Tuesday, May 14, 2019

မြန်မာနိုင်ငံက တက္ကသိုလ်တွေ ကမ္ဘာ့တက္ကသိုလ်အဆင့်သတ်မှတ်ချက်ထဲမှာ ပါတော့မယ်

Times Higher Educationအဖွဲ့အစည်းက သတ်မှတ်တဲ့ ကမ္ဘာ့တက္ကသိုလ်အဆင့် သတ်မှတ်ချက်ထဲမှာ မြန်မာနိုင်ငံက တက္ကသိုလ်တွေပါဝင်နိုင်တော့မှာဖြစ်တယ်လို့ သတင်းရရှိပါတယ်။ လာမယ့် ၂၀၂၀ခုနှစ်က စပြီး ပါဝင်တော့မှာပါ။ Times Higher Educationအဖွဲ့က ပထမအကြိမ်အဖြစ် တက္ကသိုလ်များအဆင့်သတ်မှတ်ရေးဆိုင်ရာ ဆွေးနွေးပွဲကို မေလ(၁၃)ရက်က ပါမောက္ခချုပ်များကော်မတီရုံးမှာ ပြုလုပ်ခဲ့ပါတယ်။ ဒီဆွေးနွေးပွဲကို အမျိုးသားပညာရေးမူဝါဒကော်မရှင်ကတာဝန်ရှိသူတွေနဲ့ ပါမောက္ခချုပ်တွေ တက်ရောက်ခဲ့ပြီး တက်ရောက်လာတဲ့တက္ကသိုလ်တွေကပါမောက္ခချုပ်တွေကိုတက္ကသိုလ်အဆင့်သတ်မှတ်ဖို့လိုအပ်တဲ့ စစ်တမ်းတွေ ကောက်ယူခဲ့တယ်လို့သိရပါတယ်။



ကမ္ဘာ့အဆင့် တက္ကသိုလ်သတ်မှတ်ချက်ထဲမှာ မြန်မာနိုင်ငံက တက္ကသိုလ်အားလုံးပါဝင်ဖို့ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ အမျိုးသားပညာရေးမူဝါဒကော်မရှင် ဥက္ကဌ ပါမောက္ခဒေါက်တာ
မျိုးကြွယ်က အခုလိုပြောပါတယ်။

Times Higher Education ကကမ္ဘာ့တက္ကသိုလ်အဆင့်တွေကို သတ်မှတ်ရာမှာ လုပ်ငန်းခွင်လိုအပ်ချက် ဖြည့်ဆည်းနိုင်တဲ့ ဘွဲ့ရအရည် အသွေးမီ ကျောင်းသားမွေးထုတ် နိုင်မှု ပမာဏ၊ ကျောင်းသား၊ ဆရာအချိုး၊ နိုင်ငံတကာကျောင်းသား ဦးရေ၊ အမျိုးသား၊ အမျိုးသမီးဦး ရေ အချိုးစတဲ့အချက်တွေပေါ်မူတည်ပြီးသတ်မှတ်တာဖြစ်တယ်လို့ သိရပါတယ်။

Times Higher Educationရဲ့ ၂၀၁၉ခုနှစ်ကမ္ဘာ့အဆင့်တက္ကသိုလ် သတ်မှတ်ချက်အရ အင်္ဂလန်နိုင်ငံ အောက်စဖို့ဒ် တက္ကသိုလ်က အဆင့် (၁)၊ ကိန်းဘရစ်ခ်ျတက္ကသိုလ်က အဆင့် (၂)နဲ့  စတန်းဖို့ဒ်တက္ကသိုလ်ကအဆင့်(၃)နေရာမှာရှိနေပါတယ်။

No comments:

Post a Comment