Tuesday, May 14, 2019

ကချင်ပြည်နယ်က နှစ် ၉၉ သန်းသက်တမ်းရှိ ပယင်းကျောက်ထဲမှာ ပင်လယ်သတ္တ၀ါတွေရဲ့ရုပ်ကြွင်းတွ့ရှိ

အဲ့ဒီပယင်းကျောက်ဟာ သမိုင်းဦးတိုင်ခင်ကာလ ဒိုင်နိုဆောတွေကျက်စားတဲ့ ဘူမိခေတ် Cretaceous ခေတ်က ရှင်သန်ခဲ့တဲ့ ကုန်းနဲ့ ရေသတ္တ၀ါတွေကို ထင်ထင်ရှားရှား မြင်တွေ့ရပါတယ်။ ကချင်ပြည်နယ်၊ ဟူးကောင်းချိုင်ဝှမ်းဒေသက တွေ့ရှိတဲ့ နှစ် ၉၉ သန်းသက်တမ်းရှိတဲ့ ပယင်းကျောက်ထဲမှာ ပင်လယ်သက်ရှိများတွေ ရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတွေကို တွေ့ရှိခဲ့ရတယ်လို့ သိပ္ပံပညာရှင်တွေက ပြောဆိုလိုက်ပါတယ်။



မြန်မာနိုင်ငံမြောက်ပိုင်းဒေသဖြစ်တဲ့ ဟူးကောင်းချိုင့်ဝှမ်းထဲမှာ အဲ့ဒီပယင်းကျောက်ကိုတွေ့ရှိခဲ့တာဖြစ်ပြီး ပင်လယ်သတ္တ၀ါနဲ့ ကုန်းနေပင့်ကူငယ်လေး၊ နကျယ်ကောင်တွေ၊ ကင်းနားသန်ကောင်တွေ အကောင်ပေါင်း ၄၀ လောက်ကို အဲ့ဒီပယင်းကျောက်ထဲမှာ တွေ့ခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံ နန်ဂျင်းမှာရှိတဲ့ ဘူမိဗေဒနဲ့ နိခါတကဗေဒ ဆိုင်ရာ တရုတ်သိပ္ပံကျောင်းရဲ့ ပါမောက္ခဖြစ်သူ မစ္စတာဝမ်ဘို ကရဲ့တွေ့ရှိချက်ကို Daily Mail သတင်းစာမှာ မေလ ၁၄ ရက်နေ့က ဖော်ပြပါရှိတာဖြစ်ပါတယ်။

အဲ့ဒီပယင်းကျောက်ထဲမှာ ပင်လယ်ခရုကိုလည်းတွေ့ခဲ့ရပြီး ပညာရှင်တွေက X ray နဲ့ ကြည့်ရာမှာ ထုံးကျောက်ပါတဲ့ အခြေအနေကိုတွေ့ရသလို အဲ့ဒီ ပယင်းဖြစ်စေတဲ့ သစ်စေးဟာ ပင်လယ်ကမ်းခြေလိုနေရာမျိုးမှာရှိခဲ့တာဖြစ်တယ်လို့ သုတေသီတွေက ပြောပါတယ်။

အဲ့ဒီပယင်းကျောက်ဟာ သမိုင်းဦးတိုင်ခင်ကာလ ဒိုင်နိုဆောတွေကျက်စားတဲ့ ဘူမိခေတ် Cretaceous ခေတ်က ရှင်သန်ခဲ့တဲ့ ကုန်းနဲ့ ရေသတ္တ၀ါတွေကို ထင်ထင်ရှားရှား မြင်တွေ့ရတာမို့ ထူးခြားတယ်လို့ အဲဒီရုပ်ကြွင်းလေ့လာသူကပြောပါတယ်။

No comments:

Post a Comment