Tuesday, May 14, 2019

ဦးသန့်၏ရုပ်တု နီပေါ၌ ထားရှိမည်

ကုလသမဂ္ဂအ ထွေထွေ အတွင်းရေးမှူးချုပ် ဟောင်းဦးသန့်၏ ရုပ်တုကို နီပေါ နိုင်ငံ၊ လုမ္ဗိနီ၌ထားရှိပြီး ရုပ်တုဖွင့် ပွဲအခမ်းအနားကို မေလ ၁၇ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း ဦးသန့်နေအိမ်ပြတိုက်က ယမန် နေ့တွင် သတင်းထုတ်ပြန်သည်။ ဗုဒ္ဓဖွားမြင်ရာ လုမ္ဗိနီ၌ ကျင်းပမည့် ဦးသန့်ရုပ်တုဖွင့်ပွဲအခမ်းအနားသို့ နီပေါသမ္မတ ဘီဒီယာဒေဗီဘန်ဒါရီနှင့်အတူ ဦး သန့်၏မြေးဖြစ်သူ သမိုင်းပညာ ရှင် ဒေါက်တာသန့်မြင့်ဦးလည်း တက်ရောက်မည်ဖြစ်သည်။
ဦးသန့်သည် လုမ္ဗိနီသို့ ၁၉၆၇ ဧပြီတွင် သွားရောက်လည် ပတ်ခဲ့ပြီး ယင်းဒေသကို အပြည် ပြည်ဆိုင်ရာ ဘုရားဖူးနေရာအဖြစ် တိုးတက်ဖွံ့ဖြိုးလာစေရန် ပထမ ဆုံးအကြံပေးခဲ့ကြောင်း ထုတ်ပြန် ချက်၌ဖော်ပြသည်။ ထို့အပြင် ဦးသန့်နှင့် နီပေါ ဘုရင်မာဟန်ဒြာတို့ ၁၉၆၇ တွင် နီပေါ၌တွေ့ဆုံပြီးနောက် ကုလ သမဂ္ဂနှင့် နီပေါအစိုးရတို့ပူးပေါင်း ကာ လုမ္ဗိနီစီမံကိန်းကို အကောင် အထည်ဖော်ခဲ့သည်ဟု ထုတ်ပြန် ချက်၌ ဖော်ပြထားသည်။

No comments:

Post a Comment