Tuesday, May 14, 2019

သောက်သုံးရေရှားပါးမှု ကြုံတွေ့နေရသော ကျေးရွာများသို့ တိုင်းစစ်ဌာနချုပ် အသီးသီးမှ တပ်မတော်သားများက သောက်သုံးရေများ ဆက်လက်ဖြန့်ဝေ လှူဒါန်း

နှစ်စဉ်နွေရာသီတွင် သောက်သုံးရေရှားပါးမှု ကြုံတွေ့နေရသော ပြည်နယ်နှင့် တိုင်းဒေသကြီး အချို့ရှိ ကျေးရွာများသို့ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တပ်မတော်သားများက ရေသယ်ယာဉ်များဖြင့်သောက်သုံးရေများ သွားရောက်ဖြန့်ဝေ လှူဒါန်းပေးလျက်ရှိသည်။ ထိုသို့ဖြန့်ဝေ လှူဒါန်းပေးလျက်ရှိရာ ယနေ့တွင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်က တောင်ကြီးမြို့နယ်၊ စဥ့်ဟယ်ကျေးရွာ၊ အောင်ပန်းမြို့၊ နောင်စံဖူးကျေးရွာ၊ ရပ်စောက်မြို့၊ လွယ်မောကျေးရွာများသို့ သောက်သုံးရေဂါလန် ၅၆ဝဝကို လည်းကောင်း၊
ရန်ကုန်တိုင်း စစ်ဌာနချုပ်က မှော်ဘီမြို့နယ်၊ ကန်သာယာကျေးရွာသို့ သောက်သုံးရေဂါလန် ၄၆ဝဝ ကို လည်းကောင်း၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်က အင်္ဂပူမြို့နယ်၊ တိုင်တစ်ရာကျေးရွာသို့ သောက်သုံးရေဂါလန် ၂၄ဝဝ ကို လည်းကောင်း၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်က ကျောက်ဖြူမြို့နယ်၊ မင်းပြင်ကျေးရွာအုပ်စု၊ မင်းပြင်ကျေးရွာသို့ သောက်သုံးရေဂါလန် ၂၄ဝဝ ကို လည်းကောင်း၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်က ပခုက္ကူမြို့နယ်၊ မကျည်းသုံးပင် ကျေးရွာသို့ သောက်သုံးရေဂါလန် ၆၉ဝဝ ကို လည်းကောင်း၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်က သရက်မြို့နယ်၊ စခန်းကြီးကျေးရွာ၊ မိတ္ထီလာမြို့နယ်၊ ဇရပ်ကုန်းကျေးရွာအုပ်စု၊ လျှော်ဖြူပင်ကျေးရွာ၊ ကောင်းမှုကံကျေးရွာ၊ အထက်မင်းလှမြို့နယ်၊ မလွန်ကျေးရွာအုပ်စု၊ သက္ကယ်ကျင်းကျေးရွာ များသို့ သောက်သုံးရေဂါလန် ၆၅ဝဝ ကို လည်းကောင်း၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်က တောင်ငူမြို့နယ်၊ စပါးကြွယ်ကျေးရွာ၊ ဝဿာကျေးရွာ၊ ကြူအင်းကျေးရွာ၊ ပြည်မြို့နယ်၊ တီတွဒ်စံပြကျေးရွာ၊ ပန်းတောင်းမြို့နယ်၊ ညောင်ဖြူကျေးရွာများသို့ သောက်သုံးရေ ဂါလန် ၄၄၁၈ ကိုလည်းကောင်း အသီးသီး သွားရောက်ဖြန့်ဝေ လှူဒါန်းကြသည်။

ရေလှူဒါန်းမှုအနေဖြင့် ယနေ့တွင် တိုင်းစစ်ဌာနချုပ် ၇ တိုင်းတို့မှ သောက်သုံးရေ ဂါလန် ၃၂၈၁၈ နှင့် ရေသန့်ဘူးများကို လှူဒါန်းပေးနိုင်ခဲ့ပြီး အဆိုပါသောက်သုံးရေ ရှားပါးမှုကြုံတွေ့နေရသော နေရာများသို့ သောက်သုံးရေ လိုအပ်ချက်အပေါ် မူတည်၍ ဆက်လက် လှူဒါန်းသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment