားထား သည်ဟု ပြောသည်။ ချန်ပီယံလိဂ်ဝင်ခွင့်က အ သင်းတွင် ဆက်လက်နေရန် အ ကြောင်းရင်းဖြစ်လာဖွယ် ရှိပါသ လားဆိုသော    မေးခွန်းနှင့်ပတ် သက်၍  ‘‘ဟင့်အင်း ကျွန်တော်အဲ ဒီလိုမထင်မိဘူး။ ကျွန်တော်ဆုံး ဖြတ်ပြီးပါပြီ။ ဒါပါပဲ။ ပြီးခဲ့တဲ့နှစ် ပတ်လောက်က ကျွန်တော်အ သင်းကို ပြောထားပြီးပါပြီ’’ ဟု ဟာဇက်ကပြောသည်။ ချယ်လ် ဆီးအနေဖြင့် နည်းပြဆာရီနှင့် ဆက်လက် လက်တွဲရန် ၎င်းက တိုက်တွန်းသည်။



ချယ်လ်ဆီးတွင် ယခုရာသီ ပရီးမီးယားလိဂ်၌ ၁၆ ဂိုးသွင်းပြီး ၁၅ ဂိုးဖန်တီးထားသော ဟာဇက် (၂၈) နှစ်ကို ဆုံးရှုံးရမည်ဆိုပါက ကစားသမား ဝယ်ယူခွင့်ပိတ်ပင်ခံ ရသည့် ချယ်လ်ဆီးအနေဖြင့် ကြီး မားသော ထိုးနှက်ချက်ဖြစ်လာ မည် ဖြစ်သည်။ ပရီးမီးယားလိဂ်နောက်ဆုံး ပွဲတွင် လက်စတာနှင့် ဂိုးမရှိသ ရေကျသောပွဲ၌ လူစားဝင်ကစား သော ဟာဇက်ကို အသင်းတွင် ဆက်နေရန် ချယ်လ်ဆီးပရိသတ် များက တောင်းဆိုခဲ့သည်။

ချယ်လ်ဆီးနည်းပြ ဆာရီက ဟာဇက်သည် ချယ်လ်ဆီးတွင် ခုနစ်ရာသီကစားပြီး    ပွဲတိုင်း အကောင်းဆုံး စွမ်းဆောင်ရန်ကြိုး စားခဲ့ရာ ယခုအခါ၎င်း၏ဆုံးဖြတ် ချက်ကို လေးစားရန်အချိန်ကျပြီ ဟု ပြောသည်။ သို့သော်ဟာဇက် ဆက်နေမည်ဟု မျှော်လင့်နေဆဲ ဖြစ်ကြောင်း ဆာရီက ပြောသည်။

ချယ်လ်ဆီးသည် စပါးထက် တစ်မှတ်အသာ တတိယနေရာ  ဖြင့် လာမည့်ရာသီချန်ပီယံလိဂ် ဝင်ခွင့်ရထားစဉ် ယူရိုပါလိဂ်ဗိုလ် လုပွဲတွင် အာဆင်နယ်နှင့် ယှဉ် ပြိုင်မည်ဖြစ်သည်။ ဟာဇက်၏ အသင်းပြောင်း ရွှေ့ကြေးကို ချယ်လ်ဆီးက ယူရို သန်း ၁၃၀ တောင်းထားစဉ်ပြောင်း ရွှေ့ခွင့်အခြေအနေ တိုးတက်လာ အောင် စောင့်ဆိုင်းနေသည်ဟု ၎င်းကပြောကြားသည်။

No comments:

Post a Comment