Tuesday, May 14, 2019

ကိုရီးယားနိုင်ငံသူတစ်ဦးအား အဓမ္မပြုကျင့်ရန်ကြံပြီး လက်သီးနှင့်ထိုးကာ ထွက်ပြေးသူကို ဖမ်းမိပြီ

Image may contain: 1 person, sitting and outdoorကိုရီးယားနိုင်ငံသူတစ်ဦးကို အဓမ္မပြုကျင့်ရန်ကြိုးစားကြံစည်ပြီး လက်သီးနှင့်ထိုးကာထွက်ပြေးသွားသည့် ဆိုင်ကယ်ကယ်ရီသမားကို ယမန်နေ့က ဖမ်းဆီးရမိခဲ့သည်။ေ မလ(၁)ရက်နေ့က ကိုရီးယားနိုင်ငံသူ --- သည် ၎င်း၏ မိန်းကလေးသူငယ်ချင်းဖြစ်သူအား အောင်မင်္ဂလာကားကြီးကွင်းသို့ လိုက်ပါပို့ဆောင်ပြီးနောက် ည ၇နာရီအချိန်ခန့်တွင်အချိန်တွင် ၎င်းတည်းခိုသည့် ဝိဇယဟိုတယ်သို့ ပြန်ရန်အတွက် ဆိုင်ကယ်ကယ်ရီသမားတစ်ဦးကိုငွေကျပ်(၂၀၀၀ိ/-)ဖြင့် ငှားရမ်းခဲ့သည်။


ဤတွင် ဆိုင်ကယ်ကယ်ရီသမားက ခရေပင်လမ်းခွဲမှ တညင်းကုန်းလမ်းခွဲအဆင်း မင်္ဂလာဒုံမြို့နယ်ရှိ IC-Power ဆီဆိုင်တွင် ဓာတ်ဆီဖြည့်ပြီးနောက် ညင်းကုန်းဘက်မှရွှေပြည်သာတံတားလမ်းအတိုင်း လှိုင်သာယာမြို့နယ်ဘက်သို့ ဆက်လက်ထွက်ခွာသွားခဲ့သည်။

သို့ရာတွင် ပုံမှန်လမ်းခရီးတွင် ကြာမြင့်ချိန်ထက် ပိုကြာနေသည်ကို သိရှိသဖြင့် ၎င်းနေထိုင် ရာသို့ ပြန်လည်ပို့ပေးပါရန်ပြောသောအခါ ဆိုင်ကယ်ကယ်ရီသမားက လမ်းမကြီးမှ လမ်းကြားတစ်ခုအတွင်းသို့မောင်းနှင်ဝင်ရောက်ခဲ့ပြီး ဆိုင်ကယ်အား ရပ်တန့်စဉ် ၎င်းမှထွက်ပြေးခဲ့ကြောင်း၊ ဆိုင်ကယ်ကယ်ရီသမားက ၎င်းအား နောက်မှဖက်၍ အဓမ္မပြုကျင့်ရန် ကြိုးစားခဲ့ကြောင်း၊ ၎င်းမှ ရုန်းကန်သောကြောင့် ဆိုင်ကယ်ကယ်ရီ အမျိုးသားမှ လက်သီးနှင့်ထိုးသောကြောင့် နာကျင်ဒဏ်ရာ ရရှိခဲ့ပြီးဒေါ်လာ ၂၀၀ တန် ရွှေဆွဲကြိုး(၁)ကုံးမှာလည်း ကျပျောက်စေခဲ့သောကြောင့် အမည်မသိ(လူမြင်လျှင်မှတ်မိ)ဆိုင်ကယ်ကယ်ရီသမားအပေါ် အရေး ယူပေးရန် ခလောက်ချိုက်နယ်မြေရဲစခန်းသို့ ကိုရီးယားနိုင်ငံသူမှ တရားလိုပြုလုပ် တိုင်တန်းခဲ့သည့် အမှုဖြစ်ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးက ပြစ်မှုကျူးလွန်သူအား အမြန်စုံစမ်းဖော်ထုတ် ဖမ်းဆီး ရမိရေးဆောင်ရွက်ရန် ညွှန်ကြားချက်အရ တောင်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးမှ အနီးကပ်ကြီးကြပ်၍ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊မှုခင်းအကူဌာနစုမှတပ်ဖွဲ့ဝင်များ၊ တောင်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းနှိမ်နင်းရေးအဖွဲ့တို့မှ အခင်းဖြစ်နေရာသို့ သွားရောက်စစ်ဆေးခြင်း၊ အခင်းဖြစ်ပတ်ဝန်းကျင်အား စုံစမ်းမေးမြန်းခြင်းများ ဆောင်ရွက်ပြီး လမ်းခရီးတစ်လျှောက် ဆက်စပ်မြို့နယ်များမှ တပ်ဖွဲ့ဝင်များနှင့် ချိတ်ဆက်သတင်းရယူ စုံစမ်း ဆောင်ရွက်ခဲ့ရာအမှုမှပြစ်မှုကျူးလွန်သူ စန်းဦး(ခ)ကျော်သက်ပိုင် အား ယမန်နေ့(မေ ၁၂) ညနေ ၄နာရီခန့်တွင် လှိုင်သာယာမြို့နယ်ရှိ ၎င်း၏နေအိမ်အတွင်းဝယ် သက်သေခံပစ္စည်းများနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

No comments:

Post a Comment