Tuesday, May 14, 2019

သင်္ဃန်းကျွန်းတွင် ဓားဖြင့်ထိုး၍ ထွက်ပြေးသူများကို ဘိုကလေး၌ ဖမ်းဆီးမိ

သင်္ဃန်းကျွန်းမြို့နယ် တွင် လမ်းလျှောက်လာသူအမျိုး သားကို ဓားဖြင့်ထိုး၍ ထွက်ပြေး သူများကို ဖမ်းဆီးရမိကြောင်း မေလ ၁၃ ရက်၌ ရန်ကုန်တိုင်းရဲတပ် ဖွဲ့က ထုတ်ပြန်သည်။ သေဆုံးသူသည် အသက် (၂၅)နှစ်ရှိ ဖြိုးဝေဦးဆိုသူဖြစ်ပြီး မေလ ၅ ရက်ညနေ ၅ နာရီက ၎င်း၏ရည်းစားနှင့်အတူ တောင် ဒဂုံမြို့နယ်ဘက်မှ သင်္ဃန်းကျွန်း မြို့နယ် ကြီးပွားရေးရပ်ကွက်သို့ ပြန်လာစဉ် အမည်မသိလူငယ်နှစ် ဦးကဆိုင်ကယ်ဖြင့်လိုက်လာကာ ဖြိုးဝေဦး၏ လည်ပင်း၊ကုပ်ပိုးကို ဓားဖြင့် ထိုးခဲ့သည်ဟု ရဲမှတ်တမ်း ကဆိုသည်။



ဓားဖြင့် ထိုးခံရသူကို သင်္ဃန်းကျွန်းစံပြဆေးရုံသို့ တင်ပို့ ကုသစဉ် ရရှိသောဒဏ်ရာများ ဖြင့် သေဆုံးခဲ့သည်။ ပြစ်မှုကျူးလွန်သူများကို သက်ဆိုင်ရာရဲတပ်ဖွဲ့က ဆက် လက်စုံစမ်းရာ သန်းထိုက်အောင် နှင့် မြသန်းထွေးတို့ဖြစ်ကြောင်း သိရပြီးနောက် ၎င်းတို့ကို မေလ ၉ ရက်က ဧရာဝတီတိုင်း ဘိုက လေးမြို့နယ်၌ ဖမ်းမိခဲ့သည်။

ပြစ်မှုကျူးလွန်သူများ ထွက် ပြေးလွတ်မြောက်ရေး ကူညီသူ ထွန်းထွန်းနိုင်၊ ကျော်သက်နှင့် ၎င်း၏မိခင်ဒေါ်ဥမ္မာ၊ သန်းလင်း အောင်တို့ကိုလည်း မေလ ၉ ရက် တွင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့ နယ်၌ ဖမ်းဆီးရမိကြောင်း ရဲမှတ် တမ်းတွင် ဖော်ပြသည်။

‘‘ဘာကြောင့် လူသတ်မှုဖြစ် တယ်ဆိုတာ လက်ရှိတော့ စစ် ဆေးနေတုန်းပဲရှိသေးတယ်။ သူ တို့ကို စခန်းမှာပဲ ချုပ်ထားတယ်။ တရားဥပဒေနဲ့အညီ အရေးယူနိုင် ဖို့ လုပ်နေပါတယ်’’ ဟု သုဝဏ္ဏ နယ်မြေရဲစခန်းမှူးက ပြောသည်။

ပြစ်မှုကျူးလွန်ရာတွင် အ သုံးပြုသောဆိုင်ကယ်နှစ်စီးနှင့် အရိုးအသွား ၁၁ လက်မခန့်ရှိ အ သွားနှစ်ဖက်ပါဓားမြှောင်တို့ကို သိမ်းဆည်းရမိသည်ဟု ရဲမှတ် တမ်းက ဆိုသည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ သန်းထိုက်အောင်အပါအ၀င် ခြောက်ဦးကို သုဝဏ္ဏနယ်မြေရဲ စခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၂/၁၁၄ (လူသတ်မှု၊ ပြစ်မှု ကျူးလွန်ရာတွင် အားပေးကူညီ မှု)ဖြင့် အမှုဖွင့်ထားသည်။

No comments:

Post a Comment