Tuesday, May 14, 2019

သပိတ်ကော်မတီကိုဖျက်သိမ်း၊ လွိုင်ကော်ဗိုလ်ချုပ်ကြေးရုပ်နှင့် ပတ်သက်ပြီး ဖြစ်ပေါ်လာမယ့်ကိစ္စများကို ပြည်နယ်အစိုးရတာဝန်ယူရမယ်လို့ဆို

ပြည်နယ်အစိုးရနဲ့ ဆွေးနွေးပွဲပျက်ပြီးနောက် သပိတ်ကော်မတီကို ဖျက်သိမ်းလိုက်တယ်လို့ ကရင်နီပြည်လူငယ်အင်အားစု သပိတ်ကော်မတီ က ထုတ်ပြန်လိုက်ပါတယ်။ ပြည်သူက အခွင့်အာဏာအပ်နှင်းလိုက်သည်ကို အောင်မြင်အောင် မဆောင်ရွက်နိုင်ခဲ့လို့ အနူးညွတ်တောင်းပန်ကြောင်းလည်း ထုတ်ပြန်ချက်မှာပါရှိပါတယ်။ ဗိုလ်ချုပ်ကြေးရုပ်နှင့်ပတ်သက်ပြီး ဖြစ်ပေါ်လာမယ့် ကိစ္စများကို ပြည်နယ်အစိုးရက တာဝန်ယူရမယ်လို့လည်းပါရှိပါတယ်။ ဒီနေ့မနက် ဆွေးနွေးပွဲမှာ ကယားပြည်နယ်ဝန်ကြီးချုပ်က ဗိုလ်ချုပ်ကြေးရုပ်ကို လုံးဝပြောင်းရွေ့မပေးနိုင်ဟု အဖွင့်မိန့်ခွန်းမှာ ပြောကြားပြီး လူငယ်များကလည်း မဆွေးနွေးနိုင်ဟုဆိုကာ ဆွေးနွေးပွဲပျက်ပြယ်ခဲ့ပါတယ်။ ဆွေးနွေးပွဲပျက်ပြီးနောက် ဒီထုတ်ပြန်ချက်ကို ထုတ်ခဲ့တာဖြစ်ပါတယ်။

No comments:

Post a Comment