Tuesday, May 14, 2019

GGS ကုမ္ပဏီကို အရေးယူပါက လျှပ်စစ်မီးပြတ်နိုင်၍ ယာယီစာချုပ်ဖြင့် ဆက်လက်လုပ်ကိုင်ခွင့်ပေးဟု ဝန်ကြီးပြော ဥပဒေနှင့် မညီဟု ဝေဖန်ခံရ

စာချုပ်စည်းကမ်းချိုး ဖောက်သည့် GGS ကုမ္ပဏီကို ဥပဒေနှင့်အညီ အရေးယူပါက ထားဝယ်ခရိုင်တစ်ခုလုံး လျှပ်စစ် မီးပြတ်နိုင်၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရေး လုပ်ငန်း ဆက်လက်လုပ်ကိုင်ခွင့်ပေးခြင်း ဖြစ်သည်ဟု တိုင်းအစိုးရအဖွဲ့ဝင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးအောင်သူရက ပြောသည်။ ‘‘အရေးယူလိုက်ပြီ၊ ရပ်နား လိုက်ပြီဆိုရင် ထားဝယ်မှာ အခု လက်ရှိမီးပေးဖို့ တခြားအဆင် သင့်မရှိဘူး။ ဒါကြောင့် ကျွန်တော် တို့က အခြေအနေ၊ အချိန်အခါ ကြည့်ပြီး ဆုံးဖြတ်ရတာ။ တင်ဒါမခေါ်ခင် စပ်ကြားမှာ မီး သေသွားမှာကြောက်လို့ သူ့(GGS ကုမ္ပဏီ) ကို အခွင့်အရေးတစ်ခုအ နေနဲ့ ပြန်ပေးထားတာပါ’’ ဟု ၎င်း ကရှင်းပြသည်။



တင်ဒါအသစ်မခေါ်မီ GGS ကုမ္ပ ဏီနှင့် ချုပ်ဆိုမည့်ယာယီစာချုပ်

တင်ဒါအသစ်ခေါ်ယူသည့် ကာလအတွင်း လျှပ်စစ်မီးမပြတ် ရန် GGS ကုမ္ပဏီနှင့် တိုင်းအစိုးရ အဖွဲ့ကြား ထားဝယ်ခရိုင်လျှပ်စစ် ဓာတ်အားထုတ်လုပ်၊ ဖြန့်ဖြူးရေး လုပ်ငန်းဆိုင်ရာ ယာယီစာချုပ်အ သစ်ကို ယခုနှစ်စက်တင်ဘာလ ကုန်အထိ ထပ်မံချုပ်ဆို၍ ယင်း ကုမ္ပဏီကို ဆက်လက်လုပ်ကိုင် ခွင့်ပေးမည် ဖြစ်သည်။

ထို့အပြင် လက်ရှိ GGS ကုမ္ပဏီက ယခင်ကောက်ခံနေ သည့် လျှပ်စစ်ဓာတ်အား တစ်ယူ နစ် ကျပ် ၂၀၀ အစား မေလကုန် ကစ၍ ထပ်တိုးကောက်ရန် စီစဉ် နေပြီး တိုးကောက်မည့်ဈေးနှုန်းကို မူ တိုင်းအစိုးရအဖွဲ့က သတ်မှတ် ပေးခြင်းမရှိသေးကြောင်း ဝန်ကြီး ဦးအောင်သူရက ပြောသည်။

လက်ရေးမူဖြင့် ဖြည့်ရေးထားသည့် မူလစာချုပ်

ထားဝယ်ခရိုင်လျှပ်စစ်ထုတ် လုပ်ရေး လုပ်ငန်းအတွက် GGS (Global Green Services) ကုမ္ပဏီနှင့် တိုင်းအစိုးရအဖွဲ့တို့ ၂၀၁၆ ဒီဇင်ဘာ ၆ ရက်တွင် စာ ချုပ်ချုပ်ဆိုခဲ့သည်။ ယင်းစာချုပ် ၏ အရေးကြီးသော နေရာများ၌ ကွပ်လပ်များချန်၍ နှစ်ဖက်လက် မှတ်ထိုးထားသဖြင့် အဂတိလိုက် စားမှုရှိ၊ မရှိ ကျွန်းစုမြို့နယ်အမျိုး သားလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဟိန်းက ၂၀၁၈ ဒီဇင်ဘာ ၂၁ ရက်က ကျင်းပသော ပြည် ထောင်စုလွှတ်တော်၌ မေးခွန်း ထုတ်ခဲ့သည်။

ယင်းသို့ မေးခွန်းထုတ်ပြီး နောက် တိုင်းအစိုးရအဖွဲ့ ယခင် လျှပ်စစ်ဝန်ကြီး ဦးကြည်လှိုင်က နှစ်ဖက်လက်မှတ်ထိုးထားသည့် ယင်းစာချုပ်သည် မူကြမ်းသာဖြစ် ပြီး စာချုပ်အချောတွင်မူ ကွပ်လပ် များဖြည့်စွက်ပြီးဖြစ်ကြောင်းတိုင်း လွှတ်တော်၌ ၂၀၁၈ အတွင်းပြု လုပ်သည့် ထားဝယ်ခရိုင် လျှပ်စစ် ကိစ္စကြားနာပွဲတွင် ပြောကြား သည်။

တနင်္သာရီတိုင်းလျှပ်စစ်ဝန် ကြီးအသစ် ဦးအောင်သူရကမူ ‘‘ကွပ်လပ်နေရာမှာ စက် ဘယ်နှ လုံးနဲ့ ဘယ်မဂ္ဂါဝပ်အထိ ထုတ် မယ်ဆိုတဲ့ဂဏန်းတွေကို လက် ရေးမူနဲ့ ဖြည့်ထားတယ်’’ ဟု ဆို သည်။ ထို့ကြောင့် လက်ရှိအချိန် အထိ အဆိုပါမူလစာချုပ်ကို ဥပ ဒေနှင့်အညီ ဖျက်သိမ်းခြင်းမပြုဘဲ လျှပ်စစ်မီးမပြတ်ရေး ယာယီစာ ချုပ်အသစ်တစ်ခု ထပ်မံချုပ်ဆို ရန် စီစဉ်နေခြင်းဖြစ်သည်ဟုတိုင်း လျှပ်စစ်ဝန်ကြီးက ရှင်းပြသည်။

တရားစွဲခံနေရသော GGS ကုမ္ပဏီ
GGS ကုမ္ပဏီသည် ယခင် ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့ လဲ့မော်၏ နေအိမ်ကို အဆမတန် သော ဈေးနှုန်းဖြင့် ဝယ်ယူ၍ လာဘ်ပေးခဲ့ခြင်း၊ ဝန်ကြီးချုပ် ဟောင်း၏ ခွင့်ပြုချက်ဖြင့် တိုင်း အတွင်း ဆောက်လုပ်ရေး လုပ် ငန်းအမျိုးမျိုး လုပ်ကိုင်ခွင့်ရယူ ခြင်း၊ ထားဝယ်ခရိုင် လျှပ်စစ် ထုတ်လုပ်ရေး စာချုပ်ပါ စည်း ကမ်းချက်များ ချိုးဖောက်ခြင်းတို့ ကြောင့် နိုင်ငံတော်၏ ဘဏ္ဍာငွေ များ ဆုံးရှုံးနစ်နာကြောင်း စစ် ဆေးပေါ်ပေါက်သည်။

ထို့ကြောင့် ဝန်ကြီးချုပ် ဟောင်း ဒေါက်တာလဲ့လဲ့မော်အ ပါအဝင် GGS ကုမ္ပဏီဒါရိုက်တာ၊ အထွေထွေမန်နေဂျာ၊ တာဝန်ခံ မန်နေဂျာတို့ လေးဦးကို လက်ရှိ တွင် အဂတိလိုက်စားမှုတိုက် ဖျက်ရေးကော်မရှင်က တနင်္သာရီ တိုင်း တရားလွှတ်တော်၌ အမှုတွဲ လေးမှုဖြင့် တရားစွဲဆိုထားသည်။

ဥပဒေနှင့်မညီသော တိုင်းအစိုးရ အဖွဲ့၏စီစဉ်မှု စာချုပ်စည်းကမ်းချိုးဖောက် မှု၊ လာဘ်ပေးမှုတို့ဖြင့် တရားစွဲခံ နေရသော GGS ကုမ္ပဏီနှင့် ထား ဝယ်ခရိုင် လျှပ်စစ်ဓာတ်အားထုတ် လုပ်၊ ဖြန့်ဖြူးရေးလုပ်ငန်းဆက် လုပ်ခွင့်အတွက် ယာယီစာချုပ် ချုပ်ဆိုရန် စီစဉ်နေခြင်းသည် ဥပဒေနှင့်မညီကြောင်း ဝါရင့်တ ရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့် က ထောက်ပြသည်။

‘‘ဥပဒေနဲ့မညီဘူး။ အဲဒါ တော့ အတိအကျပြောရဲတယ်’’ ဟု ၎င်းကဆိုသည်။ ၈၈ ငြိမ်းပွင့် (ထားဝယ်) အ ဖွဲ့ဝင်ဟောင်း ဒေါ်မိုးမိုးချစ်က ‘‘GGS ကုမ္ပဏီတာဝန်ရှိသူတွေကို ဖမ်းဆီးလိုက်ကတည်းက ကုမ္ပဏီ ကို ချိပ်ပိတ်ပြီး သိမ်းလိုက်ရမှာ။ မီးမပေးနိုင်တဲ့ကာလမှာ တိုင်း လျှပ်စစ်ဌာနက ဝင်ထိန်းရမှာ။ GGS ကို ပေးထားတဲ့တင်ဒါကို ဖျက်သိမ်းပြီး တင်ဒါအသစ်ပြန် ပေးမယ်ဆိုတာ အစိုးရက ကြေ ညာပေးရမှာ။ အစိုးရမှားနေတာ။ ဥပဒေအရ စာချုပ်ထပ်ချုပ်လို့ကို မရတာ။ ပြည်သူတွေကလည်း GGS ကုမ္ပဏီကို မလိုတော့ဘူး’’ ဟု မှတ်ချက်ပြုသည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များသည် နိုင်ငံတော်၏ ပြဋ္ဌာန်းဥပဒေများကို လေးစားလိုက်နာ၍ ဥပဒေနှင့်အ ညီသာ လုပ်ကိုင်ဆောင်ရွက်ရ မည်ဟု ပြဋ္ဌာန်းထားသည်။

No comments:

Post a Comment