Tuesday, May 14, 2019

သီရိလင်္ကာတွင် စီးပွားရေးလုပ်ငန်းများကို တိုက်ခိုက်မှုစွဲချက်ဖြင့် အမျိုးသားအုပ်စုတစုအား ဖမ်းဆီး

မွတ်စလင်တွေပိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေကို တိုက်ခိုက်မှုစွဲချက်နဲ့ သီရိလင်္ကာနိုင်ငံ ခူရူနေဂါလာ ခရိုင်နားက အမျိုးသားအုပ်စုတစုကို သီရိလင်္ကာရဲတွေက မတ်လ ၁၂ ရက်နဲ့ ၁၃ ရက်နေ့တွေမှာ ဖမ်းဆီးလိုက်တယ်လို့ ရဲသတင်းရင်းမြစ်ကို ကိုးကားပြီး ရိုက်တာ သတင်းဌာနက ထုတ်ပြန်ပါတယ်။ ဖမ်းထားတဲ့လူတွေကို ပြန်လွှတ်ပေးဖို့ ဗုဒ္ဓဘာသာဝင် အများစုရှိတဲ့ ခရိုင်အတွင်း ပြည်သူတွေက တောင်းဆိုခဲ့တယ်လို့ စစ်တပ်ပြောခွင့်ရ ဆူမစ်သ် အတာပတ်တူက ပြောပါတယ်။



အခြေအနေကို ထိန်းချုပ်ဖို့ ရဲက နေဝင်မီးငြိမ်းအမိန့် ထုတ်ပြန်ထားတယ်လို့လည်း သူက ပြောပါတယ်။

လူ ၁၅ ယောက်လောက် အုပ်စုဟာ ဓားတချောင်းကိုင်ပြီး ရန်လုပ်ဖို့ ကြိုးစားခဲ့တယ်၊ သတ်မယ်လို့ ခြိမ်းခြောက်လို့ နောက်ဖေးတံခါးကနေ ထွက်ပြေးခဲ့ရတယ်လို့ တိုက်ခိုက်သူတွေနဲ့ ရင်ဆိုင်တိုးပြီး လွတ်မြောက်ခဲ့တဲ့ ဆိုင်ရှင်တယောက်က ပြောပါတယ်။

ရဲတွေက ချက်ချင်းအရေးမယူလို့ တိုက်ခိုက်တာတွေ တိုးလာခဲ့တယ်လို့ ဒေသခံတယောက်နဲ့ ဗလီအရာရှိတယောက်က ပြောပါတယ်။

လူမှုကွန်ရက်ပေါ်မှာ အမုန်းစကားတွေ ပြန့်ပွားနေပြီး ဘာသာရေးပဋိပက္ခ ပိုဖြစ်မှာ စိုးရိမ်လို့ မေလ ၁၃ ရက်က စပြီး သီရိလင်္ကာ အစိုးရဟာ နိုင်ငံအတွင်း လူသုံးများတဲ့ လူမှုကွန်ရက်မီဒီယာ ဖြစ်တဲ့ ဖေ့စ်ဘွတ်ခ်နဲ့ whatsapp အပါအဝင် လူမှုကွန်ရက် မီဒီယာတချို့ကို ယာယီ ပိတ်ပင်ထားပါတယ်။

No comments:

Post a Comment