Tuesday, May 14, 2019

ရှေ့ဘီးချမရဘဲ ဆင်းသက်ခဲ့ရသည့်MNA လေယာဉ်ကို အမြန်ဆုံး ပြန်လည်ပြင်ဆင်မည်

မန္တလေးလေဆိပ်တွင် ခရီးသည် ၈၂ ဦး တင်ဆောင် လာပြီးရှေ့ဘီးချမရဘဲ ဆင်းသက် ခဲ့ရသည့် လေယာဉ်ကိုအမြန်ဆုံး ပြန်လည်ပြင်ဆင်သွားမည်ဖြစ်ကြောင်း မြန်မာအမျိုးသားလေ ကြောင်းလိုင်း (MNA ) ၏မန္တလေး လေဆိပ်တာဝန်ခံ ကိုအောင်မင်းဆွေက ပြောသည်။ ""လေယာဉ်ထိတာ ရာခိုင်နှုန်း နည်းတယ်။ ဦးခေါင်းအောက်ပဲထိ တာ။ ရှေ့ဘီးထားတဲ့ နေရာလောက်ပဲ ထိခိုက်တာ။ ရှေ့ဘီးပုံး ပတ် ဝန်းကျင်ပဲထိခိုက်တာ။ ကျန်တာ ဘာမှမထိဘူး။ လေယာဉ်ပျံတစ်စင်း လုံးက အကောင်းတိုင်းပဲ။



လေယာဉ်ကိုအမြန်ဆုံးနည်းနဲ့ ပြန်လည်ပြင်ဆင်မယ်။ ပြင်ဆင်မှုအပိုင်းက တော့ဆက်လုပ်မှာပါ။ ပြင်ဆင်သွားမှာပေါ့။ အမြန်ဆုံးလုပ်မယ်။ အစည်းအဝေးထိုင်နေတယ်။ ပျက်စီးတဲ့ဓာတ်ပုံတွေနဲ့ လေ့လာတယ်""ဟု ၄င်းက ဒီမိုကရေစီတူဒေး၏ မေးမြန်းမှုကို မေ ၁၃ ရက်တွင် ပြန်လည်ဖြေကြားသည်။

အဆိုပါလေယာဉ်မှာ အာမ ခံထားရှိထားပြီး အာမခံမှလည်း လာ ရောက်စစ်ဆေးသွားပြီးဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
""ထပ်ပြီး အသေးစိတ်ထပ် စစ်ဆေးဦးမယ်။ ဒီနှစ်ရက်တွင်း ထဲမှာ""ဟု မန္တလေးလေဆိပ်တာ ဝန်ခံ ကိုအောင်မင်းဆွေက ပြော သည်။

မျက်မြင်အရ ပျက်စီးဆုံးရှုံး မှုမှာ လေယာဉ်တစ်စင်းလုံး၏ ၁၀ နှင့် ၁၅ ရာခိုင်နှုန်းကြားခန့်သာ ရှိကြောင်း ၎င်းက ပြောသည်။

""အတွင်းပိုင်းတွေကိုတော့ ထပ်ပြီးလေ့လာဦးမှာပါ။ ၁၀ နဲ့ ၁၅ ရာခိုင်နှုန်းလို့မှန်းတယ်""ဟု ၄င်းက ဆက်လက်ပြောသည်။

လေယာဉ်ကို ယမန်နေ့ ည နေ ၃ နာရီကျော်က မန္တလေးလေ ဆိပ်ပြေးလမ်းမှ ပြောင်းရွှေ့လိုက် ပြီး လေဆိပ်ရှိ လေယာဉ်ညအိပ် ရပ်နားသည့်နေရာတွင် ထားရှိ ကြောင်း ကိုအောင်မင်းဆွေက ပြောသည်။

""လူအင်အား၊ ကရိန်းအင်အား တွေနဲ့ဖယ်ရှာတာပေါ့။ လေယာဉ် မနာအောင်။ ထိခိုက်မှုမရှိအောင်။ အကောင်းဆုံးနည်းနဲ့ ဖြည်းဖြည်း ချင်းရွှေ့ရတာပေါ့""ဟု ၄င်းက ပြောသည်။

လက်ရှိတွင် လေယာဉ်များ ပုံမှန်အတိုင်း အတက်အဆင်းပြန် လည်ပြုလုပ်နေပြီ ဖြစ်ကြောင်း သိ ရသည်။မေ ၁၂ ရက် နံနက် ၇ နာရီ  ၁၅ မိနစ်တွင် မြန်မာအမျိုးသား လေကြောင်းလိုင်း (MNA) ၏ ခရီးစဉ်အမှတ် UB 103 ရန်ကုန်-မန္တလေး-ရန်ကုန်ခရီးစဉ်ကို လေ ယာဉ်အမှတ် XY-AGQ, Embraer 190 AR နှင့် ခရီးသည် ၈၂ ဦး တင်ဆောင်၍ Captain မြတ်မိုးအောင်အပါအဝင် လေယာဉ်အမှု ထမ်းခုနစ်ဦးလိုက်ပါလျက်မောင်း နှင်ပျံသန်းရာ မန္တလေးလေဆိပ်သို့ ဆင်းချိန်နံနက် ၈ နာရီ ၁၇ မိနစ် တွင်လေယာဉ်ဘီးချရာ ရှေ့ဘီးချ မရသဖြင့် လေယာဉ်ဆီကုန်စေရန် ဝဲပတ်ပျံသန်းပြီးနောက် နံနက် ၉ နာရီ ၉ မိနစ်တွင် လေယာဉ်ပြေး လမ်းပေ ၄၅၀ဝ တွင် ရှေ့ဘီးချ မရဘဲ ဦးစိုက်အနေအထားဖြင့် ရပ်တန့်နိုင်ခဲ့ကြောင်းသိရသည်။

လေယာဉ်ပေါ်တွင် သရုပ် ဆောင်နေမင်း၊ ယုသန္တာတင်တို့ အပါအဝင် အနုပညာရှင်အချို့ လိုက်ပါလာကြပြီး အားလုံးဘေး ကင်းခဲ့သည်။ ယင်းသို့ လေယာဉ်ကိုရှေ့ဘီး မပါဘဲ လေယာဉ်အထိအခိုက်အ ပျက်အစီးနည်းနည်းနှင့် ခရီး သည်အားလုံး ထိခိုက်ဒဏ်ရာရမှု မရှိအောင် ဆင်းသက်နိုင်ခဲ့သည့် လေယာဉ်မှူး Captain မြတ်မိုး အောင်အပါအဝင် လေယာဉ်အမှု ထမ်းခုနစ်ဦးကို သက်ဆိုင်ရာ တာ ဝန်ရှိသူနှင့် ပြည်သူလူထုများက ချီးကျူးဂုဏ်ပြုခဲ့ကြသည်။ယင်းသို့ ဆောင်ရွက်ခဲ့မှုအ ပေါ်Captain မြတ်မိုးအောင် အပါအဝင် လေယာဉ်အမှုထမ်း ခုနစ်ဦးကို ချီးကျူးဂုဏ်ပြုပွဲလုပ်သွားရန် အစီအစဉ်ရှိကြောင်း ကိုအောင်မင်းဆွေက ပြောသည်။

No comments:

Post a Comment