Tuesday, May 14, 2019

ဖိလစ်ပိုင် သက်တမ်းလယ် ရွေးကောက်ပွဲများတွင် လွှမ်းမိုးနိုင်ရန် သမ္မတဒူတာတေး၏ မဟာမိတ်များ ကြိုးပမ်း

မဲစာရွက်တွင် ဖိလစ်ပိုင် သမ္မတ ဒူတာတေး၏အမည် မပါဝင်သော်လည်း မေ ၁၃ ရက်တွင် ကျင်းပခဲ့သော သက်တမ်းလယ် ရွေးကောက်ပွဲများသည် တရားမဝင် မူးယစ်ဆေးဝါးများအား ရက်ရက်စက်စက် နှိမ်နင်းမှု၊ အစဉ်အလာများအား ချိုးဖောက်မှုနှင့် တရုတ်အား အငြင်းပွားဖွယ်ရာ လက်ခံကြိုဆိုမှု ရှိခဲ့သည့် သမ္မတ၏ အုပ်ချုပ်မှုကို အရေးပါသော လူထုဆန္ဒခံယူပွဲအဖြစ် ရှုမြင်ခံရသည်။ ဖိလစ်ပိုင်၏ ကွန်ဂရက်အမတ်နှင့် ဒေသဆိုင်ရာ ရာထူးနေရာ ၁၈၀ဝ၀ ခန့်ကို ရွေးချယ်ခံရရန် ကြိုးပမ်းနေသည့် ကိုယ်စားလှယ်လောင်း ၄၃၅၀ဝ ကို မဲပေးရန် မှတ်ပုံတင်ထားသည့် ဖိလစ်ပိုင် ပြည်သူ ၆၂ သန်း နီးပါးက မဲပေးရွေးချယ်ရမည် ဖြစ်သည်။



ဒူတာတေးက ゞင်း၏ ဥပဒေပြုရေးဆိုင်ရာ အာဂျင်ဒါကို အရှိန်အဟုန် မြှင့်တင်ရန် ゞင်း၏ မဟာမိတ်များဖြင့် အားဖြည့်ရန် လိုလားနေသည့် အမတ်နေရာ ၂၄ နေရာရှိသည့် အထက်လွှတ်တော်မှ ၁၂ နေရာအတွက် ယခု ရွေးကောက်ပွဲသည် အရေးပါဆုံး ယှဉ်ပြိုင်မှု ဖြစ်သည်။ ထိုအာဂျင်ဒါများတွင် သေဒဏ်ပြစ်ဒဏ်ကို ပြန်လည် အသက်သွင်းရေး၊ ရာဇဝတ်မှု ကျူးလွန်သဖြင့် ပြစ်ဒဏ် ချမှတ်နိုင်သော အသက်အရွယ်ကို ထပ်မံလျှော့ချခြင်း၊ ဖက်ဒရယ်အစိုးရ ပုံစံတစ်ရပ်ကို ကူးပြောင်းရန် ခွင့်ပြုရန် မူလက ရည်ရွယ်ထားသော ၁၉၈၇ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြန်လည် ပြင်ဆင်ခြင်းတို့ ပါဝင်သည်။ ထိုပြင်ဆင်ခြင်းကြောင့် သမ္မတ သက်တမ်းများအား ကန့်သတ်ထားမှုကို ဖယ်ရှားရန် ဟန်ပြတစ်ခု ဖြစ်လာနိုင်ဖွယ်ရှိမှုကို ဝေဖန်သူအချို့ က စိုးရိမ်နေကြသည်။


အောက်လွှတ်တော်တွင် ဒူတာတေး၏ သစ္စာခံများက အခိုင်အမာ သြဇာလွှမ်းမိုးထားစဉ် အပြန်အလှန် ထိန်းကျောင်းမှု ပြုလုပ်နိုင်ရန်အတွက် အထက်လွှတ်တော်သည် နောက်ဆုံးခြေကုပ် ဖြစ်ကြောင်း အတိုက်အခံ ထောက်ခံသူများက ယူဆထားကြသည်။ ပြီးခဲ့သောနှစ်တွင် အရပ်ဘက် လွတ်လပ်ခွင့်များအား အားနည်းစေမည်ဟု စိုးရိမ်သည့် အောက်လွှတ်တော်မှ အဆိုပြု ဥပဒေကြမ်းများကို အထက်လွှတ်တော် အတိုက်အခံ အမတ်များက ဟန့်တားခဲ့ကြသည်။

ယခု ရွေးကောက်ပွဲသည် သက်တမ်း သုံးနှစ် ရှိလာပြီဖြစ်သော ဒူတာတေး အစိုးရ၏ ကိုင်တွယ်မှုများကို ဆန္ဒခံယူမှု ဖြစ်ကြောင်း၊ မိမိတို့သည် ၂၀၁၆ ခုနှစ် ရွေးကောက်ပွဲကို ထပ်မံ အတည်ပြု သို့မဟုတ် ပယ်ချ၊ မချကို ရွေးချယ်ပေးရမည် ဖြစ်ကြောင်း မနီလာအခြေစိုက် လေ့လာသုံးသပ်သူ ရစ်ချတ်ဟေဒါရီယံ က ပြောကြားခဲ့သည်။

အမှီအခိုကင်းသော သဘောထား စစ်တမ်းကောက်ယူသည့်အဖွဲ့ Pulse Asia က မေ ၃-၆ ရက်တွင် ထုတ်ပြန်ခဲ့သည့် စစ်တမ်းအရ ဒူတာတေး ကျောထောက်နောက်ခံပြု အထက်လွှတ်တော်အမတ် ကိုယ်စားလှယ် လောင်း ၁၁ ဦးနှင့် အတိုက်အခံ တစ်ဦးသာ ပါဝင်သည့် အခြားကိုယ်စားလှယ်လောင်း လေးဦးတို့သည် အနိုင်ရခြေရှိကြောင်း ဖော်ပြခဲ့သည်။ လူ ၁၈၀ဝ အား မေးမြန်းခဲ့သည့် ထိုစစ်တမ်းသည် မှားယွင်းနိုင်ခြေ ၂.၃ ရာ ခိုင်နှုန်း ရှိသည်။ ဒူတာတေး ကိုယ်တိုင်သည် ထောက်ခံမှု အလွန်အမင်း ရရှိထားပြီး သဘောထား စစ်တမ်းများတွင် ထောက်ခံမှု ရာခိုင်နှုန်း ၇၀ ခန့် ရရှိထားသည်။

သို့သော် မည်သူအား မဲပေးမည်ဟု မဆုံးဖြတ်ရသေးသူ အတော်အသင့်ရှိပြီး ကိုယ်စားလှယ်လောင်း အချို့အကြား ကွာဟမှု ကျဉ်းမြောင်းခြင်းကြောင့် ရလဒ်သည်  ပြောင်းလဲနိုင်ခြေ ရှိသည်။ 

No comments:

Post a Comment