Tuesday, May 14, 2019

အဂတိမှုကို အစွဲကင်းကင်း၊ မျက်နှာမလိုက် အရေးယူသင့်ဟု တပ်မတော်ဆွေးနွေး

အဂတိလိုက်စားမှု များနှင့် ဆက်နွှယ်ပတ်သက်သည့် ကိစ္စရပ်များတွင် လူမျိုးစွဲ၊ ပါတီ စွဲ၊ ပုဂ္ဂိုလ်စွဲ စသည်ဖြင့် အစွဲကင်း စွာ၊ မျက်နှာမလိုက်၊ အခွင့်အရေး မပေးဘဲ တိကျစွာ အရေးယူသင့် ကြောင်း တပ်မတော်သား လွှတ် တော်ကိုယ်စားလှယ် ဒုတိယဗိုလ် မှူးကြီး မြင့်ဆွေက ယမန်နေ့တွင် ပြည်ထောင်စုလွှတ်တော်၌ ပြော ကြားသည်။ အဂတိလိုက်စားမှု တိုက် ဖျက်ရေးကော်မရှင်၏ နှစ်ပတ် လည်လုပ်ငန်းဆောင်ရွက်မှု အစီ ရင်ခံစာနှင့်ပတ်သက်၍ လွှတ် တော်ကိုယ်စားလှယ်များ ဆွေးနွေးခြင်းအစီအစဉ်တွင် ဒုတိယ ဗိုလ်မှူးကြီးမြင့်ဆွေက ယင်းသို့ ထည့်သွင်းအကြံပြုခြင်း ဖြစ် သည်။
  ‘‘အဂတိလိုက်စားမှုဆိုတာ လုပ်ပိုင်ခွင့်ရှိသူတွေထံမှာသာ အ များဆုံး ဖြစ်ပွားလေ့ရှိပါတယ်။ ဘာလုပ်ပိုင်ခွင့်မှ မရှိတဲ့သူကို ဘယ်သူကမှ လာဘ်လာဘ၊ ငွေ ကြေး၊ တံစိုးလက်ဆောင် လာမ ပေးပါဘူး။ လွယ်နေတာကို ခက် အောင်လုပ်ပြီးမှ တံစိုးလက် ဆောင်ရရှိရေးကို ရည်ရွယ်တဲ့ လုပ်ထုံးလုပ်နည်းများကိုလည်း စိစစ်ပြင်ဆင်သင့်ပါတယ်’’ဟု ၎င်းကပြောသည်။

အဂတိတိုက်ဖျက်ရေး ယခု ထက် ပိုမိုအရှိန်မြှင့်နိုင်ရန် သက် ဆိုင်ရာဥပဒေကို ပြင်ဆင်ဖြည့် စွက်ရန် လိုအပ်နေသည်ဟု အ ဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည် က ပြောကြားပြီးဖြစ်သည်။

ထို့အတူ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်သည် တပ်မတော်အရာရှိများ ကျူးလွန် သည့် အဂတိလိုက်စားမှုများကို ဝင်ရောက်စစ်ဆေး အရေးယူခွင့် မရှိကြောင်း ၂၀၁၈ စက်တင်ဘာ ကုန်တွင် RFA သတင်းဌာနနှင့် သီးသန့်တွေ့ဆုံမှု၌ ဦးအောင် ကြည်က ပြောကြားထားသည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ တပ်မတော်နှင့် ပတ် သက်သည့်ကိစ္စရပ်များကို တပ်မ တော်ကိုယ်တိုင် စီမံခန့်ခွဲခွင့်ရှိပြီး ကော်မရှင်က စီမံခန့်ခွဲခွင့်မရှိ ကြောင်း ဦးအောင်ကြည်က RFA အား ပြောကြားခဲ့ခြင်းဖြစ်သည်။

No comments:

Post a Comment