Tuesday, May 14, 2019

ပြည်နယ်တွေက စစ်ဘေးရှောင်စခန်းတွေ ဖျက်သိမ်းနိုင်ဖို့ ဆောင်ရွက်နေ

အပစ်အခတ်ရပ်စဲရေးကာလအတွင်းမှာ စစ်ဘေးရှောင်စခန်းတွေကို ဖျက်သိမ်းပြီး ပြန်လည်နေရာချထားရေးဆောင်ရွက်နိုင်ဖို့ ကြိုးစားဆောင်ရွက်နေတယ်လို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက ပြောဆိုလိုက်ပါတယ်။ ဒီကနေ့ နေပြည်တော် ပြန်ကြားရေးဝန်ကြီးဌာနမှာ ပြုလုပ်တဲ့ တတိယတစ်နှစ်တာ သတင်းစာရှင်းလင်းပွဲအပြီးမှာ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောဆိုလိုက်တာဖြစ်ပါတယ်။



စစ်ဘေးရှောင်စခန်းတွေကို ပိတ်သိမ်းနိုင်ဖို့ အမျိုးသားစီမံချက်ကို နိုင်ငံတကာပညာရှင်တွေ၊ ပြင်ပပညာရှင်တွေနဲ့ ပူပေါင်းပြီးရေးဆွဲထားပြီးဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ အဓိကအားဖြင့် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်တွေမှာ ပိတ်သိမ်းနိုင်ဖို့ ဆောင်ရွက်နေတာဖြစ်တယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်မှာတော့ ဒုက္ခသည်စခန်းကိုသုံးခုကို လုံးဝပိတ်သိမ်းထားပြီး နှစ်ခုကို ဆက်လက်ပိတ်သိမ်းနိုင်ဖို့ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

No comments:

Post a Comment