Tuesday, May 14, 2019

ကေပေါ့ပ်အဖွဲ့ AOA နဲ့လမ်းခွဲလိုက်တဲ့ မီနာ

 အမျိုးသမီးကေပေါ့ပ်အ ဖွဲ့ AOA ၏ဖျော်ဖြေရေးအေဂျင် စီ FNC ကမီနာသည် AOA အဖွဲ့ ၀င်မဟုတ်တော့ဟု ကြေညာ သည်။ ‘‘ကျွန်တော်တို့ ကုမ္ပဏီဟာ AOA အဖွဲ့ဝင်ငါးဦးဖြစ်တဲ့ ဂျီမင်၊ ယူနာ၊  ဟေဂျီအွန်း၊ ဆိုလ်ဟွန်းနဲ့ ချန်းမီကို စာချုပ်သက်တမ်းတိုးခဲ့ ပါတယ်။ သူတို့ ငါးဦးစလုံးက သက်တမ်းတိုးဖို့ သဘောတူခဲ့ပါ တယ်။   ကျွန်တော်တို့ဟာ AOA နဲ့အပြန်အလှန် ယုံကြည်မှုရှိရှိ လက်တွဲနေတာပါ။ သက်တမ်း တိုးတဲ့ ငါးယောက်အနုပညာလုပ် ငန်းတက်တက်ကြွကြွနဲ့ ဆက် လုပ်နိုင်စေဖို့ အပြည့်အ၀ထောက် ပံ့ပေးဖို့စီစဉ်ထားပါတယ်’’ ဟု FNC ၏ မေလ ၁၃ ရက်တရားဝင် ထုတ်ပြန်ချက်တွင် ရေးသားထား သည်။
FNC နှင့်အတူ ခုနစ်နှစ်ကြာ လက်တွဲခဲ့သော မီနာသည် ၎င်း၏  အိပ်မက်များအကောင်အထည် ဖော်ရန် အေဂျင်စီနှင့် ဆွေးနွေး ညှိနှိုင်းပြီးမှ လမ်းခွဲရန်ဆုံးဖြတ် ခြင်းဖြစ်ပြီး ယင်းဆုံးဖြတ်ချက်ကို လေးစားကြောင်း ထုတ်ပြန်ချက် က ထပ်လောင်းဖော်ပြသည်။

No comments:

Post a Comment