Tuesday, May 14, 2019

ပြည်သူလူထုခံစားခွင့်အကောင်းဆုံးသည် မိုင်းလားဒေသဖြစ်ဟု မိုင်းလားအဖွဲ့တာဝန်ရှိသူပြော ငြိမ်းချမ်းရေးကြောင့် ဖွံ့ဖြိုးတိုးတက်မှုကို လာမည့် ငြိမ်းချမ်းရေး နှစ်(၃၀)ပြည့်ပွဲ၌ ပြသမည်ဟုဆို

 တစ်နိုင်ငံလုံးတွင် မိုင်း လားဒေသသည် ပြည်သူလူထုအ တွက် ခံစားခွင့် အကောင်းဆုံးဖြစ်ကြောင်း မိုင်းလားလက်နက်ကိုင်အဖွဲ့ (NDAA) ပြောရေးဆိုခွင့်ရှိသူ ဦးကြည်မြင့်က ပြောကြား သည်။  ရှမ်းပြည်နယ် အရှေ့ပိုင်း အထူးဒေသ(၄)ဟု သတ်မှတ်ထားသည့် မိုင်းလားဒေသတွင် ဇွန်လ ၃၀ ရက်၌ ကျင်းပမည့် ငြိမ်းချမ်းရေး နှစ်(၃၀)ပြည့် အထိမ်းအမှတ်ပွဲတော်နှင့် ပတ်သက်ပြီး မေးမြန်းစဉ် NDAA  အထွေထွေအတွင်း ရေးမှူးလည်းဖြစ်သူ ဦးကြည်မြင့်က ထိုသို့ပြောကြားသည်။  ‘‘အထူးဒေသ (၄) တည် ထောင်တာ၊ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုး တိုးတက်တာ၊ အဲဒီငြိမ်းချမ်းရေးရပြီး ဖွံ့ဖြိုးတိုးတက်တာ ကျွန်တော်တို့ပြချင်တယ်။ အားလုံး ငြိမ်းချမ်းရေးအပေါ်မှာ၊ လမ်းပေါ်မှာလာပါ။
ငြိမ်းချမ်းရေးရမှ ပြည်သူလူထုအရသာ ခံစားချက် အကောင်း ဆုံး။ အခုမိုင်းလားမှာ ပြောမယ် ဆိုရင် တစ်ပြည်လုံးက၊ ပြည်သူလူထုက ခံစားခွင့်အကောင်းဆုံးက မိုင်းလားလေ။ ကျွန်တော်တို့ ဘာအခွန်မဆို အခွန်ကင်းလွတ် ပေးတယ်။ အဲဒါ သူတို့ အရမ်းပျော်တယ်’’ဟု ဦးကြည်မြင့်ကပြော သည်။

မူဆယ်-နမ့်ခမ်းဒေသ အပါအ၀င် အခြားနေရာများနှင့် အစိုးရ အုပ်ချုပ်နယ်မြေများ၌ လက်နက်ကိုင်အဖွဲ့များက ပြည်သူလူထုအပေါ် ဆက်ကြေးကောက်ခံခြင်းများ ရှိနေသည်ဟု ၎င်းကဆို သည်။

 ‘‘ကျွန်တော် ကြားသ လောက် နမ့်ခမ်းက လေး၊ ငါးဖွဲ့ လောက် လာကောက်တာ။ အဲဒီ မှာ ရွာသူ၊ ရွာသားတွေက ဘယ်လိုနေမလဲ။ သူတို့က ပုံမှန်အခွန် လည်းဆောင်ရမယ်လေ။ ပြည်သူ လူထုကို အရမ်းဒုက္ခပေးတယ်။ မ ဆောင်ရင် သူများလာခြိမ်းခြောက် တယ်။ အစိုးရကလည်း ကာကွယ် ပေးနိုင်မှာမဟုတ်ဘူး။ ဆောင်လို့ ရှိရင် အစိုးရ ထပ်ပြီးမှ အရေးယူ တယ်။ မင်းတို့သောင်းကျန်းသူကို ထောက်ပံ့တယ်ဆိုပြီး အရေးယူ မယ်ဆိုတော့ ပြည်သူလူထုက ဘယ်လိုနေရမှန်းကို မသိဘူး။ ကျွန်တော်တို့ ဒီမှာပြချင်တယ်။ ငြိမ်းချမ်းရေးရမှ ကောင်းကောင်း နေထိုင်ပြီး ပြည်သူလူထု အဲဒီ လောက်ကြီး ချမ်းသာတယ်။ အဲဒီ လောက်ကြီး ပျော်တယ်ဆိုပြီး တော့ ကျွန်တော်တို့ ပြချင်တယ် လေ’’ဟု ဦးကြည်မြင့်က ပြော သည်။ မိုင်းလားအဖွဲ့၏ ငြိမ်းချမ်း ရေး နှစ်(၃၀)ပြည့် ပွဲတော်သို့  အစိုးရ၊ တပ်မတော်၊ လွှတ်တော် ခေါင်းဆောင်များ၊  ပြည်နယ်အစိုး ရ တာဝန်ရှိသူများအား ဖိတ်ကြား မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။ 

လက်ရှိတွင် မိုင်းလားဒေသ ၌ နှစ် (၃၀) ပြည့် အထိမ်းအမှတ် ပွဲတော် အောင်မြင်စွာကျင်းပ နိုင်ရေး ပြင်ဆင်မှုများ လုပ်ဆောင် နေသည်။ အခမ်းအနား၌ စစ် ရေးပြအစီအစဉ်အပါအ၀င် အဆို အက၊ အလှပြခြင်းနှင့် အားကစား ပွဲတော်များ ထည့်သွင်းရန် စီစဉ် နေသည်။

နှစ်(၃၀) ကာလအတွင်း ရရှိခဲ့သည့် ဖွံ့ဖြိုးတိုးတက်မှုရလဒ် များသည် လွယ်ကူသည် မဟုတ် ကြောင်း မိုင်းလားအဖွဲ့ခေါင်း ဆောင် ဦးစိုင်းလင်းက ပြောကြား သည်ဟု Mongla News က သတင်းဖော်ပြခဲ့သည်။ ငြိမ်းချမ်းရေး နှစ်(၃၀)ပြည့်ပွဲတော်သည် ဒေသ၏ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေများကို လက်တွေ့ သရုပ်ဖော်ပြသနိုင်သည့် အခွင့်အရေးဖြစ်ကြောင်း ဦးစိုင်းလင်းက ပြောကြားသည်ဟုလည်း သတင်းတွင် ဖော်ပြခဲ့သည်။

 မိုင်းလား လက်နက်ကိုင် အဖွဲ့သည် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်မရေးထိုးရသေးသော်လည်း အစိုးရနှင့် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် သဘောတူစာချုပ်များ ချုပ်ဆိုထားသည်။ မိုင်းလားအဖွဲ့နှင့် မဟာမိတ်ဖြစ်ပြီး နယ်မြေချင်း ထိစပ်နေသည့် ‘၀’ လက်နက်ကိုင်အဖွဲ့ကလည်း ပြီးခဲ့သည့်ဧပြီက ငြိမ်းချမ်းရေး နှစ်(၃၀)ပြည့်ပွဲ ပြုလုပ်ထား သည်။

No comments:

Post a Comment