Tuesday, May 14, 2019

မကွေးမြို့၌ ကျည်ဆန် ၈၀၀ ခန့် တွေ့ရှိမှု တပ်မတော်စုံစမ်းရေးအဖွဲ့ဖြင့် စစ်ဆေးမည်ဟုဆို မသမာသူများနှင့် သက်ဆိုင်ခြင်းမရှိနိုင်ဟု အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တာဝန်ရှိသူ သုံးသပ်

 မကွေးမြို့၌ ကျည်ဆန် ၈၀၀ ခန့် တွေ့ရှိမှုနှင့် ပတ်သက် ပြီး စုံစမ်းစစ်ဆေးရန် တပ်မတော်စုံစမ်းရေးအဖွဲ့ ဖွဲ့စည်းဆောင် ရွက်နေကြောင်း အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး စိုးကြည်ခင်က ယမန်နေ့တွင် ပြောသည်။ မေလ ၁၀ ရက် နံနက်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မကွေး မြို့သို့ ရောက်ရှိနေစဉ် မကွေးမြို့ ကမ်းနားလမ်း    ကျောက်သား ဥယျာဉ်အုတ်ခုံအခြေတွင် ပီနန် အိတ်နှစ်အိတ်ဖြင့် ထည့်ထား သော ကျည်ဆန် ၇၈၂ တောင့် တွေ့ရှိခဲ့သည်။



တွေ့ရှိသည့် ကျည်ဆန်များ သည် တပ်မတော်ကာကွယ်ရေး ပစ္စည်းစက်ရုံ (ကပစ)ထုတ် ကျည်ဆန်များဖြစ်ကြောင်း သိရသည် ဟု မကွေးမြို့ မြို့မရဲစခန်း ယာယီ စခန်းမှူးက ပြောသည်။

ယင်းနှင့် ပတ်သက်ပြီး အ လယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ် မှူးကြီး စိုးကြည်ခင်က ‘‘ကျည် ဆန်တွေ့တာတော့ ကျွန်တော်တို့ ဆီ သတင်းရောက်တယ်။ အဲဒါကို စစ်ဖို့လုပ်နေတယ်။ ဒါ ဘယ်က နေ ရောက်တယ်ဆိုတာ စစ်ဆေး ရေးအဖွဲ့ဖွဲ့ပြီး စစ်တော့ စစ်နေ တယ်။ ဘယ်က ရောက်တယ်ဆို တာ အတိအကျတော့ ပြောလို့ မရသေးဘူး’’ဟု ပြောကြားသည်။

မကွေးမြို့ မြို့မရဲစခန်း ယာ ယီစခန်းမှူး ဒုရဲမှူးစိုးသိမ်းထွန်းက ‘‘ကျည်ဆန်တွေက တပ်မတော် (ကပစ)ထုတ် ကျည်ဆန်တွေလို့ တပ်မတော်က ပြောပါတယ်။ မကွေးမြို့က တပ်တွေ ဝန်းရံထား တဲ့မြို့ဖြစ်တော့ ရှေ့တန်းပြန် တပ်မတော်သားတချို့ ရှေ့တန်းက ပိုပါလာပြီးတော့ တပ်ထောက်ကို ပြန်အပ်ဖို့ သယ်ဆောင်အလာ ကမ်းနားလမ်း ကျောက်သား ဥယျာဉ်နားမှာ ဆိုင်ကယ်ပေါ်က နေ ပြုတ်ကျကျန်ခဲ့တာမျိုးလည်း ဖြစ်နိုင်ပါတယ်’’ဟု ပြောသည်။

ဗိုလ်မှူးကြီး စိုးကြည်ခင်ကမူ တပ်မတော်ကထုတ်သည့် ကျည်ဆန် ဟုတ်၊ မဟုတ် အတည်မဖြစ် သေးကြောင်း၊ စစ်ဆေးရေးအဖွဲ့ တွင် ပါဝင်သည့် သက်ဆိုင်ရာ ပညာရှင်များ၏ အတည်ပြုချက် အပေါ် မူတည်ကြောင်း ပြော ကြားသည်။

အဆိုပါ ကျည်ဆန်များသည် တပ်မတော်မှ စစ်သည်များ ရှေ့ တန်းထွက်ရန် ကျည်အပိုယူ ဆောင်လာစဉ် ကမ်းနားလမ်း၌ ပြုတ်ကျကျန်ခဲ့ခြင်းဖြစ်နိုင် ကြောင်း၊ တွေ့ရှိသူများက အမှိုက် ထုပ်ထင်၍ အမှိုက်သိမ်းမည့်နေ ရာတွင်   ပစ်ထားခြင်းလည်းဖြစ် နိုင်ကြောင်း ဒေသအာဏာပိုင်များ နှင့် လုံခြုံရေးတပ်ဖွဲ့ တာဝန်ရှိသူ များက သုံးသပ်ထားသည်။

ယင်းနှင့် ပတ်သက်ပြီး ဗိုလ် မှူးကြီး စိုးကြည်ခင်က ‘‘အဲဒီအ တိုင်း ဖြစ်လည်းဖြစ်နိုင်တာပေါ့။ ကျွန်တော်တို့ ကျည်အပိုတွေပဲ သွားရင်း၊ လာရင်းနဲ့ ပြုတ်ကျခဲ့တာလား ဒီလိုလည်း ဖြစ်နိုင်တာပေါ့။ Source လိုက်လို့ရအောင် စုံစမ်း ရေးအဖွဲ့ တစ်ဖွဲ့ဖွဲ့ပြီး ဒါ ဘယ်က ထုတ်တယ်၊ ဘယ်သူ့ကို ထုတ်ပေး ထားတဲ့ ကျည်ဆန်တွေ ဖြစ်တယ် ဆိုတာ လိုက်လို့ရအောင် စစ် တော့ စစ်နေတယ်ဗျ’’ဟု ပြော ကြားသည်။

ယင်းကျည်ဆန်များသည် မသမာသူများနှင့် သက်ဆိုင်ခြင်း ရှိနိုင်၊ မရှိနိုင် မေးမြန်းရာ ဗိုလ်မှူး ကြီး စိုးကြည်ခင်က သက်ဆိုင်ခြင်းမရှိနိုင်ဟု ဖြေကြားပြီး ဖြစ်စဉ်ကို စုံစမ်းရေးအဖွဲ့ဖြင့် စစ်ဆေးနေ သည်ဟု ပြောသည်။

အဆိုပါ တွေ့ရှိသည့် ကျည် ဆန်အမျိုးအစားသည် M.16, M 1,2,3,4 Series, AK.47 စသည့် လက်နက်အမျိုးအစားများတွင် အသုံးပြုပစ်ခတ်သည့် ကျည်ဆန် ဖြစ်ကြောင်း ဒေသလုံခြုံရေးအဖွဲ့ တာဝန်ရှိသူတို့က ပြောသည်။ ယင်းကျည်ဆန်များ တွေ့ရှိ ချိန်သည် နိုင်ငံတော်၏ အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၏ မကွေးခရီးစဉ်နှင့် တိုက်ဆိုင်နေ သဖြင့် ဝေဖန်မှုများရှိသော်လည်း မည်သည့်မသင်္ကာဖွယ်ရာ တစ်စုံ တစ်ခုမျှ   မတွေ့ရှိကြောင်း ဒုရဲမှူးစိုးသိမ်းထွန်းကပြောသည်။

No comments:

Post a Comment