Tuesday, May 14, 2019

ယူရေနီယံပါတဲ့ ပစ္စည်းလို့ ယူဆရတဲ့အရာတွေ့လို့ အိန္ဒိယ-မြန်မာ နယ်စပ်မှာ တပ်လှန့်ထား

အိန္ဒိယ-မြန်မာနယ်စပ် မဏိပူရပြည်နယ်ရှိ မိုးရေးမြို့မှာ ယူရေနီယံ ဖောက်ခွဲရေး ပစ္စည်းပါဝင်တယ်လို့ ယူဆရတဲ့ ပစ္စည်းတစ်ခု တွေ့ရှိရလို့ လုံခြုံရေးကို အမြင့်ဆုံး တပ်လှန့်ထားပါတယ်။ လော့ခ် ဆာဘာ ရွေးကောက်ပွဲ မဲတွေ ရေတွက်နေချိန် အာသံရိုင်ဖယ်တပ်က နယ်စပ်တစ်လျှောက် လုံခြုံရေးယူထားစဉ် အခုလို သံသယဖြစ်ဖွယ် ပစ္စည်းကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ပလတ်စတစ် အနက်နဲ့ ထုပ်ထားတဲ့ အထုပ်တစ်ထုပ်ကို မိုးရေးမြို့ အမှတ် (၇) ရပ်ကွက်မှာ တွေ့ရှိတဲ့အတွက် အနီးဝန်းကျင်မှာ နေထိုင်သူတွေကို သတိပေးပြီး လူတွေနဲ့ ဝေးရာကို လုံခြုံရေးတပ်ဖွဲ့တွေက သယ်ထုတ်ခဲ့ရပါတယ်။



အဲဒီ သတ္ထုပစ္စည်းပေါ်မှာ အိန္ဒိယ ယူရေနီယံ ကော်ပိုရေးရှင်း လီမိတက်လို့ စာတန်းရေးထိုးထားပြီး အစိုးရပိုင်ပစ္စည်း၊ ရောင်းရန် မဟုတ်လို့လည်း ဖော်ပြထားပါတယ်။ အာသံရိုင်ဖယ်တပ်က ဗုံးကျွမ်းကျင်သူတွေ၊ ရဲတွေနဲ့ နည်းပညာရှင်တွေက အဲဒီ ပစ္စည်းကို စစ်ဆေးနေဆဲဖြစ်ပြီး ဘာကြောင့် အဲဒီနေရာကို ရောက်နေသလဲဆိုတာလည်း စုံစမ်းစစ်ဆေးနေကြပါတယ်။

No comments:

Post a Comment