Tuesday, May 14, 2019

မန္တလေးမှာအပူကြောင့် သေဆုံးသူငါးဦးထက်မနည်းရှိလာ

အပူရှပ်လို့ မန္တလေးပြည်သူ့ဆေးရုံကြီးကိုရောက်ရှိလာတဲ့ လူနာတွေထဲက သေဆုံးသူငါးဦးထက်မနည်းရှိနေပြီလို့ ဆေးရုံကြီးရဲ့လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းလွင်ကပြောပါတယ်။ ရာသီဥတုပူပြင်းလာတဲ့ ဧပြီလကုန်ပိုင်းကနေ ယခုလမေလ၁၂ရက်အထိ အပူရှပ်ပြီးရောက်ရှိလာတဲ့ လူနာ၄၀ကျော် ရှိပြီး အများစုက အသက်အရွယ်ကြီးရင့်သူတွေ၊ နေပူထဲမှာလုပ်ကိုင်နေရတဲ့သူတွ အများစုပါဝင်တယ်လို့ဆိုပါတယ်။



ဆေးရုံကြီးအနေနဲ့လည်း အပူရှပ်လူနာတွေရောက်လာရင် အရေးပေါ်ကုသပေးနိုင်ရေးအတွက် ဆေးဝါး၊ ဝန်ထမ်းအင်အား၊ အအေးခန်းနဲ့ ရေခဲ စတာတွေက်ုအဆင်သင့်ပြင်ဆင်ထားတယ်လို့ သိရပါတယ်။

မန္တလေးမြို့မှာ နေ့အပူချိန်တွေဆက်တိုက်မြင့်တက်လာတဲ့အတွက် အပူနဲ့ပတ်သက်ပြီးရှောင်ကျဉ်ဂရုပြုနေထိုင်ရမယ့်အချက်တွေကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပေးထားပြီး ရပ်ကွက်အလိုက် အပူရှောင်စခန်းတွေကိုလည်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနဲ့ ပူးပေါင်းပြီး ဖွင့်လှစ်ပေးနေတယ်လို့ သိရပါတယ်။

ပြီးခဲ့နှစ်ကတော့ ဆေးရုံအပူရှပ်လို့ ရာက်ရှိလာတဲ့လူနာမရှိခဲ့ပေမယ့် ၂၀၁၀ခုနှစ်ကတော့ အပူရှပ်လှို လူနာ၇၀၀နီးပါးဆေးရုံကိုရောက်ရှိလာပြီးသေဆုံသူ၂၀ဦးထက်မနည်းရှိခဲ့တာပါ။

ဧပြီလကုန်ပိုင်းကစပြီး မေလအထိ မန္တလေးမှာ အပူချိန် ၄၃ဒသမ ၅ဒီဂရီစင်တီဂရိတ်ထိရှိခဲ့တာဖြစ်ပါတယ်။

No comments:

Post a Comment