Tuesday, May 14, 2019

မန္တလေးခရိုင်တွင် မူးယစ်ရမ်းကားသူများကို အသွင်ယူဖမ်းဆီးရာ၌ တစ်ပတ်အတွင်း လူ ၂၀၀ ကျော်ဖမ်းဆီး

မန္တလေးခရိုင်၌ မူးယစ် ရမ်းကားသူများကို အထူးအဖွဲ့ များဖြင့် အသွင်ယူဖမ်းဆီးရာ တစ်ပတ် အတွင်းလူ ၂၀၀ ကျော် ဖမ်းမိကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့က မေလ ၁၂ ရက်တွင် သတင်းထုတ်ပြန်သည်။ မူးယစ်ရမ်းကားမှုများ၊ ဒုစ ရိုက်မှုများ လျော့ကျစေရန်အထူး  အဖွဲ့များဖြင့် အသွင်ယူဖမ်းဆီးရာ တွင် မန္တလေးခရိုင်၌ မေလ ၅ ရက်မှ ၁၁ ရက်အထိတစ်ပတ် အတွင်း ၁၆၁ မှုဖွင့်လှစ်အရေး ယူခဲ့ပြီး ၂၂၅ ဦးဖမ်းမိကြောင်း ထုတ်ပြန်ထားသည်။ ဖမ်းမိသည့် အမှုများအနက် ညပိုင်း၌ လက်နက်ကိုင်ဆောင် မှုသည် အများဆုံးဖြစ်ပြီး ဖမ်းဆီး ခံရသူများတွင် အမျိုးသမီး ၁၃ ဦး ပါဝင်ကြောင်း မြို့နယ်ရဲတပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးကပြောသည်။


တိုင်းဒေသကြီးရဲတပ်ဖွဲ့က ထုတ်ပြန်သည့် စာရင်းများတွင်  မေလ ၅ ရက်မှ ၁၀ ရက်အထိ မန္တလေးမြို့ပေါ်၌ အမှု ၈၀ ဖွင့် လှစ်အရေးယူခဲ့ပြီး ၁၀၇ ဦးကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း  ထုတ်ပြန်ချက်၌ ဖော်ပြထား သည်။

လွန်ခဲ့သော ရက်အနည်း ငယ်က မန္တလေးမြို့ပေါ်တွင် ည အချိန်၌ ဓားဖြင့်လိုက်လံခုတ်ခြင်း၊  ကားမှန်ရိုက်ခွဲခြင်း၊ ကျုံးအရှေ့  ဘက်တွင် ရဲတင်းဖြင့်ခုတ်ခြင်း၊  လေးခွဖြင့် ပစ်ခြင်းများဖြစ်ပွား ပြီးနောက် ရဲတပ်ဖွဲ့က လုံခြုံရေး  ကိုပိုမိုအားစိုက်လာသည်ဟု ထင် မြင်ကြောင်း မန္တလေးမြို့ခံကိုဇော် မင်းလွင်ကပြောသည်။

မေလ ၉ ရက်ကပြည်ကြီး တံခွန်မြို့နယ် ၇၃ လမ်းနှင့် ၇၄ လမ်းကြား၊ မင်္ဂလာလမ်းတွင်ဓား ရှည်ကိုင်ဆောင်သူ ခုနစ်ဦးကို အသွင်ယူထားသော ရဲတပ်ဖွဲ့ဝင် များက လိုက်လံဖမ်းဆီးစဉ်ဓား များဖြင့် ပြန်လည်ခုခံသော  ကြောင့် သေနတ်ဖြင့်ခြောက်လှန့် ဖမ်းဆီးခဲ့ကြောင်း ဒေသခံတစ်ဦး ကပြောသည်။

အသွင်ယူဖမ်းဆီးသည့်စနစ်   ကိုပြောင်းလဲကာ မှုခင်းများ မဖြစ် ပွားစေရန်ကြိုတင်ကာကွယ်ခြင်း အပေါ်ကြိုဆိုကြောင်း ချမ်းမြ သာစည်မြို့နယ်တိုင်းဒေသကြီး   လွှတ်တော်ကိုယ်စားလှယ် ဦးမြင့် အောင်မိုးကပြောသည်။

‘‘ကိုယ်တိုင်အသွင်ယူပြီးဖမ်း  တာဖြစ်တဲ့အတွက် မဖြစ်ပွားခင်  မှာ ကြိုတင်ဖမ်းဆီးမိတာတွေပါ ပါတယ်။ လွှတ်တော်ကိုယ်စား လှယ်တစ်ယောက်အနေနဲ့ရော၊ ပြည်သူတစ်ယောက်အနေနဲ့ရော ခုလို ဖမ်းဆီးတာတွေကိုကြို ဆိုပါတယ်။ နောင်လည်းစဉ်ဆက် မပြတ်လုပ်ဖို့အားပေးပါတယ်။   ဒါမှသာ မန္တလေးမြို့က ပြည်သူ တွေစိတ်အေးချမ်းသာစွာသွား လာနိုင်မယ်’’ ဟု ဦးမြင့်အောင်မိုး  ကသုံးသပ်သည်။ မူးယစ်ရမ်းကားသူများကို   အသွင်းယူဖမ်းဆီးသကဲ့သို့အခြား  မှုခင်းကိစ္စများတွင်လည်း  အသွင် ယူဖမ်းဆီးမှုများဆောင်ရွက်သင့် ကြောင်း ၎င်းကအကြံပြုသည်။

No comments:

Post a Comment