Tuesday, May 14, 2019

အစိုးရ၀န်ထမ်းများ ခရီးသွားနေ့တွက်စရိတ် တိုးမြှင့်

အစိုးရ၀န်ထမ်းများ တာဝန်ဖြင့်ပြည်တွင်းခရီးစဉ်များ သွားလျှင် တစ်ရက်စာခရီးသွားနေ့   တွက်စရိတ်ကျပ် ၄,၈၀၀ သို့တိုး မြှင့်ကြောင်း  စီမံကိန်းနှင့် ဘဏ္ဍာ ရေးဝန်ကြီးဌာနက မေလ  ၁၀ ရက်စွဲဖြင့် အမိန့်ကြော်ငြာစာ ထုတ်ပြန်သည်။ ၀န်ထမ်းတစ်ဦး၏ ခရီးသွား  နေ့တွက် စရိတ်ကို ယခင်က တစ်ရက်လျှင် ကျပ် ၃,၀၀၀သတ် မှတ်ပြီး ယခုနှစ်မေလ ၁ ရက်က စတင်၍ ကျပ် ၄,၈၀၀ သို့တိုးမြှင့် ခံစားခွင့်ပြုခြင်းဖြစ်သည်။ ခရီး သွားနေ့တွက်စရိတ် ၆၀ ရာ ခိုင်နှုန်းတိုးမြှင့်ခံစားခွင့် ပြုသော် လည်း ကိုယ်ရေးကိုယ်တာကိစ္စ ဖြင့်ခရီးသွားလာခြင်းကို တာဝန် အဖြစ်သတ်မှတ်ဖော်ပြခြင်းမပြု ရန် ၀န်ကြီးဌာန၊ အဖွဲ့အစည်း  များက ကြပ်မတ်ဆောင်ရွက် ရမည်ဟု အမိန့်ကြော်ငြာစာတွင် ဖော်ပြထားသည်။
‘‘လောက်ငမှုမရှိပေမယ့် အ ခုလိုတိုးပေးတဲ့အတွက် ကျေးဇူး တင်ပါတယ်’’ ဟု ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီး ဌာနညွှန်ကြားရေးမှူးတစ်ဦးက ပြောသည်။ အစိုးရ၀န်ထမ်းများတာဝန် ဖြင့် ခရီးသွားလျှင် တစ်ရက်တာ တည်းခိုစရိတ်ကို အစိုးရက  ကျပ် ၇,၀၀၀ သတ်မှတ်ထားကြောင်း ၎င်းကပြောသည်။

ထို့အပြင် နိုင်ငံခြားခရီးစဉ် များတာဝန်ဖြင့် သွားရမည်ဆိုပါ က တစ်ရက်စာခရီးသွားနေ့ တွက်စရိတ် ၁၈ ဒေါ်လာသတ် မှတ်ထားသည်။ တည်းခိုရန် ဟိုတယ်စရိတ်ကိုလည်း အာရှ နိုင်ငံများအတွက်ဒေါ်လာ ၉၀၊ ဥရောပနိုင်ငံများအတွက် ဒေါ် လာ ၁၅၀ ပေးကြောင်း အထက် ပါပုဂ္ဂိုလ်ကရှင်းပြသည်။

ဝန်ထမ်းများအတွက် ခရီး သွားနေ့တွက်စရိတ်တိုးမြှင့်ပေး ခြင်းက ၀မ်းသာစရာဖြစ်သော် လည်း ယခုတိုးပေးသည့် နှုန်းက လောက်ငမှုမရှိကြောင်း စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာနမှ ၀န်ထမ်းတစ်ဦးက ပြောသည်။

အခြေခံစားသောက်ကုန် ဆန်၊ ဆီနှင့်သား၊ ငါးဈေးမြင့် တက်မှု၊ စက်သုံးဆီဈေးမြင့်တက် မှုက ငွေကြေးဖောင်းပွမှုမြင့်တက် စေပြီးယခုနှစ်မတ်လတွင် ၇ ဒသမ ၂၈ ရာခိုင်နှုန်းသို့ရောက်  ရှိကြောင်း စီမံကိန်းနှင့်ဘဏ္ဍာ ရေးဝန်ကြီးဌာနဗဟိုစာရင်းအင်း အဖွဲ့က အစီရင်ခံစာထုတ်ပြန်ထားသည်။ ခြောက်လအတွင်း ဆန်ဈေး  အနည်းငယ်မြင့်တက်သော်လည်း  အမဲသား ၁၀ ရာခိုင်နှုန်း၊  ဘဲဥ ၈ ရာခိုင်နှုန်းမြင့်တက်လာသည်ဟု ယင်းအစီရင်ခံစာ၌ ပါရှိသည်။

No comments:

Post a Comment