Tuesday, May 14, 2019

ဝစီပိတ်ဆရာတော် မွေးနေ့ ကုသိုလ်အဖြစ် အသည်းရောင်ရောဂါ B ကာကွယ်ဆေး အခမဲ့ ထိုးပေး

Image may contain: 3 people, outdoorImage may contain: 4 people, people smiling, people standing, people on stage and indoorကျိုင်းတုံမြို့ သီလဓမ္မ ကုန်းသာတောရ ကျောင်းထိုင် ဆရာတော် ဦးကောဝိဒ (ဝစီပိတ်ဆရာတော်)ရဲ့ သက်တော် ၆၁နှစ်ပြည့် ဝိဇာတမွေးနေ့ ကုသိုလ်အဖြစ် ပန်ကွဲကျေးရွာ၊ ဗုဒ္ဓဥယျာဉ် သုံးထပ်ကျောင်းမှာ ပြည်သူဦးရေတစ်ထောင်ကို အသည်းရောင်ရောဂါ(B)ကာကွယ်ဆေး အခမဲ့ ထိုးပေးခဲ့ပါတယ်။ တပ်မတော်ဆေးရုံနဲ့ ပြည်သူ့ဆေးရုံတို့က ပူးပေါင်းပြီး ခေတ်မီစက်ကိရယာတွေ၊ ဆေးပစ္စည်းတွေနဲ့ ဆရာဝန်၊ သူနာပြုတွေကဆောင်ရွက်ပေးမှာဖြစ်ပြီး မည်သူမဆိုလာရောက်ဆေးထိုးနိုင်တယ်လို့ သိရပါတယ်။ အဲဒီနောက် ဒီနေ့ မွန်းလွဲ ၁ နာရီကစတင်ပြီး ကျိုင်းတုံမြို့ မြို့တော်ခန်းမမှာ ကျန်းမာရေး အသိပညာပေး ဟောပြောပွဲကျင်းပလျှက်ရှိပါတယ်။ နက်ဖြန် မေလ ၁၄ ရက် နံနက်ပိုင်းမှာတော့ ဆရာတော်ရဲ့ သက်တော် ၆၂နှစ်ပြည့် ၀ိဇာတ မွေးနေ့မင်္ဂလာနဲ့ ဥပသမ္ဗကံတောင် သိက္ခာထပ် မင်္ဂလာအခမ်းအနားကို ၀စီပိတ်ကျောင်းတိုက်မှာ ကျင်းပမှာဖြစ်ပါတယ်။

No comments:

Post a Comment