Tuesday, May 14, 2019

တပ်မတော်ရှိ အရွယ်မရောက်သေးသူကလေး သူငယ်တစ်ဦးနုတ်ထွက်ပါက ယ ခင်ပေးနေသည့် ထောက်ပံ့ကြေး ကျပ်ငါးသိန်းအစား ကျပ် ၁၀ သိန်းအထိ တိုးမြှင့်ပေးနေပြီဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ၀င်းမြတ်အေးကပြောသည်။ ‘‘ငွေထောက်ပံ့ရုံတင်မဟုတ် သေးဘူး။ ပြန်လည်ထူထောင် ရေးကို ကျွန်တော်တို့က လုပ်ပေး ရတာ။ စိတ်ပိုင်းဆိုင်ရာ၊ရုပ်ပိုင်း ဆိုင်ရာတွေလုပ်ရတယ်’’ ဟု ၎င်း ကပြောသည်။ ထို့အပြင် ကလေးစစ်သား များ အလုပ်အကိုင်ရရှိရန် ဆောင် ရွက်ပေးကြောင်း ၎င်းက ဆက် လက်ပြောကြားသည်။ လက်ရှိ၌ တပ်မတော်အ တွင်း ကလေးစစ်သား မည်မျှကျန် ရှိနေသည်ကို မသိသော်လည်း တပ်မတော်က သတ်မှတ်ထား သည့် စည်းမျဉ်းစည်းကမ်းများကို မသိရှိဘဲရောက် ရှိနေသူများတွေ့ ရှိပါက ပြန်လည်ထုတ်နုတ်ပေးနေ ကြောင်း ဒေါက် တာဝင်းမြတ်အေး ကပြောသည်။ အရွယ်မရောက်သေးသူ ကလေးသူငယ်များ စစ်မှုထမ်း ခြင်းမှ ကာကွယ်တားဆီးရေး ကိစ္စများကို အဖွဲ့ဝင် ၁၂ ဦးဖြင့် ၂၀၁၆ မေလက စ၍ဖွဲ့စည်း ဆောင်ရွက်နေသည်။ ထို့အပြင် ယခုနှစ်အတွင်း နိုင်ငံတော် သမ္မတရုံးကလည်း ကြေညာချက်တစ်ရပ်ထုတ်ပြန်၍ လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီး လေးသော ကျူးလွန်မှုများမှ ကာ ကွယ်တားဆီးရေးကော်မတီကို ဖွဲ့စည်းဆောင်ရွက်နေကြောင်း ၀န်ကြီးကအသိပေးသည်။ ၂၀၀၄ မှ ၂၀၁၉ မတ်လအ ထိ တပ်မတော်မှ နုတ်ထွက်ခွင့် ရရှိခဲ့သော အရွယ်မရောက်သေး သည့် ကလေးသူငယ်စုစုပေါင်း ၁,၅၇၉ ဦးရှိသည်။ ယင်းအနက် ကလေးသူ ငယ် ၇၅ ဦးအတွက် တစ်ဦးလျှင် ကျပ်ငါးသိန်းနှုန်းဖြင့် စုစုပေါင်း ၃၇ ဒသမ ၅ သန်းကို အစိုးရက ထောက်ပံ့ပေးထားသည်ဟု ၀န် ကြီးဌာနစာရင်းများကဆိုသည်။

တပ်မတော်ရှိ အရွယ်မရောက်သေးသူကလေး သူငယ်တစ်ဦးနုတ်ထွက်ပါက ယ ခင်ပေးနေသည့် ထောက်ပံ့ကြေး ကျပ်ငါးသိန်းအစား ကျပ် ၁၀ သိန်းအထိ တိုးမြှင့်ပေးနေပြီဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး   နှင့် ပြန်လည်နေရာချထားရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာ  ၀င်းမြတ်အေးကပြောသည်။ ‘‘ငွေထောက်ပံ့ရုံတင်မဟုတ် သေးဘူး။ ပြန်လည်ထူထောင် ရေးကို ကျွန်တော်တို့က လုပ်ပေး ရတာ။ စိတ်ပိုင်းဆိုင်ရာ၊ရုပ်ပိုင်း ဆိုင်ရာတွေလုပ်ရတယ်’’ ဟု ၎င်း ကပြောသည်။



ထို့အပြင် ကလေးစစ်သား များ အလုပ်အကိုင်ရရှိရန် ဆောင် ရွက်ပေးကြောင်း ၎င်းက ဆက် လက်ပြောကြားသည်။ လက်ရှိ၌ တပ်မတော်အ တွင်း ကလေးစစ်သား မည်မျှကျန် ရှိနေသည်ကို မသိသော်လည်း တပ်မတော်က   သတ်မှတ်ထား သည့် စည်းမျဉ်းစည်းကမ်းများကို မသိရှိဘဲရောက် ရှိနေသူများတွေ့ ရှိပါက  ပြန်လည်ထုတ်နုတ်ပေးနေ ကြောင်း ဒေါက် တာဝင်းမြတ်အေး ကပြောသည်။

အရွယ်မရောက်သေးသူ ကလေးသူငယ်များ စစ်မှုထမ်း ခြင်းမှ ကာကွယ်တားဆီးရေး ကိစ္စများကို အဖွဲ့ဝင် ၁၂ ဦးဖြင့် ၂၀၁၆ မေလက စ၍ဖွဲ့စည်း ဆောင်ရွက်နေသည်။

ထို့အပြင် ယခုနှစ်အတွင်း  နိုင်ငံတော် သမ္မတရုံးကလည်း  ကြေညာချက်တစ်ရပ်ထုတ်ပြန်၍ လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီး လေးသော ကျူးလွန်မှုများမှ ကာ ကွယ်တားဆီးရေးကော်မတီကို ဖွဲ့စည်းဆောင်ရွက်နေကြောင်း ၀န်ကြီးကအသိပေးသည်။

၂၀၀၄ မှ ၂၀၁၉ မတ်လအ ထိ တပ်မတော်မှ နုတ်ထွက်ခွင့် ရရှိခဲ့သော အရွယ်မရောက်သေး သည့် ကလေးသူငယ်စုစုပေါင်း  ၁,၅၇၉ ဦးရှိသည်။ ယင်းအနက် ကလေးသူ ငယ် ၇၅ ဦးအတွက် တစ်ဦးလျှင်  ကျပ်ငါးသိန်းနှုန်းဖြင့် စုစုပေါင်း   ၃၇ ဒသမ ၅ သန်းကို အစိုးရက  ထောက်ပံ့ပေးထားသည်ဟု ၀န် ကြီးဌာနစာရင်းများကဆိုသည်။

No comments:

Post a Comment