Tuesday, May 14, 2019

အင်ဂျလီနာဂျိုလီက စူပါဟီးရိုးဇာတ်ကား The Eternals တွင် အဓိကဇာတ်ကောင်အဖြစ် ပါဝင်နိုင်ခြေရှိ

မာဗယ်သည် Avengersး Endgame ဇာတ်ကားဖြန့်ချိခဲ့ပြီးနောက် The Eternals ဟု အမည်ပေးထားသည့် စူပါဟီးရိုးဇာတ်ကားသစ် ရိုက်ကူးရေးအတွက် ပြင်ဆင်မှုများ ပြုလုပ်နေပြီဖြစ်သည်။ ယင်းဇာတ်ကားတွင် အမေရိကန်သရုပ်ဆောင် အင်ဂျလီနာဂျိုလီက အဓိက ဇာတ်ကောင်တစ်ဦးအဖြစ် ပါဝင်နိုင်ခြေရှိ သည်ဟု People  မဂ္ဂဇင်းက ဖော်ပြခဲ့သည်။  မာဗယ်ဇာတ်ကားတစ်ကားတွင် ပါဝင်သရုပ်ဆောင်မည်ဟု အသက် ၄၃ နှစ်အရွယ်ရှိ ဂျိုလီကလည်း Hollywood Reporter သို့ မတ်လတွင် ပြောကြားခဲ့သည်။ ဂျိုလီသည် Sersi ဇာတ်ကောင်အဖြစ် ပါဝင်နိုင်ခြေရှိသည်ဆိုသော ခန့်မှန်းချက်များလည်း ထွက်ရှိခဲ့သည်။
Game of Thrones ဇာတ်လမ်းတွဲတွင် Robb Stark ဇာတ်ကောင်အဖြစ် ပါဝင်ခဲ့သည့် စကော့တလန် သရုပ်ဆောင် ရစ်ချက်မက်ဒန်ကိုလည်း The Eternals ဇာတ်ကား၏ အဓိကဇာတ်ကောင်နေရာတစ်ခု အတွက်ကမ်းလှမ်းထားသည်ဟု People က ဖော်ပြခဲ့သည်။

The Eternals ဇာတ်ကားသည်  ဂျိုလီနှင့်မက်ဒန်တို့အတွက် မာဗယ်ဇာတ်ကားတွင် ပထမဆုံးပါဝင်သရုပ်ဆောင်မှု ဖြစ်လာမည်ဖြစ်သည်။ Eternals ဟုခေါ်ဆိုသည့် စူပါဟီးရိုးအဖွဲ့က ゞင်းတို့၏ စူပါ ပါဝါများကို အသုံးပြုပြီး အန္တရာယ်ပြုသည့်  Deviant များအား နှိမ်နင်းသည့်အကြောင်းရိုက်ကူးမည့် ယင်းဇာတ်ကားတွင် ကိုရီးယားသရုပ်ဆောင် Ma Dong  - Seok နှင့် ပါကစ္စတန်-အမေရိကန်သရုပ်ဆောင် Kumail  Nanjiani တို့ ပါဝင်မည်ဟု မာဗယ်က ထုတ်ပြန်ခဲ့သည်။

ဒါရိုက်တာ Chloe Zhao ရိုက်ကူးမည့် ယင်းဇာတ်ကားသည် မာဗယ်အတွက် စံချိန်များထပ်မံချိုးဖျက်ပေးမည့် ဇာတ်ကားတစ်ကား ဖြစ်လာနိုင်ခြေရှိသည်ဟု ခန့်မှန်းခဲ့ကြသည်။ မာဗယ်ဇာတ်ကား ၂၂ ကားကို ထုတ်လုပ်ခဲ့သည့် မာဗယ်စတူဒီယိုဥက္ကဋ္ဌဌ Kevin Feige သည် The Eternals ဇာတ်ကားတွင် ထုတ်လုပ်သူအဖြစ်ပါဝင်မည် ဖြစ်သည်။

No comments:

Post a Comment