Tuesday, May 14, 2019

အန္တရာယ်ရှိနိုင်သည့် ဆည်မြောင်းတာတမံအချို့ရှိနေ၍ ရွေးထုတ်ပြင်ဆင်နေ

တစ်နိုင်ငံလုံးတွင်  အန္တရာယ်ရှိနိုင်သည့် ဆည်မြောင်း တာတမံအချို့ရှိနေပြီး ငလျင် ပြင်းထန်စွာလှုပ်ပါက ပေါက်နိုင် သော ဆည်များကို ရွေးထုတ်ကာ ကြိုတင်ပြင်ဆင်မှုများ ဆောင် ရွက်နေကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က ပြောသည်။ ထို့ကြောင့် ဆည်မြောင်းတမံ အားလုံးကို အန္တရာယ်ရှိသည်ဟု သဘောထား၍ အကောင်းဆုံး ဖြစ်အောင် ဆောင်ရွက်နေမှုက အကောင်းဆုံးဖြစ်ကြောင်း ဒေါက် တာဝင်းမြတ်အေးက ဆိုသည်။
နေပြည်တော်တွင် ယမန်နေ့က ပြုလုပ်သည့် အစိုးရသက်တမ်း တတိယ တစ်နှစ်တာကာလ သတင်းစာရှင်းလင်းပွဲ၌ ယင်း နှင့် စပ်လျဉ်း၍ 7Day Daily သတင်းစာ၏မေးမြန်းမှုအား ဖြေ ကြားသည်။ ဆွာချောင်းတမံကျိုးပေါက် ပြီးနောက် တစ်နိုင်ငံလုံးရှိ ဆည်တမံများကြံ့ခိုင်မှုကို အနုစိတ်စစ်ဆေးပြီးနောက် အန္တရာယ်ရှိသည့်ဆည်မြောင်းတမံအခြေအနေများ ကို တွေ့ရှိကြောင်း ဒေါက်တာ ဝင်းမြတ်အေးက ဆိုသည်။

‘‘တချို့နေရာတွေမှာ တွေ့ရ တော့ ဒီအန္တရာယ်က ဘယ် လောက်ရှိမှာလဲ။ ဒီအတိုင်းနေရင် တော့ မဖြစ်ဘူး’’ဟု ၎င်းက ပြော သည်။ သို့သော် အန္တရာယ်ရှိနိုင် သည့် ဆည်မြောင်းတာတမံအတိ အကျကိုမူ မသိရှိကြောင်း ဒေါက် တာဝင်းမြတ်အေးက ဆိုသည်။

ဆည်မြောင်းတာတမံအား လုံးကို အန္တရာယ်ရှိသည်ဟု သဘောထား၍ သတိထားဆောင်ရွက်နေ သည့်အပြင် မတော်တဆ ဆည် ပေါက်ပါက ရေထွက်ပြီး လွှမ်းနိုင် သည့် ပမာဏကို ခန့်မှန်းပြီး လူဦးရေနှင့် ကြိုတင်ကာကွယ်မှုများကို အဆင်သင့်ဖြစ်အောင် ဆောင်ရွက်နေကြောင်း ၎င်းက ရှင်းပြ သည်။

ထို့အပြင် မိုးရာသီမရောက် မီ သဘာဝဘေးအန္တရာယ်ကို ကြို တင်တွက်ဆ၍ ဆည်ကြီး၊ ရေ လှောင်တမံများနှင့် ကြံ့ခိုင်ရေးအ တွက် ကွင်းဆင်းစစ်ဆေး၍ ပြုပြင် စရာရှိသည်များကို ဆောင်ရွက် နေကြောင်း စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုဝန်ကြီး ဦးလှကျော်က ပြောကြား ထားသည်။ ဧပြီ ၂၆ ရက်က မြန်မာနိုင်ငံ တွင် အကြီးဆုံး သဖန်းဆိပ်ဆည် အနီး ရစ်ခ်ျတာစကေး ၄ ဒသမ ၅ အဆင့် ငလျင်လှုပ်ခတ်ပြီး ဆည်အခြေအနေဆိုးရွားမှု ထူးခြားစွာ ပေါ်ပေါက်မှုမရှိခဲ့ပေ။ ဆည်များ ၏ကြံ့ခိုင်မှုနှင့် သဘာဝဘေးကြို တင်ကာကွယ်တုံ့ပြန်နိုင်ရေး ဌာန ချင်း ပူးပေါင်းဆောင်ရွက်ရန် လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာနနှင့် စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးများ ဦးဆောင်၍ ဧပြီ ၂၅ ရက်က နေပြည်တော် တွင် အစည်းအဝေးပြုလုပ်ထား သည်။

No comments:

Post a Comment