Tuesday, May 14, 2019

အောင်​သ​ပြေ​ကျေးရွာတွင်​ ​ဒေသခံများနှင့်​ လုံခြုံ​ရေးအဖွဲ့ဝင်​များနှစ်​ဖက်​အ​ခြေ​နေတင်းမာ

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ဒဟတ်တောကျေးရွာအုပ်စု အောင်သပြေကျေးရွာအနီးရှိ ကျောက်မီးသွေးစွမ်းအင်သုံးဘိလပ်မြေစက်ရုံစီမံကိန်း ဖျက်သိမ်းပေးရန်နှင့် ဖမ်းဆီးထားသော တောင်သူများကို အမြန်ဆုံးလွှတ်ပေးရေးအတွက် အောင်သပြေကျေးရွာမှ ရွာသူရွာသားများကမေလ၁၄ရက်နေ့ နံနက်ပိုင်းအချိန်​ကစတင်​ကာ ကုမ္ပဏီကားများရွာလမ်းကိုအသုံးမပြုနိုင်​ ကျေးရွာအဝင်လမ်းကို ပိတ်ဆို့၍ ဆန္ဒ​​​ဖော်​ထုတ်​ ခဲ့ကြရာ လုံခြုံရေးအဖွဲ့များ လာရောက်ခဲ့ပြီး လမ်းပိတ်ဆို့မှုအားဖယ်ရှာပေးရန်ပြောဆိုရာ ဒေသခံများနှင့်တင်းမာမှုဖြစ်ပေါ်နေလျက်ရှိသည်။



အောင်​သ​ပြေ​ကျေးရွာ​ဒေသခံများက ​ ​ကျောက်​မီး​သွေးသုံးဘိလပ်​​မြေစက်​ရုံကို ရွာအနီးတွင်​ စတင်​တည်​​ဆောက်​စဉ်​ကတည်းက ကန့်​ကွက်​​နေခဲ့ကြခြင်းဖြစ်​ပြီး ထိုသို့ကန့်​ကွက်​မှုများ​ကြောင့်​ ​ဒေသခံများလည်း တရားစွဲဆိုခံရပြီး လက်​ရှိတွင်​ အမှုရင်​ဆိုင်​​နေရဆဲဖြစ်​ကာ ​ဘိလပ်​​မြေစက်​ရုံမှာ စတင်​လည်​ပတ်​နေပြီဖြစ်​သည်​။

No comments:

Post a Comment