Tuesday, May 14, 2019

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အမျိုးသမီးများ အဓမ္မပြုကျင့်ခံရမှုအပေါ် သူနာပြုများဆန္ဒပြ

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ကျောင်းသူတစ်ဦးမီးရှို့အသတ်ခံရပြီး ရက်သတ္တပတ်များအကြာ နောက်ထပ်သူနာပြုတစ်ဦး အဓမ္မပြုကျင့် အသတ်ခံရမှုဖြစ်ရပ်ကြောင့် သူနာပြုများစုရုံးဆန္ဒပြခဲ့ကြပြီး၊ အမျိုးသမီးများအပေါ်ပိုပြီးကာကွယ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ ဒါကာမြို့ဆေးရုံတစ်ခုမှာ သူနာပြုအဖြစ်လုပ်ကိုင်နေတဲ့အသက်(၂၄)နှစ်အရွယ် Shahinoor Akhter Tania ဟာ အခုလ(၆)ရက်က Kishoreganj ခရိုင်ရှိ မွေးရပ်မြို့ကိုအပြန် လမ်းမှာ အဓမ္မပြုကျင့်ခံရပြီး ဘတ်စ်ကားပေါ်ကနေ တွန်းချခံခဲ့ရတာဖြစ်ပါတယ်။



ဒီလိုရာဇ၀တ်သားတွေကိုနောင်ကျဉ်သွားမယ့်ပြစ်ဒဏ်မျိုး ကျွန်မတို့တောင်းဆိုနေတာပါ။ သူတို့ကိုကြိုးမိန့်ပေးသတ်ဖို့ တောင်းဆိုတယ်လို့ ဆေးရုံအပြင်ဘက်ဆန္ဒပြနေတဲ့လူအုပ်ကြီးမှ ၀ါရင့်သူနာပြုဆရာမတစ်ဦးက ဆိုပါတယ်။

ဒါကာမြို့ရှိ အမျိုးသမီးအခွင့်အရေးဆိုင်ရာလှုပ်ရှားရေးအဖွဲ့အစည်းဖြစ်တဲ့ Mahila Parishad မှ ဖော်ပြတဲ့စစ်တမ်းအရ ပြီးခဲ့တဲ့နှစ်က ဘင်္ဂလားဒေ့ရှ်မှာ အဓမ္မပြုကျင့်ခံရသူအမျိုးသမီး(၉၅၀)ခန့်ရှိတယ်လို့ သိရကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

No comments:

Post a Comment